အနည်းလိုအာဟာရအကြောင်း တစေ့တစောင်း
ဓာတ်မြေဩဇာ ဈေးကွက်ထဲမှာ မြေဩဇာများကို အမျိုးအစားစုံလင်စွာ ရောင်းချနေတာတွေ့ရပါတယ်။ ရောင်းတဲ့ မြေဩဇာ မှာ NPK ဘယ်လောက်ပါတယ်။ အနည်းလိုအာဟာရ ဘယ်နှစ်မျိုး ထည့်ထားတယ်ဆိုတာကိုလဲ ဖော်ပြ ထား ကြပါတယ်။ ဈေးနှုန်းကလဲ အမျိုးမျိုးပါပဲ။ အနည်းအများရှိကြပါတယ်။ အဲဒီလို အထွေထွေ အများအပြား ထဲမှ မိမိအတွက်လိုမယ်ထင်တာတွေကို ရွေးချယ် ဝယ်ယူကြတာဖြစ်တယ်။ မြေဩဇာကို လျှာနဲ့တို့ကြည့်ပြီး ချဉ်မှဝယ်တဲ့သူ တွေလဲ တွေ့ရဖူးတယ်။ တချို့က NPK ဘယ်လောက်ပါလဲ ကြည့်ဝယ်တယ်။ အနံ့ကို ရှူကြည့်ပြီး အမိုနီယံနံ့ရမှ ကြိုက်တဲ့သူတွေလည်း တော်တော်များပါတယ်။ အလုံးမာတာကို ရွေးချယ်ဝယ်ယူတာတွေလဲ ထူးထူးခြားခြား တွေ့ရ တတ်ပါတယ်။ တကယ်တော့ သုံးစွဲမယ့် မြေဩဇာဟာ မိမိစိုက်မယ့်သီးနှံနဲ့ ကိုက်ညီဖို့လိုပါတယ်။ မိမိရဲ့ လက်တွေ့ ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် အာဟာရပါတဲ့ မြေဩဇာကိုဝယ်ဖို့ လိုပါတယ်။ သုံးစွဲသူ တော်တော် များများကတော့ နိုက်ထရိုဂျင် (N) ဟာ အပင်ဖြစ်စေတယ်။ အကိုင်းအခက်၊ အရွက်များ ဝေဆာစေတယ်။ ဖေါ့စဖိတ် (P) က အသီးအပွင့်အားပေးတယ်။ ပိုတက်စီယံ (K) ဟာ အရည်အသွေးအတွက်လိုတယ်။ ပိုးမွှား ရောဂါဒဏ် ခံနိုင်ရည် ရှိစေ တယ်။ ရေဝပ်၊ ရေငတ်ဒဏ် ခံနိုင်ရည်ရှိစေတယ် စသဖြင့် သိရှိကြပါတယ်။ NPK ဆိုတာတွေက အပင်အတွက် အများလိုတဲ့ အာဟာရတွေပါ။ အနည်းလိုအာဟာရနဲ့ ပတ်သက်လို့ကတော့ သုံးစွဲသူတွေက ပြည့်ပြည့်စုံစုံ သိရှိမှု နည်းသေးတာကို တွေ့ရပါတယ်။ မြေဩဇာသုံးစွဲသူများ မြေဩဇာ (အာဟာရ) ကို မှန်ကန်စွာ ရွေးချယ်သုံးနိုင်ဖို့ အထောက်အကူဖြစ်စေဖို့ အာဟာရအကြောင်း ဆွေးနွေးဖော်ပြ ချင်ပါတယ်။
အပင်အာဟာရ(၁၆)မျိုး
အပင်အာဟာရ (၁၆) မျိုးရှိပါတယ်။ ကာဘွန်(C)၊ ဟိုက်ဒရိုဂျင် (H2) နဲ့ အောက်စီဂျင်(O2) လေနဲ့ရေမှ တစ်ဆင့် အပင်က အလွယ်တကူရပါတယ်။ အပင်က အစာချက်ဖို့ အဓိကလိုတဲ့ ကုန်ကြမ်း(၃)မျိုး ဖြစ်ပါတယ်။ အပင်ရဲ့ အစာ အတွက်လိုတဲ့ အခြားအာဟာရတွေကတော့ နိုက်ထရိုဂျင် (N)၊ ဖာစဖရပ် (P) ပိုတက်စီယံ(K)၊ ကယ်လ်စီယံ(ထုံး) (Ca)၊ မက်ဂနီစီယံ(Mg)၊ ကန့် (S)၊ ဘိုရွန်(B)၊ ကြေးနီ(Cu)၊ သံဓာတ်(Fe)၊ မင်းဂနိ(Mu)၊ မိုလစ်ဒီနံ(Mo)၊ သွတ်(Zn) နဲ့ ကလိုရင်း(Cl) တို့ဖြစ်ပါသည်။ အထက်ကဖော်ပြတဲ့ အာဟာရ (၁၆) မျိုးအပြင် မရှိမဖြစ်မဟုတ်သော် လည်း အကျိုးပြု အဖြစ်သတ်မှတ်ထားတဲ့ အာဟာရကုန်ကြမ်းတွေ ရှိပါသေးတယ်။ အဲ့ဒါတွေကတော့ နီကယ်၊ ကိုဘော့ နဲ့ ဆိုဒီယံ ဖြစ်ပါတယ်။
အနည်းလိုအာဟာရတွေ
အပင်ရဲ့လိုအပ်ချက် အနည်းအများပေါ်အခြေခံ၍ အာဟာရတွေကို အနည်းလိုနဲ့ အများလိုလို့ သတ်မှတ်ပါတယ်။ အနည်းလိုအာဟာရတွေကတော့ ဘိုရွန်၊ ကြေးနီ၊ သံ၊ မင်းဂနိ၊ မိုလစ်ဒီနမ်၊ သွပ်နဲ့ ကလိုရင်းတို့ဖြစ်ပါတယ်။
တစ်ခြား အများလိုအာဟာရတွေနဲ့ နှိုင်းယှဉ်ရင်လဲ အပင်မှာအနည်းလိုအာဟာရလိုတာဟာ အင်မတန် နည်းပါတယ်။ သီးနှံပင် အခြောက်အလေးချိန်မှာ မိုလစ်ဒီနမ် နဲ့ နိုက်ထရိုဂျင်ပါဝင်တဲ့ အချိုးအစားဟာ ၁ : ၁၀၀၀၀ ရှိပါတယ်။ အဲ့ဒီလို အနည်းငယ်မျှသာ လိုအပ်ပေမယ့် ဒီအာဟာရတွေထဲက တစ်ခုခုသာလိုအပ်သလောက် မရခဲ့ရင် အပင်ဟာ ဖြစ်ထွန်းထွက်ရှိမှု အပြည့်အဝမရနိုင်ပါဘူး။ NPK တို့လိုပဲ မရှိမဖြစ်အာဟာရ (Essential element) ပါ။ သူတို့ထဲက တစ်ခုခုချို့တဲ့ရင် အခြားတစ်ခုအစားထိုး လုပ်လို့မရပါဘူး။ သံဓာတ်ချို့တဲ့ရင် သံဓာတ်ဖြည့်မှရပါတယ်။ သွတ်ဓာတ်နဲ့ အစားဖြည့်လို့ မရပါဘူး။ သူတို့ဟာ အပင်ရဲ့သက်တမ်းတစ်လျှောက် ဇီဝကမ္မဖြစ်စဉ် (Phyiological prosess) တွေမှာ တစ်ခုခုနဲ့ဆက်စပ် ပါဝင်နေတာဖြစ်ပါတယ်။ ပိုမိုထူးခြားတာကတော့ သူတို့ဟာ နည်းနည်းနဲ့ အပင်အတွက် အကျိုးရှိစေတာဖြစ်ပြီး များသွားတာနဲ့ အပင်ကို ဆိုးကျိုးသက်ရောက်မှု (negative effect) ဖြစ်စေပါတယ်။ ထင်ရှား တဲ့ သာဓကတစ်ခုကတော့ ရေဝပ်လယ်မြေ အချဉ်ဓာတ်လယ်မြေတွေမှာ ရေလှောင်တာကြာသွားရင် သံဓာတ်တွေ ပျော် ဝင်တာများပြီး အပင်အမြစ်က စုပ်ယူတာများသွားတာကြောင့် စပါးမှာ သံဆိပ်သင့်တာ (နီတို) ဖြစ်ပါတယ်။
မြေဆီလွှာအတွင်း အနည်းလိုအာဟာရရှိနေမှု
မြေဆီလွှာမှာ သံဓာတ်ကလွဲရင် အခြားအာဟာရတွေ ပါတာအလွန်နည်းပါတယ်။ နည်းနည်းလိုတဲ့ အာဟာရတွေပဲ မြေထဲမှာရှိတာနဲ့ မလုံလောက်ဘူးလားလို့ မေးစရာရှိပါတယ်။ မြေထဲမှာရှိတိုင်း အပင်လိုတာနည်းပေမယ့် မရနိုင်တဲ့ အခြေအနေတွေရှိပါတယ်။ ကန့်သတ်ချက်တွေရှိပါသေးတယ်။ အဲဒီထဲမှာ စိုက်မယ့် သီးနှံအမျိုးအစား/ သီးနှံမျိုးကွဲ၊ မြေအတန်းအစား၊ ဩဂဲနစ်ပါဝင်မှု၊ သီးနှံအမြစ် ထိုးဖောက်ပြန့်ပွားမှု၊ မြေချဉ်ငံကိန်း စတာတွေပါဝင်ပါတယ်။ မြေချဉ်ငံအခြေအနေ ပြောင်းလဲတာကြောင့် အပင်အာဟာရ ရရှိမှုပြောင်းလဲပါတယ်။
မိုလစ်ဒီနံကလွဲလို့ ကျန်တာတွေက အချဉ်ဘက်ပါတဲ့ မြေတွေမှာ ရနိုင်မှုများပါတယ်။ မိုလစ်ဒီနံကတော့ အချဉ်ဓာတ်ကဲ တဲ့မြေမှာ ရနိုင်မှုနည်းပါတယ်။
အနည်းလိုအာဟာရ တစ်ခုစီရဲ့ ဆောင်ရွက်စွမ်းဆောင်မှု (Function) တွေကိုလည်း ဆက်လက် ဖော်ပြပေးသွားပါ့ မယ်။
ဦးကျော်စိုး (soil scientist)
ကိုချမ်း
လွန်ခဲ့သော ၅ နှစ် ကကျေးဇူးပါဆရာ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ
နံပတ်2 • ဖြေကြားချက် 4 ခု
Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား
Khing Hein • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026