အာဟာရချို့တဲ့ပြသနာနဲ့ ရွက်ဖျန်းဆေးများ
ရွက်ဖျန်းအားဆေး အသုံးပြုခြင်းသာလျှင် အာဟာရချို့တဲ့ပြသနာကို အလျှင်မြန်ဆုံးနဲ့ အထိရောက်ဆုံး ဖြေရှင်း ပေးနိုင်မယ့် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ ချို့တဲ့နေတဲ့အာဟာရဓါတ်တစ်မျိုး သို့မဟုတ် တစ်မျိုးထက် ပိုတဲ့ အာဟာရဓါတ်များကို ရွက်ဖျန်းအားဆေးရည် ဖျော်စပ်မှုပုံစံအတွင်း ရောစပ်ထည့်သွင်းရုံနဲ့ အာဟာရချို့တဲ့ ပြသနာဟာ ရက်အနည်းငယ်အတွင်း သိသိသာသာ သက်သာသွားစေနိုင်ပါတယ်။ အချို့မြေများမှာ အာဟာရဓါတ် များဟာ အပင်မြစ်များကနေ အလွယ်စုပ်ယူမရနိုင်တဲ့ပုံစံနဲ့ ရှိနေတတ်ပါတယ်။
ဥပမာ - ဖော့စေဖာရပ် (P) ဆိုရင် မြေထဲက ရွှံ့လွှာများ အတွင်းမှာ ပိတ်မိ/ ကပ်ငြိသွားတတ်တဲ့ သဘောသဘာဝ ရှိတာမို့ မိမိကျွေးလိုက်သလောက် အပင်ကအကျိုးအာနိသင် မရရှိနိုင်တဲ့ပြသနာ ရှိတာကြောင့် သီးနှံအထွက်ကို သိသာစွာ ထိခိုက်စေတတ်ပါတယ်။ ရွက်ဖျန်းအားဆေးပုံစံနဲ့ သုံးမယ်ဆိုရင်တော့ အဆိုပါပြသနာများ မရှိတော့ သလို အလဟသ မြေထဲမှာပိတ်မိသွားမယ့် P ပမာဏကို လျှော့ချနိုင်မှာမို့ စားရိတ်စားက သက်သာစေမယ့်အပြင် နောက်ပိုင်းမှာ Eutrophication လို့ခေါ်တဲ့ P များ မြေနဲ့ မြေအောက်ရေအတွင်း စုပုံလာတဲ့အတွက်ကြောင့် ဖြစ်ရ တဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုပြသနာကိုပါ လျော့ပါးစေနိုင်ပါတယ် (ဒီ Eutrophication အကြောင်းကို သီးသန့်တစ်ပုဒ် ရေးသားမျှဝေမှာမို့ ဒီနေရာမှာ အကျယ်မရှင်းတော့ပါ)။
သီးနှံပင် အာဟာရဓါတ်လိုအပ်ချက်ဟာ ကြီးထွားမှု အဆင့်ဆင့်ကိုလိုက်ပြီး တစ်ချိန်နဲ့တစ်ချိန် မတူညီနိုင်ပါ။ အာဟာရဓါတ်များ မြေအတွင်းမှာ အလျှံပယ်ရှိနေချိန်မှာတော့ သီးနှံပင်မှ လိုအပ်ချင်မှလိုအပ်မှာဖြစ်သလို မြေ တွင်းအာဟာရဓါတ်များ နည်းပါးနေချိန်မှာ သီးနှံမှလိုအပ်ချိန်နဲ့ တိုက်ဆိုင်ချင် တိုက်ဆိုင်နေတတ်ပါတယ်။ ဒါ ကြောင့် အပင်ရဲ့ ဇီဝစက်ဝန်းကို စောင့်ကြည့်ပြီး ကြီးထွားမှုအဆင့်အလိုက် အာဟာရဓါတ်လိုအပ်ချက်ကို အချိုး အစားမှန်ကန်စွာနဲ့ အချိန်မီပေးနိုင်မှသာလျှင် ကုန်ကျစရိတ်အသက်သာဆုံးနဲ့ အထွက်နှုန်းအမြင့်ဆုံးကို ရနိုင်ပါ မယ်။
ရွက်ဖျန်းအားဆေးများကို အပင်ရဲ့လိုအပ်ချက်ပေါ်လိုက်ပြီးတော့ အနည်းလို/ အများလို အာဟာရဓါတ်များကို တစ်မျိုးတည်းသော်လည်းကောင်း၊ တစ်မျိုးထက်ပိုတဲ့ ဖျော်စပ်မှုပုံစံနဲ့သော်လည်းကောင်း ဖော်စပ်အသုံးပြုနိုင်ပါ တယ်။ အနည်းလိုအာဟာရဓါတ်များဟာလည်း အပင်အထွက်နှုန်းကောင်း ရရှိရေးအတွက် အဓိကကျပါတယ်။ အနည်းလိုအာဟာရဓါတ် ချို့တဲ့ပြသနာများကို ဖြေရှင်းရာမှာ ရွက်ဖျန်းအာဟာရရည်ပုံစံနဲ့ လွယ်ကူစွာ ပြန်လည် ဖြည့်တင်းနိုင်တာကြောင့် မြေသြဇာနဲ့ အာဟာရဓါတ်ကျွေးနည်း စနစ်များထဲမှာ အကောင်းဆုံးနည်းလမ်း တစ်ခု အဖြစ် တွင်ကျယ်စွာ အသုံးပြုလာနေကြပါတယ်။
အကျိုးခံစားရခြင်း
ရွက်ဖျန်းအားဆေးရည်များနဲ့ မြေအတွင်းတိုက်ရိုက်ကျွေးရတဲ့ မြေသြဇာများကို နှိုင်းယှဉ်ကြည့်ပါက အားသာချက် များစွာ တွေ့နိုင်ပါတယ်။ မြေအတွင်း ဆုံးရှုံးပျောက်ကွယ်ခြင်းပြသနာ လုံးဝမရှိဘဲ အပင်မှ အကျိုးရှိစွာ စုပ်ယူစား သုံးနိုင်ခြင်းနဲ့ အာဟာရဓါတ် ချို့တဲ့ဝေဒနာခံစားနေရတဲ့ အပင်များကို လွယ်ကူလျှင်မြန်စွာ ထိရောက်စွာ ကုစား ပေးနိုင်ခြင်းဆိုတဲ့ အားသာချက်ကတော့ အသိသာအထင်ရှားဆုံးပဲ ဖြစ်ပါတယ်။ အောက်ပါဇယားမှာ ရွက်ဖျန်း အားဆေး တစ်ဆကျွေးခြင်းရဲ့ အကျိုးအာနိသင်ဟာ မြေအတွင်းတိုက်ရိုက်ထည့်ရတဲ့ မြေသြဇာ အဆများစွာ ကျွေးရခြင်းနဲ့အတူတူပဲဖြစ်တယ် ဆိုတာကို ဇယားမှာ အကိုးအကားများနဲ့ ဖော်ပြထားပါတယ်။
အာဟာရဓါတ်များကို အစိုင်အခဲအနေနဲ့မဟုတ်ဘဲ အရည်ပုံစံနဲ့ ဖျော်စပ်ဖြန်းပက်ခြင်းဖြင့် ပျော်ရည် တွင်ပါဝင် သော အိုက်ဆိုတုပ်စ် (isotopes) များကို အပင်ကနေ လျှင်မြန်စွာ စုပ်ယူအသုံးချနိုင်တဲ့ပုံစံကို ပြောင်းလဲ သွားစေ ပြီး မြေသြဇာအလုံးအခဲများအဖြစ် ကျွေးခြင်းထက် ၁၂-၁၀၀ ဆ ပိုမိုအကျိုးဖြစ်ထွန်းစေတာကို တွေ့ရပါတယ်။ အရည်ပုံစံနည်းနဲ့ တိုက်ရိုက်ဖျော်စပ် ဖျန်းပက်လိုက်တာကြောင့် မြေတွင်းအစိုဓါတ်မှာ ပျော်ဝင်ဖို့ရာ သီးသန့် အချိန် ယူစရာမလိုတော့ဘဲ အပင်ကနေ လျှင်မြန်စွာစုပ်ယူနိုင်တာကြောင့် အလေအလွင့်နည်းပါးသွားသလို မြေထဲမှာရှိနေ တတ်တဲ့ ကာဗွန်နိတ်၊ ဘိုင်ကာဗွန်နိတ်၊ ဟိုက်ဒြောဆိုဒ် စတဲ့ဓါတ်ဆားများနဲ့ လျှင်မြန်စွာ ပေါင်းစပ်ဓါတ်ပြုသွား ခြင်းကြောင့် အပင်မှ မစုပ်ယူလိုက်နိုင်တဲ့ပြသနာကို ရှောင်ရှားနိုင်ပါတယ်။အရည်ပုံစံနဲ့သုံးပါ
သတိပြုစရာတစ်ခုကတော့ အာဟာရရွက်ဖျန်းဆေးအဖြစ် သုံးမယ်ဆိုရင် အခြားသောပိုးသတ်ဆေး၊ ပေါင်းသတ် ဆေးများနဲ့ တွဲဖက်သုံးတဲ့အခါ မူလအာနိသင်မပြောင်းလဲဘဲ တည်ရှိနေနိုင်သလားဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ ရွက်ဖျန်းအားဆေးအဖြစ် သီးသန့်ဖော်စပ်အသုံးပြုဖို့ အဆင့်မြင့်နည်းပညာများနဲ့ ဆန်းသစ် ထုတ်လုပ်ထားတဲ့ အနည်းလို/အများလိုအာဟာရဓါတ်များနဲ့ ပိုးသတ်ဆေးများရှိနေပြီမို့ လွယ်ကူစွာ စိစစ်မေးမြန်း ဝယ်ယူအသုံးနိုင်ပါပြီ။
မိုးအိမ်(Bag 2008)
ကိုချမ်း
လွန်ခဲ့သော ၅ နှစ် ကကျေးဇူးပါ ခင်ဗျာ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ
နံပတ်2 • ဖြေကြားချက် 4 ခု
Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား
Khing Hein • ဖြေကြားချက် 1 ခု
အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ
Phyo Zaw Hein • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026