ဝါးပင်များကို သဘာဝမြေသြဇာကျွေးခြင်း
အရည်အသွေးနှင့် အထွက်နှုန်းကောင်းစေရန် ဝါးပင်များကို မြေသြဇာထည့်သွင်းပေးနိုင်ပါက ပိုမိုဖြစ်ထွန်းပါသည်။ လောလောလတ်လတ် ခုတ်ထားသည့် ဝါးငုတ်တိုအတွင်းသို့ မြေသြဇာထည့်သွင်းပေးနိုင်ပါကလည်း အကျိုးရလဒ် အမြင့်ဆုံးကို ရရှိစေမည်ဖြစ်ပါသည်။
ထိုသို့ပြုလုပ်ခြင်းဖြင့်...
(၁) မျှစ်များ အာဟာရဓာတ်ရရှိပြီး ကြီးထွားစေရန် မိခင်ဝါးပင်အား အကူအညီပေးသည်။
(၂) ဝါးငုတ်ဆွေးမြေ့မှု မြန်ဆန်စေပြီး မျှစ်အသစ်ထွက်ရှိရန် နေရာရရှိစေသည်။
(၃) ဝါးငုတ်ဆွေးမြေ့မှုကြောင့် ရောဂါဖြစ်စေသော မှိုနှင့် ဘတ်တီးရီးယားများ မပေါက်ဖွားနိုင်ဘဲ အကျိုးပြုဘတ်တီးရီးယားများ ပေါက်ဖွားမှုကို အားပေးသည်။
ပြုလုပ်နည်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
နည်းလမ်း (၁)
ဝါးပင်ခုတ်သိမ်းပြီးပါက ငုတ်တိုတို ပထမဆုံးအဆစ်အထက်တွင် လွှဖြင့်ဖြတ်ပြီး အဆစ်ကို သင့်တော်သော ကရိယာဖြင့် အပေါက်ဖောက်ရမည်။ ဝါးခေါင်းအတွင်းသို့ သဘာဝမြေသြဇာ/မြေဆွေးထည့်ပြီး ဝါးငုတ်တိုအပင်မျက်နှာပြင်ကို မြေကြီးဖြင့် ဖုံးအုပ်ပေးရမည်။
နည်းလမ်း(၂)
ကြက်ဆူပဲဖတ်(သို့) မုံညှင်းပဲဖတ် (၅) ကီလိုနှင့် နွားချေး ၃ ကီလိုကို ရေ (၅၀) ဂါလံတွင်ထည့်၍ (၁၄) ရက်ခန့် အပုပ်ခံပြီး အရည်နှင့်အဖတ်များအား ဝါးပင်ခြေတွင် လောင်းပေးခြင်းဖြင့် ဝါးပင်ဖွံ့ဖြိုးလာစေသည်။ အထက်ပါနည်းအတိုင်း ဝါးငုတ်တိုအတွင်းသို့လည်း ထည့်ပေးပြီး မြေကြီးဖုံးထားပေးနိုင်ပါသည်။
နည်းလမ်း (၃)
နွားကျင်ငယ်ရေ (၁) လီတာကို ပုံး/ ခွက်တွင်ထည့်၍ အဖုံးဖုံးပြီး (၃) ရက်ခန့်ထားရမည်။ ချင်း (သို့) နနွင်း (သို့) မိတ်သလင် လက်တစ်ဆုပ်စာကို ထုထောင်းထားပြီး စျေးများမှ စွန့်ပစ်အသီး (သင်္ဘောသီး၊ ခရမ်းချဉ်သီး၊ ငှက်ပျောသီး၊ ပန်းသီး၊ နာနာတ်သီး) ၁ ကီလိုကို ချေမွှ၍ အနှစ်ရအောင် ပြုလုပ်ရမည်။ (ရှောက်သီး၊ သံပုရာသီး၊ လိမ္မော်သီး အသုံးမပြုရပါ) အထက်ဖော်ပြပါ ပစ္စည်းများကို သမအောင်မွှေပြီး ပုံးတွင်ထည့်၍ ဖုံးထားရမည်။ အထက်ပါ ဖျော်ရည် (၁၀) လီတာတွင် သကာရည် (သို့) သကြားဟင်းစားဇွန်း (၁) ဇွန်း (သို့) ထန်းလျက် (၃ – ၄ ) ခဲရောထည့်ပြီး (၃) ရက်ထားရမည်။
ယင်းဖျော်ရည် (၁) ဆကို ရေ (၁၀) ဆ ရောပြီး ဝါးပင်ခြေတွင် ပက်ဖျန်းပေးနိုင်သည်။ ကြွေကျသောဝါးရွက်၊ ဝါးကိုင်းများနှင့် ပတ်ဝန်းကျင်ရှိ သစ်ရွက်များကို စုပုံ၍ ဝါးရုံပတ်ဝန်းကျင်မှ ခြစ်ယူထားသော အပေါ်ယံမြေများနှင့် ရောနှောပြီး ဝါးပထမအဆစ်မြုပ်သည့်အထိ ဖုံးအုပ်ပေးခြင်းဖြင့် မိုးရာသီရောက်သည့်အခါ ဆွေးမြေ့ပြီး ဝါးပင်အတွက် မြေသြဇာ ရရှိသည်။
ရတနာစိုး (ဂေဟစနစ်ဖြင့် ဝါးပင်များ ရှင်သန်ဖွံ့ဖြိုးစေဖို့)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 4 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်
လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု
ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ
Khing Hein • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026