အရည်သွေးကောင်းသီးနှံတွေထုတ်လုပ်ဖို့ ပိုတက်စီယမ်မြေဩဇာကျွေးကြစို့
ပိုတက်စီယမ်က သီးနှံစိုက်ပျိုးထုတ်လုပ်ရေးအတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်(၁၇)မျိုးထဲမှာပါဝင်တဲ့ အများလိုအာဟာရဓာတ်တစ်ခုဖြစ်ပြီး အပင်ကြီးထွားဖွံ့ဖြိုးရန်နှင့် မျိုးပွားရန်အတွက် လိုအပ်ပါတယ်။ ပိုတက်စီယမ်က ကမ္ဘာ့အပေါ်ယံလွှာမှာ အလေးချိန်အားဖြင့် ၂.၁ ရာခိုင်နှုန်းခန့် ပေါများစွာတွေ့ရပါတယ်။ အပင်က ပိုတက်စီယမ်ကို K+ အနေနဲ့စုပ်ယူပေမယ့် ဓာတ်မြေဩဇာတွေမှာတော့ ပိုတက်စီယမ်ပါဝင်မှုကို ပိုတက်ရှ် K2O အနေနဲ့ပဲ ဖော်ပြကြပါတယ်။ ပိုတက်စီယမ်သည် အပင်ကြီးထွားမှုနဲ့ မျိုးပွားဖို့အတွက် အပင်ရဲ့ လုပ်ငန်းဆောင်တာအားလုံးနီးပါးမှာ မရှိမဖြစ်လိုအပ်ပါတယ်။
ပိုတက်စီယမ်က အပင်ရဲ့ကျန်းမာရေးကို ကောင်းစေသလို ရောဂါပိုးမွှားတွေကို ကာကွယ်ပေးတဲ့အတွက် quality nutrient (အရည်အသွေကောင်းမွန်စေသော အာဟာရဓာတ်)အဖြစ် ခေါ်ဆိုကြပါတယ်။ ထို့ကြောင့် ပိုတက်စီယမ်ကို လုံလောက်စွာထည့်သွင်းပေးပါက ပိုးမွှားရောဂါကျရောက်မှုသက်သာခြင်း၊ သဘာဝဘေးဒဏ်များကြောင့် သီးနှံများအလေအလွင့် အဆုံးရှုံးနည်းခြင်း၊ အရည်သွေးကောင်းမွန်သော သီးနှံများထုတ်လုပ်နိုင်ခြင်း စသော အကျိုးကျေးဇူးများကို ရရှိစေမှာဖြစ်ပါတယ်။ ပိုတက်စီယမ်က သီးနှံအရွယ်အစား၊ ပုံသဏ္ဍန်၊ အရောင်နှင့် သန်းစွမ်းမှု စသောအရည်အသွေးများကို သက်ရောက်မှုရှိပြီး ဝါတွင် ချည်မျှင်အရည်အသွေးကို ကောင်းမွန်စေပါတယ်။
ပိုတက်စီယမ်ရရှိနိုင်သော အရင်းအမြစ်များ
မြန်မာနိုင်ငံမှာတွေ့ရတဲ့ ပိုတက်စီယမ်ပါဝင်တဲ့ ဓာတ်မြေဩဇာတွေကတော့ ပိုတက်စီယမ်ကလိုရိုဒ် (KCL)နှင့် ပိုတက်စီယမ်ဆာလဖိတ် (K2SO4) တို့ဖြစ်ပါတယ်။ ပိုတက်စီယမ်ကလိုရိုဒ်က အများဆုံးသုံးတဲ့မြေဩဇာဖြစ်ပြီး ၎င်းတွင် ပိုတက်စီယမ် ၆၂% နှင့် ကလိုရင်း ၃၅.၅% ပါဝင်ပါတယ်။ ကလိုရင်းသည် အပင်အတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်တစ်ခုဖြစ်သော်လည်း ၎င်းမြေဩဇာတွင် ကလိုရင်းပါဝင်မှုများသောကြောင့် ကလိုရင်းဒဏ် ခံနိုင်ရည်မရှိသော ဆေးရွက်ကြီးကဲ့သို့သီးနှံများတွင် အသုံးမပြုသင့်ပါ။ စပါး၊ ကြံ၊ အုန်း၊ ပြောင်းစသော ကလိုရင်းဒဏ်ခံနိုင်ရည်ရှိသော သီးနှံများတွင်သာ အသုံးပြုသင့်ပါတယ်။ ဤမြေဩဇာတွင် ကလိုရင်းပါဝင်မှုများသောကြောင့် အဆိပ်သင့်နိုင်သဖြင့် ရွက်ဖျန်းမြေဩဇာအဖြစ် အသုံးမပြုသင့်ပါ။
ပိုတက်စီယမ်ဆာလဖိတ်တွင် ပိုတက်စီယမ် K2O ၄၈ မှ ၅၄ ရာခိုင်နှုန်းထိပါဝင်ပြီး ဆာလဖာဓာတ်ကိုလည်း ထောက်ပံ့ပေးပါတယ်။ ကလိုရင်းဒဏ်မခံနိုင်သောသီးနှံများနှင့် ကော်ဖီ၊ ထောပတ်ကဲ့သို့သော တန်ဖိုးမြင့်သီးနှံများတွင် အရည်အသွေးကောင်းမွန်ရန်အတွက် အသုံးပြုကြပါတယ်။ ပိုတက်စီယမ်ကလိုရိုဒ်ထက် စျေးအနည်းငယ်ပိုများပါတယ်။ ထို့ပြင် ပိုတက်စီယမ်ဓာတ်ကို တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းများမှ ရရှနိုင်ပြီး သီးနှံအကြွင်းအကျန်များကို ကောင်းစွာစီမံခန့်ခွဲခြင်းဖြင့် ရရှိနိုင်ပါတယ်။ သီးနှံရာသီအတွင်း ကျွေးလိုက်သောပိုတက်စီယမ်ကို သီးနှံများက စုပ်ယူသကဲ့သို့ အပင်အစိတ်အပိုင်းများကလည်း စုပ်ယူပါတယ်။ စပါးခင်တွင် စပါးရိတ်သိမ်းပြီးနောက် ကောက်ရိုးများကို စိုက်ခင်းထဲသို့ ပြန်လည်ထည့်သွင်းပေးပါက နောက်သီးနှံအတွက် ပိုတက်စီယမ်ဓာတ်ကို ရရှိနိုင်ပါတယ်။
ပိုတက်စီယမ်၏ လုပ်ဆောင်ချက်များ
- အမြစ်ကြီးထွားမှုကို ကောင်းမွန်စေပြီး ခြောက်သွေ့မှုကို ခံနိုင်ရည်တိုးစေပါတယ်။
- အပင်တွင်း cellulose တည်ဆောက်ပေးပြီး အပင်ယိုင်လဲမှုကို လျှော့ချပေးပါတယ်။
- အပင်ကြီးထွားစေတဲ့ အင်ဇိုင်းတွေကို လှုံ့ဆော်ပေးပါတယ်။
- အစာချက်လုပ်ရာမှာ ကူညီပေးပါတယ်။
- အပင်တွင်း သကြားဓာတ်နှင့် ကစီဓာတ်ရွေ့လျားမှုကို ကူညီပေးပါတယ်။
- ကစီဓာတ်ကြွယ်ဝတဲ့ အစေ့အဆံတွေကို ထုတ်လုပ်ပေးပါတယ်။
- အပင်များ၏ ပရိုတိန်းပါဝင်မှုကို တိုးစေပါတယ်။
- ရေဆုံးရှုံးမှု၊ အပင်ညှိုးခြင်းကို လျော့နည်းစေပြီး အပင်ကို ကျန်းမာသန်စွမ်းစေပါတယ်။
- အပင်ရောဂါနှင့် နီမတုတ်ပျံ့နှံ့မှုကို ဟန့်တားပေးပါတယ်။
သီးနှံများမှ ပိုတက်စီယမ်စုပ်ယူမှု
သီးနှံပေါ်မူတည်ပြီး ပိုတက်စီယမ်စုပ်ယူတဲ့အချိန် ကွာခြားမှုရှိပါတယ်။ အပင်များသည် နိုက်ထရိုဂျင်နှင့် ဖော့စဖောရပ်ထက် ပိုတက်စီယမ်ကို ကြီးထွာမှုအစောပိုင်းကာလမှာ စုပ်ယူပါတယ်။ ပိုတက်စီယမ်ကို သီးနှံများ အစေ့အဆံဖြစ်ပေါ်တဲ့အချိန်ကျမှကျွေးတာက မှန်ကန်တဲ့နည်းလမ်းမဟုတ်ပါဘူး။ ပြောင်းသီးနှံသုတေသနတစ်ခုအရ ပြောင်းပင်မိတ်စာထွက်ချိန်မှာ ကျွေးလိုက်တဲ့ ပိုတက်စီယမ်ရဲ့ ၇၀-၈၀ ရာခိုင်နှုန်းကို စုပ်ယူပြီး မိတ်စာထွက်ပြီး ၃-၄ ပတ်အကြာမှာ ၁၀၀% ကို စုပ်ယူပါတယ်။
ပိုတက်စီယမ်ချို့တဲ့သော လက္ခဏာများ
ပိုတက်စီယမ်ချို့တဲ့လျှင် အပင်များသည် ခြောက်သွေ့မှု၊ ရေများခြင်း၊ အပူချိန်နိမ့်ခြင်း၊ မြင့်ခြင်းကို ခံနိုင်ရည်နည်းပြီး ဖျက်ပိုး၊ ရောဂါနဲ့ နီမတုတ်ကျရောက်မှုကို ခံနိုင်ရည်မဲ့ပါတယ်။ ပိုတက်စီယမ်က အပင်ထဲတွင် ရွေ့ လျားနိုင်သော အာဟာရဓာတ်ဖြစ်ပြီး အပင်၏ ရင့်သောအစိတ်အပိုင်းများမှ နုသောအစိတ်အပိုင်းများကို သယ်ပို့ပါတယ်။ ထို့ကြောင့် ပိုတက်စီယမ်ချို့တဲ့သောလက္ခဏာကို အပင်၏ အောက်ရွက်များတွင် စတင်တွေ့ရပြီး ပို၍ချို့တဲ့လာပါက အပင်ထိပ်ပိုင်းများမှာပါ တွေ့နိုင်ပါတယ်။ တွေ့ရများသော ပိုတက်စီယမ်ချို့တဲ့မှုလက္ခဏာမှာအရွက်အနားတစ်လျှောက် မီးလောင်သကဲ့သို့ အဝါရောင်ပြောင်းလာခြင်းဖြစ်ပါတယ်။ ဆိုးရွားစွာချို့တဲ့ပါက အရွက်များကြွေကျလာနိုင်ပါတယ်။ ပဲပုပ်နှင့် ပြောင်းပင်များတွင် အရွယ်မရောက်ခင် အရွက်ကြွေခြင်းခြင်းများဖြစ်နိုင်ပါတယ်။ ပိုတက်စီယမ်ချို့တဲ့သော သီးနှံတွေက ကြီးထွားမှုနှေးပြီး အမြစ်ဖွံဖြိုးကြီးထွားမှုကို နှောင့်နှေးစေပါတယ်။ ပြောင်း၊ စပါး စသော နှံစားသီးနှံများတွင် ပင်စည်အားနည်းပြီး ယိုင်လဲခြင်းဖြစ်စေပါတယ်။ ပိုတက်စီယမ်ပြတ်လပ်လျှင် အပင်မှ နိုက်ထရိုဂျင်ဓာတ်အသုံးချမှုကို နည်းစေရုံသာမက ခြောက်သွေ့မှုကို ခံနိုင်ရည်မဲ့ခြင်း၊ အပင်ယိုင်လဲခြင်း၊ အစာချက်လုပ်မှုကို လျော့နည်းစေခြင်း၊ အပင်အတွင်း ရေ၊ အာဟာရဓာတ်၊ သကြားတို့ ရွေ့လျားမှုကို ကန့်သတ်ပါတယ်။ ထို့ကြောငိ့ ပိုတက်စီယမ်ကို စီးပွားရေးတွက်ခြေကိုက်ဖို့ မှန်ကန်သောနှုန်းထားနဲ့ အသုံးပြုဖို့လိုအပ်ပါတယ်။
မှတ်ချက်။ ပိုတက်စီယမ် ဓာတ်မြေဩဇာကို လွန်ကဲစွာထည့်သွင်းပါက မြေတွင်း မဂ္ဂနီဆီယမ်ဓာတ်ကို ချို့တဲ့စေပါတယ်။ ပိုတက်စီယမ်ကလိုရိုဒ်သည် အပင်နှင့် နီးကပ်စွာကျွေးပါက အပင်လောင်နိုင်သောကြောင့် ခွာ၍ကျွေးပါ။ ပိုတက်စီယမ်မြေဩဇာများစွာအသုံးပြုပါက နိုက်ထရိုဂျင်နှင့် တွဲသုံးပေးပါ။ 

Reference by
https://en.m.wikipedia.org/wiki/Potassium_deficiency_(plants)
https://www.cropnutrition.com/nutrient-management/potassium
https://www.greenwaybiotech.com/blogs/gardening-articles/whats-the-function-of-potassium-k-in-plants
https://www.fertilizerseurope.com
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စပါးပင်နှင့်အာဟာရ
အကြောင်းအရာ 2
ပိုတက်စီယမ်
ဦးခင်ရှိန်
လွန်ခဲ့သော ၅ နှစ် က၇သောင်းတဲ့ကွယ်
ဝင်းသူ
လွန်ခဲ့သော ၅ နှစ် ကအပင်ရဲ့ဘယ်အကာွဝေးလောက်ကျွေးသင့်လဲ
Soe Moe Aung
လွန်ခဲ့သော ၅ နှစ် ကအသုံးဝင်ပါတယ် ကျေးဇူးတင်ပါ ပိုတက်စီယမ် အလွယ်ရနိုင်မည့် နည်းလမ်းလေး တင်ပေးပါအုံး
Nay Lin Tun
လွန်ခဲ့သော ၅ နှစ် ကပြောပြပေးပါ
Nay Lin Tun
လွန်ခဲ့သော ၅ နှစ် ကဘာမြေသြဇာသုံးရမလဲ
ဆက်စပ်မေးခွန်းများ
ပန်းပွင့်တေဒီလိုဖစ်သွားပါဗျာ
ကိုချမ်း • ဖြေကြားချက် 2 ခု
မိုးရွာနေတာ ၄ရက်မြောက်ေန့ပါခါးရိ မြစ်ပုပ် လည်လိမ်စပီးတွေ့နေရပါပီဆရာ ဆေးက၃ကြိမ်၄ကြိမ်လောက်လိုက်ရတော့မှာပါ သိချင်တာက ဘယ်ဆေးအတွဲတေကို ဘယ်နှစ်ရက်ခြားလိုက်ရမလဲ ပီးတော့ တွဲလိုက်လို့ရမည့်ဆေးတေကိုတွဲပေးပါ မိုးကရပ်ဖို့မမြင်သေးလို့ပါဆေးတွေက ကော့ပါးကာဆူမင်အတွဲ ဖိုစ့်တိုင်းအလူမီနီယမ် မက်တယ်လဇီး ပါရာကိုစတိုဗင် အဲ့တာတေရှိပါတယ်ဘယ်ကနေစဖျန်းရမယ်ကိုမသိတော့လို့ပါ
sithuaung • ဖြေကြားချက် 1 ခု
မိုးများ အောက်တက်များပြီး အပင်ကစိမ့်စွဲနေသလိုဖြစ်နေတာ အပင်အကြီးမြန်စေချင်တာပါ TBI 9 မိုလို့ပါ အဲ့တာဘာဆေးသုံးရမလဲ ခင်ဗျာ။တစ်ချို့အပင်တွေကလဲ အညွှန့်တွေလိပ်ပြီးမတက်ဘူးဖြစ်နေတယ်ဗျာ။ဆေးနည်းကောင်းလေးညွန်ပေးပါ။
ကိုနိုင်လင်းထက် • ဖြေကြားချက် 1 ခု
စပါးပင်များကိုနွားသေးနင့်စပါးခွံပေါင်းခံရေရောသုံးရင်ရမလားပေါင်းခံရေမရင်စက်ဖွဲပြာကိုရေစိမ်ပြီးရလာတဲ့စစ်ရေနဲ့ရောသုံးရင်အဆင်ပြေမဘးလားဆရာ။
U Win Zaw • ဖြေကြားချက် 1 ခု
မတ်ပဲ စိုက်ပီးသား ၁လခွဲလောက်ရှိပီး မိုးရွာတော့ အားဆေး မထိုးတတ်ဘူး ဖစ်နေတယ် ဓာတ်ဆား ပတ်လို့ အဆင်ပြေပါ့မလားဗျ
Sa Paing Ko Ko Win • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၆)
10/11/2026
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
More from အေးပွင့်ဖြူ
အားလုံး
စားနပ်ရိက္ခာဖူလုံဖို့ ဒေသမျိုးတွေ ထိန်းသိမ်းစို့
27/12/2021
သတိထားစားသုံးသင့်သော ပိုးသတ်ဆေးဓာတ်ကြွင်းအများဆုံး သီးနှံ (၁၁) မျိုး
07/12/2021
စိုက်ခင်းထဲက မိတ်ဆွေးပိုးတွေကို ဘာကြောင့်ထိန်းသိမ်းသင့်သလဲ
06/11/2021
စီးပွားဖြစ် တစ်သျှုးငှက်ပျောစိုက်ပျိုးနည်းစနစ်
27/10/2021
မုန်ညှင်းမျိုးနွယ်ဝင်အပင်တွေမှာ ဆိုးရွားစွာကျရောက်တဲ့ သံချေးဖြူရောဂါ
21/10/2021