အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သီးနှံအကြွင်းအကျန်များကိုအသုံးပြု၍ မြေဆွေးပြုလုပ်ရာတွင် သတိပြုရမည့် အချက်များ

သီးနှံအကြွင်းအကျန်များကိုအသုံးပြု၍ မြေဆွေးပြုလုပ်ရာတွင် သတိပြုရမည့် အချက်များ

Green Way
Green Way • 24/08/2023

စပါးခွံ၊ ကောက်ရိုး၊ ပေါင်းမြက်၊ ကြက်ဆူစေ့အခွံ၊ ကြက်ဆူကြိတ်ဖတ်၊ နှမ်းရိုး၊ ပဲရိုး၊ကောက်ရိုး၊ ပြောင်းဖူးရိုးစသည်တို့ကို အဓိကအသုံးပြု၍ သဘာဝမြေဩဇာပြုလုပ်နိုင်ပါတယ်။ ကုန်ကျငွေနည်းပါးသည့်အပြင် အလွယ်တကူရရှိခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကိုပါ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုခြင်းတို့ကပါ ရရှိစေနိုင်တဲ့ အကျိုးတွေရရှိပါလိမ့်မယ်။

ဘယ်လိုတွေမြေဆွေးပုံလုပ်ပြီး ဘာတွေသတိထားရမယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

(က) မြေဆွေးပုံတွင်အသုံးပြုမည့်ပစ္စည်းများကို တစ်ထပ်စီထပ်ကာ အလွှာလိုက်ပုံရမည်။

(ခ) အလွယ်တကူဆွေးမြည့်သော စွန့်ပစ်ပစ္စည်းများကို အောက်ဆုံးအလွှာတွင်ထားရမည်။

(ဂ) အလွှာတစ်လွှာချင်းစီ၏အထူသည် (၈) လက်မထက်မပိုသင့်ကပ။

(ဃ) တစ်လွှာနှင့်တစ်လွှာအကြားတွင် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ (ဥပမာ - ကျွဲ၊ နွား၊ ၀က်၊ ကြက်၊ ဘဲ၊ ဆိတ်၊ သိုးစသည်တို့၏ စွန့်ပစ်ပစ္စည်းများ) ထည့်ပေးလျှင် ပို၍ ကောင်းသည်။

(င) မြေဆွေးပုံ၏ အမြင့်နှင့် အကျယ်မှာ ၄-၅ ပေထက် မပိုသင့်ပေ။

(စ) မြေဆွး ပြုလုပ်ရန်အသုံးပြုသော စွန့်ပစ်ပစ္စည်းများပေါ်မူတည်၍ မြေဆွးပုံ၏အရှည်ကို နှစ်သက်သလိုထားနိုင်ပါသည်။

(ဆ) မြေဆွေးပြုလုပ်ရာတွင် လေရရှိရန် လိုအပ်သောကြောင့် မြေဆွးပုံအတွင်းသို့ လေဝင်လေထွက် ရရှိစေရန် ၀ါးများကို အပေါက်ဖောက်၍ ထည့်ထားပေးသင့်သည်။

(ဇ) အပူချိန်တက်လာသည်နှင့်အမျှ မြေဆွေးနှုန်းမြန်လာသည်။

(စျ) တစ်လခန့်ကြာလျှင် အထက်အောက်လှန်ပေးခြင်းကို တစ်ကြိမ်ပြုလုပ်ပေးရမည်။ လိုအပ်ပါက မြေဆွေးပုံကို ရေထပ်လောင်းပေးရပါမည်။ အစိုဓာတ်များပါကလည်း မြေဆွေးပုံကျစ်၍ မာသွားတတ်သဖြင့် ရေလောင်းရာ၌ အစိုဓာတ်မများစေရန် သတိပြုရမည်။

(ည) မြေဆွေးပုံအတွင်း အစိုဓာတ်နှင့် အပူချိန်ကို ထိန်းနိုင်ရန် မြေဆွေးပုံကို ငှက်ပျောရွက် (သို့မဟုတ်) ပလပ်စတစ်များဖြင့် ဖုံးအုပ်ပေးထားရမည်။

(ဋ) မြေဆွးပုံ၌ အစိုဓာတ်အလွန်များလာလျှင် အထက်အောက်လှန်ပေးခြင်း (သို့မဟုတ်) စွန့်ပစ်ပစ္စည်းများ ထပ်မံဖြည့်ပေးခြင်းဖြင့် ပြုလုပ်နိုင်သည်။

(ဌ) သုံးလခန့်ကြာလျှင် မြေဆွးပုံသည်အသုံးပြုရန် အသင့်အနေအထားသို့ ရောက်ရှိလာမည်။

Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း

နံပတ်2 • ဖြေကြားချက် 1 ခု

မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ

နံပတ်2 • ဖြေကြားချက် 4 ခု

Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား

Khing Hein • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။