သစ်ရွက်စိမ်းမြေသြဇာဆိုသည်မှာ
သီးနှံပင်တို့၏ အာဟာရအတွက် သစ်ရွက်စိမ်းပင်ကြီးထွားအဆင့်တွင် ထွန်ဖြင့်မြေထဲသို့ ထိုးမြှုပ်ဖုံးအုပ်ပြီး ဆွေးမြည့်သောအခါ ထွန်ဖြင့်ထပ်မွှေပြီး မြေဖုံးအုပ်ပေးခြင်းမှရရှိသော မြေသြဇာဖြစ်ပါတယ်။ သစ်ရွက်စိမ်းမြေသြဇာထည့်သွင်းသည့်အဆင့်သည် သီးနှံပင်များ၏ ကြီးထွားအဆင့်(သို့) ပန်းပွင့်ပြီးလျှင်ပြီးချင်း ၎င်းတို့၏ အစိမ်းရောင်ရှိသည့် မည်သည့်အစိတ်အပိုင်းမဆို မြေဆီလွှာအတွင်းသို့ ထွန်ဖြင့်ထပ်မွှေပြီး မြေဖုံးအုပ်ပေးခြင်းကိုဆိုလိုပါတယ်။ သစ်ရွက်စိမ်းပင်အမျိုးအစားပေါ်မူတည်ပြီး စိုက်ပျိုးသောသီးနှံပင်အတွက် အာဟာရဓာတ်အထောက်အကူပေးမှုကတော့ကွဲပြားပါတယ်။
သစ်စိမ်းမြေသြဇာပင်များမှာတော့ ပိုက်ဆံလျှော်၊ ပဲပုပ်၊ ပဲလွန်း၊ ပဲတီစိမ်း၊ Berseem များကိုအသုံးပြုနိုင်ပါတယ်။
သစ်စိမ်းမြေသြဇာပင်ကို စိုက်ပြီးခြောက်ပတ်သားအရွယ် ပန်းပွင့်စအရွယ်တွင် ထယ်ထိုးမြေမြှုပ်ခြင်းပြုလုပ်ပေးပါ။
အကျိုးကျေးဇူးများ
သစ်စိမ်းမြေသြဇာပင်ထည့်ခြင်းသည် မြေသားတိုးတက်လာစေပါတယ်။ မြေအပေါ်ယံအလွှာအားဖြင့် အာဟာရဓာတ်စုပ်ယူမှုအားကောင်းလာစေပြီး မြေထဲတွင်နိုက်ထရိုဂျင်ဓာတ်များတိုးလာစေပါတယ်။ မြေတွင်းလေဝင်လေထွက်ကောင်းပြီး မြေကြီးသိပ်သည်းဆလည်းတိုးလာစေပါတယ်။ မြေကိုအကျိုးပြုစေသော အဏုဇီဝပိုးမွှားတိုးပွားလာစေပြီး မြေတွင်း ကယ်လစီယမ်၊ ဖော့စဖောရပ်စ်၊ ပိုတက်ရှ် နှင့် မန်းဂနီဆီယမ်ဓာတ်များလည်းတိုးစေမှာပါ။
ဦးကြီးတို့ရဲ့စိုက်ပျိုးမြေမှာ သီးနှံပင်တွေဖြစ်ထွန်းမှုနည်းလို့ မြေပြုပြင်ချင်တယ်ဆိုတော့ သစ်ရွက်စိမ်းပင်စိုက်ပျိုးပြီး ပြုပြင်ပေးဖို့လည်း တိုက်တွန်းလိုက်ရပါတယ်။
နည်းပညာများကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ၏ “အိမ်နှင့်ကျောင်းဥယျာဉ်ခြံတည်ထောင်ခြင်း နည်းပညာလက်စွဲ” စာအုပ်မှကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။
SOM
လွန်ခဲ့သော ၃ နှစ် ကဆိုးကျိုး
Kyaw Kyaw Oo
လွန်ခဲ့သော ၃ နှစ် ကစျေးပေါ့သော ပဲတစ်မျိုးမျိုးထည့်လိုရပါတယ်ဗျ..။
ဦးမျိုးမြင့်
လွန်ခဲ့သော ၅ နှစ် ကသစ်စိမ်းမြေသြဇာမျိုးစေ့ဘယ်မှာဝယ်လို့ရပါသလဲ
ဆက်စပ်မေးခွန်းများ
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ
နံပတ်2 • ဖြေကြားချက် 4 ခု
Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား
Khing Hein • ဖြေကြားချက် 1 ခု
အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ
Phyo Zaw Hein • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....