ထရိုင်ကိုဒါးမား ဆိုတာ ဘာလဲ
ထရိုင်ကိုဒါးမားဆိုတာကတော့ အပင်တွေကို ရောဂါမဖြစ်စေတဲ့ မှိုမျိုးစိတ်ဖြစ်ပြီးတော့ အပင်တွေနဲ့ ပူးပေါင်းပြီး နေထိုင်ကြီးထွားနိုင်ပါတယ်။ အစိမ်းရောင်ရှိတဲ့ အဲ့ဒီထရိုင်ကိုဒါးမားမှိုလေးတွေကိုဆိုရင် အပင်ကြီးထွားဖို့အတွက် လှုံ့ဆော်ပေးတဲ့ သက်ရှိတစ်ခုအဖြစ်၊ ရောဂါကို တိုက်ခိုက်နိုင်တဲ့ သက်ရှိတစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်။
အဲ့လိုအချက်တွေကြောင့် ထရိုင်ကိုဒါးမားမှိုလေးတွေကို ဇီဝနည်းအားဖြင့် ထိန်းချုပ်၍ ထုတ်လုပ်ကြပြီးတော့ တစ်ကမ္ဘာလုံးမှာ သုံးစွဲနေကြပြီဖြစ်ပါတယ်။ အများဆုံးသုံးတဲ့ မျိုးစိတ်တွေက
(၁) Trichoderma harzianum
(၂) Trichoderma viride
(၃) Trichoderma atroviride
အဲ့ (၃)မျိုးဖြစ်ပါတယ်။
ဒါဆိုရင် ထရိုင်ကိုဒါးမားတွေက ဘယ်နေရာမှာ ဘယ်လိုတွေ့နိုင်လဲဆိုတာကို ကြည့်ရအောင်
ထရိုင်ကိုဒါးမား မျိုးစိတ်တွေဟာ မတူညီကွဲပြားတဲ့ အလေ့အကျင့်တွေရှိတဲ့ မြေအမျိုးအစားတော်တော်များများမှာ တွေ့ရတာ ဖြစ်ပါတယ်။ မြေကြီးတင်မက ဆွေးနေတဲ့သစ်သားတွေ၊ မြေဆွေးတွေ၊ အမြစ်တွေနဲ့ မြေကြီးနားကပ်နေတဲ့ အပင်အစိတ်အပိုင်းလေးတွေမှာ တွေ့ရပါတယ်။ အပင်တွေမှာ ကပ်ပါးအဖြစ် ကပ်တွယ်နေပြီးတော့မှ အပင်တွေကို ထိခိုက်မှုလည်း မရှိစေပါဘူး။ သူတို့က တစ်ခြားအဏုဇီဝသက်ရှိတွေနဲ့ တူတူနေထိုင်ပြီးတော့ မျိုးပွားနိုင်ပါတယ်တဲ့။
အပင်တွေကို ဘယ်လိုကာကွယ်ပေးတာလဲ၊
တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သောနည်းအားဖြင့်သော်လည်းကောင်း မှိုတွေ နဲ့ ရောဂါဖြစ်စေတတ်တဲ့ သက်ရှိတွေကို ဇီဝနည်းအားဖြင့် ကာကွယ်ပေးပါတယ်။ မှိုတွေ အပင်တွေမှာလာကပ်ရင် ထရိုင်ကိုဒါးမားတွေက အဲ့မှိုတွေကို အဆိပ်အတောက်ဖြစ်စေပြီးတော့ တစ်ခြားမှိုတွေရဲ့ မှိုမျှင်တွေကိုသေစေပါတယ်။ အဲ့ဒါက တစ်နည်းပါ။
ဒုတိယနည်းကျတော့ အပင်တွေကို အနှောက်အယှက်ဖြစ်စေမဲ့ မှိုတွေကို ထရိုင်ကိုဒါးမားတွေက ဝန်းရံပြီးတော့ ကပ်ပါးအဖြစ်တွယ်ကပ်လိုက်တာပါ။ နေရာလုတဲ့ သဘောပါ။ လုရင်းနဲ့ အပင်တွေကို ထိခိုက်စေတဲ့ မှိုတွေကိုလည်း တိုက်ခိုက်ပါတယ်။
သွယ်ဝိုက်တဲ့ နည်းအားဖြင့် တိုက်ခိုက်တယ်ဆိုရင်တော့ နေရာလုတယ်။ အာဟာရတွေ ယှဉ်ပြိုင်ပြီးတော့ စုပ်ယူပြီးတော့ ပြိုင်ဘက်ကို အားယုတ်လျော့စေပြီး အပင်ကိုတိုက်ခိုက်တာတွေကို လျော့ချစေပါတယ်။ ထရိုင်ကိုဒါးမားက ဘယ်ပတ်ဝန်းကျင်အခြေအနေမှာပဲဖြစ်ဖြစ် ရှင်သန်အားကောင်းတယ်၊ ကြီးထွားမှု မြန်တယ်၊ ယှဉ်ပြိုင်မှု အားကောင်းတယ်။ အဲ့အချက်တွေကြောင့် ထရိုင်ကိုဒါးမားကို ဇီဝနည်းအားဖြင့် တိုက်ခိုက်တဲ့နေရာမှာ သုံးတာဖြစ်ပါတယ်။
အသက်ရှိ ထရိုင်ကိုဒါးမားမှိုလေးတွေရဲ့ အကျိုးကျေးဇူး
ထရိုင်ကိုဒါးမားမှိုလေးတွေကို စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အသုံးပြုနေကြတာကြာပါပြီ။ ကြာဆို သူတို့ကလည်း မြေကြီးထဲမှာပဲနေကြတာကိုး။ စစချင်းကတော့ သူတို့နေတဲ့နေရာမှာ ပေါများနေလို့ ကိုယ်တွေက ထပ်ထည့်စရာမလိုဘူးလေ။ ခုတော့ မြေကပျက် ရာသီဥတုကမကောင်း ဘာဘာညာညာနဲ့ စိုက်ရေးပျိုးရေးက မကောင်းတော့ကျ ပြင်တာဆင်တာတွေ လုပ်လာရတာပေါ့။ မြေထဲမှာ ထရိုင်ကိုဒါးမားတွေသာ ရှိနေရင် ဘာတွေဖြစ်မလဲဆိုတော့
၁။ အပင်တွေကနေ အာဟာရတွေကို ပိုရမယ်။ ရေတွေလည်း ပိုပြီးစုပ်ယူနိုင်ပါတယ်။
၂။ အပင်တွေမှာ အစာချက်လုပ်မှုကိုပိုကောင်းစေတာကြောင့်မို့ အပင်တွေက ပိုမိုသန်မာကြီးထွားစေတာပေါ့
၃။ အပင်တွေကြီးထွားဖို့ အားပေးတဲ့ ဟော်မုန်းတွေကိုလည်း ထောက်ပံ့ပေးပါတယ်။
၄။ မြေသြဇာတွေ သုံးရတာကိုလည်း လျော့ကျစေပါတယ်။
၅။ အထွက်နှုန်းကို တိုးတက်ကောင်းမွန်စေပါတယ်။
၆။ ရေငတ်တာလိုမျိုး အပင်တွေမှာ ကျတတ်တဲ့ ဖိအားတွေကိုလည်း ခံနိုင်ရည်ရှိစေပါတယ်။
၇။ သိသာထင်ရှားတဲ့ အချက်ကတော့ အပင်အမြစ်တွေက ပွားများပြီး အမြစ်နက်နက် ပိုဆင်းပါတယ်။
၈။ ရောဂါတွေကို ထိန်းချုပ်နိုင်စေပါတယ်။ အထူးသဖြင့် မှိုတွေကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေကိုပေါ့။
၉။ မြေကြီးကို သန့်စင်ပေးပါတယ်။ မြေသားက ပိုးသတ်ဆေး ပေါင်းသတ်ဆေးတွေကြောင့် ညစ်ညမ်းနေတယ်ဆိုရင် ထရိုင်ကိုဒါးမားကို ထည့်ပေးလိုက်တာနဲ့တင် မြေသားထဲက ဆွေးမြေ့ဖို့ကြာတဲ့ ပစ္စည်းတွေ ပိုမြန်မြန်ဆွေးစေပြီးတော့ မြေသားကို ပြန်လည်ကောင်းမွန်စေနိုင်တဲ့ အာနိသင်ရှိပါတယ်။
ကဲ ဒီလောက်ဆိုရင်တော့ ထရိုင်ကိုဒါးမားကို ဘယ်လိုသုံးနေလဲ ဆိုတာကို သိလောက်ပြီ ထင်ပါတယ်နော်။
ထွန်းဝင်းကျော်
https://www.wineland.co.za/what-is-trichoderma/
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ထရိုင်ကိုဒါးမား
ဦးကျေျာ်မင်း
လွန်ခဲ့သော ၄ နှစ် ကပြုလုပ်နည်းလေးမျှဝေပေးပါလားဗျ
ဦးကျေျာ်မင်း
လွန်ခဲ့သော ၄ နှစ် ကထရိုင်ဂိုဒါးမားပြုလုပ်ပုံလေးမျှဝေပါအုံးခင်ဗျာ့
ချစ်ဦးမောင်
လွန်ခဲ့သော ၅ နှစ် ကမရပါဘူး၊ ရေတံခွန်က မြို့တိုင်းမှာ ရောင်းတာမဟုတ်ပါဘူး
ဦးဇော်ထွေး
လွန်ခဲ့သော ၅ နှစ် ကkyawHtayOoကိုယ်တိုင်ပြုလုပ်နည်းလေးကောမျှဝေနိုင်ပါသလား
ဦးဇော်ထွေး
လွန်ခဲ့သော ၅ နှစ် ကကိုယ်တိုင်ပြုလုပ်နည်းလေးသိချင်ပါတယ်
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ
နံပတ်2 • ဖြေကြားချက် 4 ခု
Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား
Khing Hein • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026