အကျိုးပြုအဏုဇီဝပိုးမွှား(EM) အဆင့်ဆင့်ပွားနည်းများ
Effective Microorganisms (EM) ၁. ၂. ၃. ၄. ၅. ၆
ကျွန်တော်ဒီနေ့တော့ ခဏခဏအမေးများနေတဲ့ (EM) ပွားနည်းလေးတွေကို သိသမျှ မျှဝေပေး ပါမယ်။ မမျှဝေခင် (EM) အကြောင်းတော့ သိသမျှ ဖောက်သယ်နည်းနည်း ချပေးချင်ပါတယ်။ (EM) ကို စတင်တွေ့ရှိသူ ဂျပန်နှိင်ငံသား ဒေါက်တာ တယ်ရူးဟီးဂါး (Dr.Teruo Higa) က1982 ခုနှစ်မှာ (EM) ကိုစတင်တွေ့ရှိခဲ့ပါတယ်။ (EM) ရဲ့ဖခင်ကြီးဆို မမှားနှိင်ပါဘူး။ ထို (EM) ကို ဂျပန်နိုင်ငံရဲ့ ဓါတုအဆိပ်သင့်ပြီး ယိုယွင်းနေတဲ့ ကျန်းမာရေးဆိုင်ရာဘက်မှာ အသုံး ပြုရန် ရည်ရွယ်သုံးရာကနေ (Organic Farming) အော်ဂဲနစ်လယ်ယာဘက်မှာပါ အသုံးပြုလာ ကြပါတယ်။ ထိုမှတဆင့် အသုံးပြုသူများပြားလာကာ လူတိုင်းနှုတ်ဖျားမှာ (EM) က တွင် ကျယ်လာပါတယ်။ (EM)ဆိုတာ အကျိုးပြုအဏုဇီဝပိုးမွှားတွေ ကြွယ်ဝစွာပါဝင်တဲ့အတွက် ကျန်းမာရေးဘက်ရော စိုက်ပျိုးမွေးမြူရေးဘက်မှာပါ အရမ်းအသုံးဝင်ပါတယ်။ စစ်မှန်တဲ့(EM) ကိုရရှိမှသာ မှန်ကုန်တဲ့ အသုံးဝင်မှု့ကို ပေးမှာပါ။ (EM) ဆိုတာ (Effective Microorganisms) အကျိုးပြုအဏုဇီဝပိုးမွှားလို့ အဓိပ္ပယ်ရပါတယ်။ ထို့ကြောင့် အော်ရဂျင်နယ် EM1(Original EM1) ဂျပန် EM1 ကို အဆင့်ဆင့်ပွားယူလို့ရပါတယ်။ ထို့ကြောင့် (EM1) ရှိပြီဆိုလျှင် အောက်ပါအတိုင်း ပွားယူနိုင်ပါသည်။
(EMပွားနည်း)
(EM2) အီးအမ်အပြင်း
အော်ရဂျင်နယ် EM1(Orginal EM1) တစ်လီတာ၊ တင်လဲရေ/ ထန်းလျှက်အညိုကျိုရေ/ သကြားအညိုကျိုရေ/ သကာရေ ရနိုင်ရာ တစ်လီတာ၊ ရေသန့် ၂၀ လီတာ အားလုံးကိုရောပြီး အေး၍ ခြောက်သွေ့သော နေရောင်တိုက်ရိုက်မထိသော နေရာတွင် ရက် ၃၀ ထားပါ။ ရက်ပြည့်လျှင် အသုံးပြုနိုင်ပါသည်။ (Em2) အီးအမ်အပြင်းကို ပိုးဆေး၊ မှိုဆေး၊ ငါးအမိုင်နို အက်ဆစ် ဖော်စပ်ရာတွင် ရောစပ်အသုံးပြုနိုင်သည်။
(EM3) အသင့်သုံးအီးအမ်
EM2 အီးအမ်အပြင်း တစ်လီတာ၊ တင်လဲရေ/ ထန်းလျှက်အညိုကျိုရေ/ သကြားအညိုကျိုရေ/ သကာရေ ရရာတစ်လီတာ၊ ရေသန့် ၂၀ လီတာ အားလုံးကိုရောပြီး အေး၍ခြောက်သွေ့သော နေရာ၊ နေရောင်တိုက်ရိုက် မထိတွေသောနေရာတွင် ၇ ရက်တစ်ပတ်ထားပါ။ ရက်ပြည့်လျှင် အသုံးပြုနိုင်ပါသည်။ (Em3) အသင့်သုံးအီးအမ်ကို မြေပြင်ချိန် အနံဆိုးများနှင့် မွေးမြူရေးခြံ များ၊ အော်ဂဲနစ် စိုက်ပျိုးရေးဆေးများ အသုံးပြုရာတွင် မူလဆေးအစွမ်းထက်ရန် ရောစပ်အသုံး ပြု နိုင်ပါသည်။
(EM4)မွေးမြူရေးအစာအားဖြည့်အီးအမ်
EM2 အီးအမ်အပြင်း တစ်လီတာ၊ တင်လဲရေ/ ထန်းလျှက်အညိုကျိုရေ/ သကြားအညိုကျိုရေ/ သကာရေ ရရာတစ်လီတာ၊ ဆန်ဖွဲနု (သို့) ဂျုံဖွဲနု နို့ဆီဘူး ၄ ဘူး၊ ပဲဖတ်၂၀ သား၊ ရေသန့် လီတာ ၂၀ အားလုံးကိုရောပြီး အေး၍ချောက်သွေ့သော၊ နေရောင်တိုက်ရိုက်မထိတွေ့သော နေရာတွင် ရက် ၃၀ ထားပါ။ မွေးမြူရေးအစာအားလုံးတွင် ရောစပ်ပြီး တိရိစ္ဆာန်အားတိုးအားဖြည့်ဆေး အတွက် အသုံးပြုနိုင်ပါသည်။
(EM5)ပိုးသတ်ဆေးအာနိသင်အီးအမ်
EM2 အီးအမ်အပြင်း တစ်လီတာ၊ တင်လဲရေ/ ထန်းလျှက်အညိုကျိုရေ/ သကြားအညိုကျိုရေ/ သကာရေ ရရာတစ်လီတာ၊ ရှာလကာရေ ၅၀၀ စီစီ၊ အရက်ဆီ ၅၀၀ စီစီ၊ ရေသန့် လီတာ ၂၀ အားလုံးကိုရောပြီး အေး၍ချောက်သွေ့သော/ နေရောင်တိုက်ရိုက်မထိတွေ့သော နေရာတွင် ၁၅ ရက်/ လဝက်ခန့် ထားပြီး ပိုးသတ်ဆေး၊ ပိုးပြေးဆေးအဖြစ် အသုံးပြုပါ။ အော်ဂဲနစ် ပိုးဆေး အားလုံးနဲ့ တွဲဖက်ပြီးအသုံးပြုနိုင်သည်။
(EM6) ပေါင်းမြက်နှင့်ပြုလုပ်သော အပင်အားဖြည့် ပိုးပြေးအီးအမ်
EM2 အီးအမ်အပြင်းတစ်လီတာ၊ တင်လဲရေ/ ထန်းလျှက်အညိုကျိုရေ/ သကြားအညိုကျိုရေ/ သကာရေ ရရာတစ်လီတာ၊ ပေါင်းပင် စင်းပြီးသား တစ်တင်း၊ ရေလီတာ ၂၀၊ စဉ့်အိုးကြီး တစ်လုံး၊ ပေါင်းပင်စင်းပြီးသားတွေကို စဥ့်အိုးထဲအောက်ခံထည့်ပြီး ကျောက်ခဲတစ်လုံး နဲ့ ဖိထားပါ။ Em2 နှင့် တင်လဲရေ ရေလီတာ ၂၀ အရောကို အပေါ်ကထဲ့ပြီး လေလုံအောင်ပိတ်ပါ။ အေး၍ချောက်သွေ့သော နေရောင်တိုက်ရိုက်မထိတွေ့သောနေရာတွင် ၄၅ ရက် တစ်လခွဲထားပြီး အသုံးပြုနိုင်ပါသည်။ အပင်အားကောင်းဆေးနှင့် ပိုးပြေးဆေးအဖြစ် ရောစပ်အသုံးပြုနိုင်ပါ သည်။
မှတ်ချက်။ ။ ပေါင်းမြက်ထည့်ရာတွင် ပိုးပြေးအာနိသင်ရှိသော အပင်များကို အသုံးပြုလျှင် ပိုးအတွက်ပိုကောင်းပြီး အသီးအနှံများနှင့် အရွက်စိမ်းများအသုံးပြုလျှင် အပင်နှင့်အပွင့်အသီး အတွက် ပို၍ကောင်းသည်။ မိမိလိုသလို အသုံးပြုနိုင်ပါသည်။
တောင်သူအားလုံးစစ်မှန်တဲ့EMနည်းစနစ်ဖြင့်ကြီးပွားတိုးတက်အောင်မြင်ကြပါစေ။
မန္တလေး ထုံးဘို ရိတ်သိမ်းချိန်လွန်သင်တန်းကျောင်းမှ ဦးစီးမှုးဆရာမကြီး ဒေါ်မြင့်မြင့်မေ အား ဂါရဝပြုပါသည်။
စေတနာမေတ္တာများစွာဖြင့်
#Phyochitthu facebook page မှ ပြန်လည်ကူးယူဖော်ပြပါသည်။
အောင်ကျော်သက်
လွန်ခဲ့သော ၈ လ ကEn မပွားပဲနဲ့ သုံးရင်ရော...ရနိင်မလားဗျ
ကိုညိမ်းရွှေ
လွန်ခဲ့သော ၁ နှစ် ကEM 5 အရက်ဆီ အစား ဘယ်ရက်တွေ ရနိုင်သေးလဲ
Min Ko Ko
လွန်ခဲ့သော ၂ နှစ် ကEm အပြင်းသို့မဟုတ်အခဲ ဘယ်ကရနိုင်မလဲ
yae yin
လွန်ခဲ့သော ၂ နှစ် ကEM 2ဘယ်လောက်ထိ အထားခံလဲဗျ
Kyaw Lwin
လွန်ခဲ့သော ၃ နှစ် ကဖော်ပြရာမှာ ၄ ဂါလံ ဆေးဖျန်းပုံးတစ်ပုံးကို ဘယ်လောက်ထဲ့ရမယ် မွေးမြူရေးမှာလည်း အစာ ရေနဲ့ အီးအမ် ဘယ်လောက်အချိုး ပြည့်ပြည့်စုံစုံ ဖော်ပြပေးစေလိုပါတယ်
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ကြက်ချေးနွားချေး၄၀ရာခိုင်နှုန်း စပါးခွံ၄၀ရာခိုင်နှုန်း ပြာ၂၀ရာခိုင်နှုန်းemပွားရည်နဲ့ ဖွဲနု၁၀၀ပြည်နဲ့လုပ်ထားတယ် ၄ခါလှ်တယ် သူက၃၅ရာခိိုင်နှုန်းလျှော့တယ်မဲတယ် အပူကင်းပြီ မြေနံ့ရ မြေဆွေးဖြစ်ပြီးလား အပင်သိသာအောင်ဘယ်လိုသုံးရမလဲ လုပ်ရောင်းဖို့ကြိုးစားနေတာ
ဇေယျာဟိန်း • ဖြေကြားချက် 4 ခု
မြေချဉ်ငန်ကိန်း5.1မြေကို ပြင်ချင်လို့ ဒိုလိုမိုက်ဘာ်လောက်kgသုံးရမလဲ
phyo lay • ဖြေကြားချက် 2 ခု
ပြောင်စိုက်ဖို့ထယ်ကြောင်းဆွဲပြီး..သဘာဝမြေသြဇာရယ်..ဂျစ်ဆပ်ကျောက်မှုန့်ရယ်..ငါးအမိုင်နို.အာ့သုံးမျိုးရေပြီးမြေခံအဖြစ်ထည့်သုံးလို့ရလားဗျ..
kyaw min latt • ဖြေကြားချက် 2 ခု
မင်္ဂလာပါခင်ဗျာ ကျွန်တော် ဒီတခါ သိချင်တာက ကျနော့် ငရုတ်ခင်းက ပုလဲဓါတ် ပိုသုံးလိုက်လို့ အပင်ခြေက မြေမာလာပါတယ် အဲဒါ ကျောက်မှုန့်ကို အပင်ခြေကို ထည့်လို့ရသလား သိချင်လို့ပါ ဖြေပေးကျပါဦး ခဗျ
Aung Aung • ဖြေကြားချက် 1 ခု
ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ
ဇင်မင်းကို • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....