သစ်စိမ်းမြေသြဇာ (၃)
လိုအပ်သော ပစ္စည်းများ
· သစ်စိမ်း မြေဩဇာ အဖြစ် အသုံး ပြုမည့် အပင်၏ မျိုးစေ့များ
· ပေါက်ပြား
· အချို့ ပဲမျိုးရင်း သစ်စိမ်း မြေဩဇာ ပင်များ အတွက် ဇီဝ မြေသြဇာ (Inoculants)
· အစေ့ များနှင့်ရောကျဲပက်ရန် သဲ
သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုနိုင်သည့် နမူနာအပင်များ
လူစား ပဲမျိုးရင်းအပင်များ (Food Legumes)
· ကုလားပဲ (Chickpea)
· ပဲလွန်း (Cowpea)
· ပဲတီစိမ်း (Green gram)
· မြေပဲ (Groundnut)
· ပဲကြီး (Lablab bean)
ပဲစင်းငုံ (Pigeon pea)
တိရစ္ဆာန်စာ ပဲမျိုးရင်း အပင်များ (Fodder Legumes)
· ပဲကြီး(Lablab bean)
· လူပင်း (Lupin)
· ပိုက်ဆံလျှော် (Sunn hemp)
· Velvet bean (ခွေးလှေးယားပင် အယဉ်မျိုးဟု ထင်သည်)
အခြားအပင်များ (Others)
· ဖရုံ (Pumpkin)
· ကစွန်းဥ (Sweet Potato)
သစ်စိမ်း မြေဩဇာ ပင်များအား သီးသန့် စိုက်ပျိုးခြင်း (Pure Stand)
· မြေကို တူးဆွ၍ ပေါင်းမြက် များကို ရှင်းလင်း ဖယ်ရှားပြီး ပျိုးဘောင် တစ်ခု ပြင်ဆင်ပါ။
· ပျိုးဘောင်အား ရေလောင်းပြီး မျိုးစေ့ (သို့) ကိုင်းဖြတ်စများ (cuttings) အား စိုက်ပျိုးပါ။ မြေပြင်အား မြန်မြန် ဖုံးအုပ် သွားစေရန် စိပ်စိပ် စိုက်ပျိုးပါ။
· လိုအပ်ပါက ပေါင်းနှင့် ပိုးမွှားများကို ကာကွယ်ပေးရမည်။
· ပန်းပွင့်လာသော အချိန်တွင် ပဲကဲ့သို့သော သစ်စိမ်း မြေဩဇာ ပင်များသည် ၎င်းတို့၏ အမြစ်များရှိ မြစ်ဖုများတွင် နိုက်ထရိုဂျင်ကို ဖမ်းယူ စုဆောင်းနေပြီ ဖြစ်သည်။ ပန်းပွင့်ပြီးနောက် ကြွေကျ သွားသော အရွက်များ သည်လည်း မြေထဲတွင် သဘာဝ မြေဩဇာများ တိုးပွား ကြွယ်ဝ လာစေသည်။ ပိုက်ဆံလျှော်ပင် အား ပန်းပွင့်ပြီးနောက် မြေအတွင်းသို့ ထယ်ထိုး၍ မှောက်ပစ်ရမည်။
· ကျွဲနွား တိရစ္ဆာန် အစာ လိုအပ်ပါက သစ်စိမ်း မြေဩဇာ ပင်များ၏ ပင်စည် နှင့် အရွက်များကို ရိတ်၍ ကျွေးနိုင် သည်။
· သီးတောင့်များ ရှိသော အပင် များအား ရိတ်သိမ်းပါ။
· အပင်၏ ကျန်ရှိသော အစိတ် အပိုင်း အားလုံးကို နေ့ချင်းပြီး မြေအတွင်းသို့ ထယ်မှောက် ပစ်ပါ။ တိရစ္ဆာန် အစာ အဖြစ် အသုံးပြုမည့် ပဲကြီး နှင့် Velvet bean ကဲ့သို့ အပင်များကို ၂ နှစ်သား အထိ ချန်လှပ် ထားနိုင်သည်။
· နောက် သီးနှံ မစိုက်ပျိုးမီ သစ်စိမ်း မြေဩဇာ ပင် အစိတ် အပိုင်း များကို ဆွေးမြေ့ စေရန် အနည်းဆုံး တစ်ပတ်ခန့် ထားပါ။
· နောက် စိုက်ပျိုး ရာသီတွင် နှံစားသီးနှံ (Cereal) ကို သီးသန့် သော်လည်းကောင်း (သို့) ပဲနှင့် သီးညှပ်၍ သော်လည်းကောင်း စိုက်ပျိုး နိုင်ပါသည်။
ဆောင်ရန်များ
· မိမိ လိုအပ်ချက် နှင့် ကိုက်ညီသော မှန်ကန်သည့် သစ်စိမ်း မြေဩဇာ ပင် အမျိုး အစား ကို ရွေးချယ်ပါ။
· ပေါင်းစေ့များ မပါဝင်အောင် ဆောင်ရွက်ပါ။
· ပဲမျိုးရင်ဝင် သစ်စိမ်း မြေဩဇာ မျိုးစေ့များ ရရှိရန် အခက်အခဲ ရှိပါက အကွက် ငယ်တွင် ပထမဦးစွာ မျိုးရရှိရန် စိုက်ပျိုးပါ။
· နှံစား သီးနှံပင် များအား ပဲများနှင့် သီးညှပ် စိုက်လျှင် ပုံမှန် ပင်ကြား တန်းကြား အကွာအဝေး ဖြင့် စိုက်ပျိုးပါ။
· အစေ့သေးငယ်သော သစ်စိမ်း မြေဩဇာပင် မျိုးစေ့များ (ဥပမာ- ပိုက်ဆံလျှော်) အား မကြဲပက်မီ အထူ အပါး ညီညာ စေရန် သဲဖြင့် ဆတူ ရော၍ ကြဲပက်ပါ။
· မြစ်ဖု အများ အပြား ထွက်ရှိ စေရန် ပဲပုပ် အစေ့များအား ဇီဝ မြေသြဇာ (Inoculants) ဖြင့် လူးနယ် စိုက်ပျိုးပါ။ အခြား ပဲမျိုးရင်း အပင် များလည်း လိုအပ်ပါက Inoculants အသုံးပြုပါ။
· သစ်စိမ်း မြေဩဇာ စိုက်ခင်းအား ပေါင်းနှိမ်နင်းပါ။
· အဓိက စိုက်ပျိုးသော သီးနှံ များကို အနှောင့် အယှက် မဖြစ်စေရန် သစ်စိမ်း မြေဩဇာပင် များ၏ အကိုင်း အခက် (Canopy) များကို တိရစ္ဆာန်စာ အဖြစ် ရိတ်ဖြတ် ကျွေးနိုင်သည်။
ရှောင်ရန်များ
· စိုက်မည့် မြေသည် စိုလွန်း ခြောက်လွန်း ပါက သစ်စိမ်း မြေဩဇာပင် မျိုးစေ့များ အညှောင့် မပေါက် နိုင်သောကြောင့် မစိုက်သင့်ပေ။
· သစ်စိမ်း မြေဩဇာ စိုက်ခင်းအား ကျွဲနွား လွှတ်မကျောင်း သင့်ပေ။ ၎င်းတို့အား သီးသန့်ရိတ်ပြီး လွတ်ရာတွင် ကျွေးမွေးနိုင်သည်။
· ပဲမျိုးရင်း သစ်စိမ်း မြေဩဇာပင် များအား မီးဖိုဆောင် ဟင်းချက်စရာ အဖြစ် (သို့) တိရစ္ဆာန်စာ အဖြစ် အမြောက် အမြား မရိတ်သိမ်း သင့်ပေ။
သစ်စိမ်း မြေဩဇာပင် များအား သီးညှပ် စိုက်ပျိုးခြင်း (Intercrop)
· သစ်စိမ်း မြေဩဇာပင် များအား အဓိက စိုက်သော သီးနှံပင် များ၏ စိုက်တန်းများ ကြားတွင် သီးညှပ် အဖြစ် စိုက်ပျိုး နိုင်သည်။ အဓိက စိုက်ပျိုးသော သီးနှံပင် များအား အနှောင့် အယှက် မဖြစ် စေရန် သစ်စိမ်း မြေဩဇာ ပင်များ စိုက်သော အခါ စိုက်မည့် အပင် အမျိုး အစား နှင့် စိုက်ရာသီ တို့ကို သေချာ ရွေးချယ် ရပါမည်။
· မိမိ စိုက်ပျိုးမည့် ဒေသ နှင့် ကိုက်ညီ ဖြစ်ထွန်းသော ပဲမျိုးရင်းဝင် သစ်စိမ်း မြေဩဇာ ပင်များအား ရွေးချယ်ပြီး မျိုးစေ့ အလုံ အလောက် ရရှိအောင် ဆောင်ရွက်ပါ။
· အစေ့သေး ပဲမျိုးရင်းဝင် အပင်များ (ဥပမာ - ပိုက်ဆံလျှော်) အား ကျဲပက်ပါ။ အစေ့ကြီးမျိုး များအား နှံစား သီးနှံ ပင်တန်းကြား များတွင် စိုက်ပျိုးပါ။ ပဲကြီးနှင့် Velvet bean ပင်များအား နှံစား သီးနှံ ပင်များ စိုက်ပြီး ၂ ပတ် ကြာမှ စိုက်ပျိုးပါ။
· လိုအပ်ပါက ပေါင်းနှင့် ပိုးမွှားများကို ကာကွယ် ပေးရမည်။
· ပန်းပွင့်လာသော အချိန်တွင် ပဲကဲ့သို့သော သစ်စိမ်း မြေဩဇာ ပင်များသည် ၎င်းတို့၏ အမြစ်များရှိ မြစ်ဖုများတွင် နိုက်ထရိုဂျင်ကို ဖမ်းယူ စုဆောင်းနေပြီ ဖြစ်သည်။ ပန်းပွင့်ပြီးနောက် ကြွေကျ သွားသော အရွက်များ သည်လည်း မြေထဲတွင် သဘာဝ မြေဩဇာများ တိုးပွား ကြွယ်ဝ လာစေသည်။ ပိုက်ဆံလျှော်ပင် အား ပန်းပွင့်ပြီးနောက် မြေအတွင်းသို့ ထယ်ထိုး၍ မှောက်ပစ်ရမည်။
· ကျွဲနွား တိရစ္ဆာန် အစာ လိုအပ်ပါက သစ်စိမ်း မြေဩဇာ ပင်များ၏ ပင်စည် နှင့် အရွက် များကို ရိတ်၍ ကျွေးနိုင် သည်။
· သီးတောင့်များ ရှိသော အပင်များ အား ရိတ်သိမ်းပါ။
· အပင်၏ ကျန်ရှိသော အစိတ် အပိုင်း အားလုံး ကို နေ့ချင်းပြီး မြေအတွင်းသို့ ထယ်မှောက်ပစ်ပါ။ တိရစ္ဆာန် အစာ အဖြစ် အသုံးပြုမည့် ပဲကြီးနှင့် Velvet bean ကဲ့သို့ အပင်များကို ၂ နှစ်သားအထိ ချန်လှပ် ထားနိုင်သည်။
· နောက်သီးနှံ မစိုက်ပျိုးမီ သစ်စိမ်း မြေဩဇာပင် အစိတ် အပိုင်း များကို ဆွေးမြေ့ စေရန် အနည်းဆုံး တစ်ပတ်ခန့် ထားပါ။
· နောက် စိုက်ပျိုး ရာသီတွင် နှံစား သီးနှံ (Cereal) ကို သီးသန့် သော်လည်းကောင်း (သို့) ပဲနှင့် သီးညှပ်၍ သော်လည်းကောင်း စိုက်ပျိုး နိုင်ပါသည်။
ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)
25-8-2009
(မှတ်ချက်။ ။Sustainable Agriculture Extension Manual ပါ “Green Manuring” အကြောင်းအား သင့်တော်သလို ဘာသာပြန်ရေးသားထားပါသည်။)
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကိုယ်တိုင်လုပ် သဘာဝမြေသြဇာများ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
ဆက်စပ်မေးခွန်းများ
ကြက်ချေးနွားချေး၄၀ရာခိုင်နှုန်း စပါးခွံ၄၀ရာခိုင်နှုန်း ပြာ၂၀ရာခိုင်နှုန်းemပွားရည်နဲ့ ဖွဲနု၁၀၀ပြည်နဲ့လုပ်ထားတယ် ၄ခါလှ်တယ် သူက၃၅ရာခိိုင်နှုန်းလျှော့တယ်မဲတယ် အပူကင်းပြီ မြေနံ့ရ မြေဆွေးဖြစ်ပြီးလား အပင်သိသာအောင်ဘယ်လိုသုံးရမလဲ လုပ်ရောင်းဖို့ကြိုးစားနေတာ
ဇေယျာဟိန်း • ဖြေကြားချက် 4 ခု
မြေချဉ်ငန်ကိန်း5.1မြေကို ပြင်ချင်လို့ ဒိုလိုမိုက်ဘာ်လောက်kgသုံးရမလဲ
phyo lay • ဖြေကြားချက် 2 ခု
ပြောင်စိုက်ဖို့ထယ်ကြောင်းဆွဲပြီး..သဘာဝမြေသြဇာရယ်..ဂျစ်ဆပ်ကျောက်မှုန့်ရယ်..ငါးအမိုင်နို.အာ့သုံးမျိုးရေပြီးမြေခံအဖြစ်ထည့်သုံးလို့ရလားဗျ..
kyaw min latt • ဖြေကြားချက် 2 ခု
မင်္ဂလာပါခင်ဗျာ ကျွန်တော် ဒီတခါ သိချင်တာက ကျနော့် ငရုတ်ခင်းက ပုလဲဓါတ် ပိုသုံးလိုက်လို့ အပင်ခြေက မြေမာလာပါတယ် အဲဒါ ကျောက်မှုန့်ကို အပင်ခြေကို ထည့်လို့ရသလား သိချင်လို့ပါ ဖြေပေးကျပါဦး ခဗျ
Aung Aung • ဖြေကြားချက် 1 ခု
ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ
ဇင်မင်းကို • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from HanPhyoAung
အားလုံး