အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြေကြီးရဲ့ ရုပ်ပိုင်းဆိုင်ရာ သွင်ပြင်တွေကို လေ့လာကြည့်ခြင်း

မြေကြီးရဲ့ ရုပ်ပိုင်းဆိုင်ရာ သွင်ပြင်တွေကို လေ့လာကြည့်ခြင်း

Htunn Winn Kyaw
Htunn Winn Kyaw • Greenovator • 04/12/2019

 မြေကြီးတွေရဲ့ သွင်ပြင်လက္ခဏာတွေကို ဆင်ခြင်သုံးသပ်မယ်ဆိုရင် (၃)ပိုင်းရှိမှာပါ။

တစ်ပိုင်းကတော့ ရုပ်သွင်ပြင်လက္ခဏာပိုင်းဖြစ်ပြီးတော့ နောက်တစ်ပိုင်းကတော့ ဓာတုဖွဲ့စည်းမှု သွင်ပြင်လက္ခဏာ၊ ကျန်တဲ့တစ်ပိုင်းကတော့ ဇီဝသွင်ပြင်လက္ခဏာပဲဖြစ်ပါတယ်။. အဲ့ဒါတွေကိုကြည့်ပြီး အပင်တွေကြီးထွားနိုင်မှု ရှိမရှိ၊ အထွက်ကောင်း မကောင်းဆိုတာကို ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။

ရုပ်သွင်ပြင်လက္ခဏာ

မြင်နိုင် ထိတွေ့နိုင်တဲ့ လက္ခဏာရပ်ကို ဆိုလိုတာဖြစ်ပါတယ်။ ရုပ်သွင်ပြင်လက္ခဏာရပ်တွေမှာ ဘာတွေပါမလဲ ဆိုရင် မြေကြီးရဲ့ ပုံသဏ္ဌာန်တွေ၊ မြေကြီးဖွဲ့စည်းပုံတွေ၊ အရောင်တွေ စတဲ့ အချက်အလက်တွေ ပါမှာဖြစ်ပါတယ်။ မြေသား ကျန်းမာရေးကောင်းဖို့အတွက် ရုပ်သွင်ပြင်လက္ခဏာတွေက ဘာလို့အရေးကြီးလဲ ဆိုတော့

(၁) ကိုယ်စိုက်ထားတဲ့ အပင်တွေကို မြေကြီးကနေ ရေတွေနဲ့လေပုံမှန် ရနေနိုင်မလားဆိုတာကို သေချာစေမှာ ဖြစ်ပါတယ်။

(၂) ရုပ်သွင်ပြင်လက္ခဏာကို ကောင်းမွန်အောင် ထိန်းထားပေးနိုင်ရင် အပင်ကြီးထွားဖို့အတွက် ရေကို သိုလှောင်ပေးနိုင်သလား။ ရေကို ထိန်းထားပေးနိုင်သလား ဆိုတဲ့အချက်ကို ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။

(၃) မြေရုပ်သွင်ပြင်ကို သေချာနားလည်ထားတယ်ဆိုရင် စက်တွေနဲ့ လူတွေ အသုံးပြုလို့ ရ မရဆိုတာကို သေချာစေပါတယ်။ ဉပမာပေးရရင် ကန္တာရ မှာ ကားမောင်းလို့ ရမလားပေါ့။

ဓာတုဖွဲ့စည်းမှုဆိုင်ရာ သွင်ပြင်လက္ခဏာ

မြေကြီးထဲမှာ ဘာဓာတ်ပစ္စည်းတွေရှိနေသလဲ။ အပင်တွေကြီးထွားဖို့အတွက်ရော တကယ်အသုံးဝင်သလား လိုအပ်သလားဆိုတာကို လေ့လာတာပါ။

ဇီဝသွင်ပြင်လက္ခဏာတွေ

မြေကြီးမှာလည်း ဇီဝသွင်ပြင်လက္ခဏာရပ်တွေဆိုတာ ရှိပါတယ်။ မြေကြီးထဲမှာ မျက်စိနဲ့ မမြင်နိုင်တဲ့ အကောင်လေးတွေရော၊ မြင်နိုင်တဲ့အကောင်လေးတွေရော ရှိပါတယ်။ တီကောင်လိုမျိုး အကောင်လေးတွ များတယ်ဆိုရင် မြေက ကောင်းသလား မကောင်းဘူးလားဆိုတာမျိုး လေ့လာတာပါ။ မမြင်နိုင်တဲ့ အကောင်လေးတွေ လို့ဆိုလိုက်ရင် လူတွေကို ကောင်းကျိုးပြုတဲ့အကောင်လေးတွေ (နိုက်ထရိုဂျင်ဖမ်းပေးတဲ့ အကောင်လေးတွေ၊ အပင်ရောဂါတွေကို တိုက်ခိုက်ပေးနိုင်တဲ့ အကျိုးပြု အဏုဇီဝမှိုတွေ ဘက်တီးရီးယားတွေ) အပြင်ကို အပင်တွေကို ရောဂါဖြစ်စေနိုင်တဲ့ အဏုဇီဝသက်ရှိတွေလည်း ပါဝင်ပါတယ်။ အဲ့လို အကြောင်းအချက်တွေကို လေ့လာတာဖြစ်ပါတယ်။

ရုပ်သွင်ပြင်လက္ခဏာတွေထဲက နောက်တစ်ဆင့်ကို တက်ကြည့်ပြီး လေ့လာကြည့်ရအောင်

အရွယ်အစားတွေ

အရင်တစ်ပိုင်းတုန်းက ကျောက်စရစ်ခဲ၊ သဲ၊ နုန်း၊ ရွံ့တွေ ပါတယ်ဆိုတာကို ပြောပြထားတယ်ဆိုတော့

သဲ - သူကတော့ မြင်ရလောက်တဲ့ အရွယ်အစားမှာ ရှိပါတယ်။ ကိုင်ကြည့်လို့လည်းရတယ်။ ခက်ကြမ်းကြမ်းလေးဖြစ်နေတာမျိုးဆိုရင် သဲပါပဲမို့ အထွေအထူးတော့ မပြောပြတော့ပါဘူး။

နုန်း - သူကတော့ သဲလို မြင်ရမှာတော့ မဟုတ်ပါဘူး။ ပိုးသားလေးလိုပဲ နူးညံ့ပါတယ်။ ရေစိုနေတယ်ဆိုရင် တုတ်ချောင်းတိုတိုလေး ဖြစ်အောင်လို့ လိပ်လိုက်လို့ ရပါတယ်။

ရွံ့ - ကဲ နောက်တစ်ခုကတော့ မြင်လည်း မမြင်ရဘူး။ နူးညံ့ပြီးတော့ အစိုဓာတ်ရှိရင် တုတ်ချောင်းအရှည်ကြီးကို လိပ်ပြီးတော့လုပ်လို့ ရပါတယ်။ အဲ့ဒါနဲ့ ခွဲခြားပါတယ်။

မြေကြီးတစ်ခုမှာ အဲ့လို ပစ္စည်းတွေ ဘယ်လို ဖွဲ့စည်းပါဝင်နေလဲ

သမတဲ့မြေ - အဲ့လို ခေါ်ရင်တော့ ရွံက ၂၅ ရာခိုင်နုန််းပါတဲ့ မြေကို ခေါ်တာပါ။

သဲသမမြေ - သဲပိုများတဲ့ မြေပါ

နုန်းသမမြေ - နုန်းပိုများတဲ့မြေ

မြေစေးသမမြေ - ရွံပိုများတဲ့မြေလို့ သတ်မှတ်လို့ ရပါတယ်။

မြေသားရဲ့ အသွင်အပြင်ကို လေ့လာတဲ့အပိုင်းမှာဆိုရင် အကြမ်းအားဖြင့်တော့ အနုနဲ့ အကြမ်းပဲရှိမှာပါ။ အနု ဆိုတာကတော့ သဲများများပါရင် အကြမ်း၊ ရွံ့များများပါရင် အနု အဲ့လိုသတ်မှတ်လို့ ရပါတယ်။ အဲ့အသွင်အပြင်က မြေကြီးရဲ့ အတိမ်အနက်ကိုလည်း ခန့်မှန်းကြည့်လို့ ရပါတယ်။ မြေသားအတိမ်အနက်ကို လိုက်ပြီးတော့ မြေသားအသွင်အပြင်ကလည်း ပြောင်းသွားတာမို့ ဖြစ်ပါတယ်။ အဲ့တော့ ကိုယ်စိုက်တဲ့အပင်က ဘယ်လောက်ထိ အမြစ်ဆင်းသလဲ ဘယ်လိုမြေကြီးအလွှာနဲ့ ထိတွေ့ရမလဲဆိုတာကို သိရမှာပါ။ ယေဘုယျကျကျ ဆိုရရင်တော့ အောက်ဖက်ကို ရောက်လေလေ ရွံ့ပါတဲ့ မြေကြီးဖွဲ့စည်းပုံကို တွေ့ရလေလေ ဖြစ်မှာပါ။

တစ်ခါတစ်လေမှာ တစ်ချို့နေရာတွေမှာ သဲဆန်နေရာ ကနေ ချက်ချင်း အောက်ဖက်ကျ ရွံ့စေးမြေလို ဖြစ်သွားတာမျိုးတွေကျ တစ်ချို့အပင်တွေအတွက် မကောင်းနိုင်တာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ကိုယ်က စိုက်ပျိုးရေးလုပ်မယ်ဆိုရင် မြေအတိမ်အနက်ကိုလည်း သိထားဖို့ လိုအပ်မှာပါ။

ရေရယ် အာဟာရတွေကို ထိန်းထားနိုင်တဲ့ အရည်အချင်း

ဒီကောင်က မြေကြီးထဲမှာ ပါဝင်တဲ့ အမှုန်တွေရဲ့ အရွယ်အစားပေါ်မူတည်ပြီးတော့ ကွာခြားသွားပါတယ်။ သဲမှုန်တွေဆိုရင် အရွယ်အစားကြီးတဲ့အတွက်ကြောင့်မို့ ရေ နဲ့ အာဟာရတွေကို ထိန်းသိမ်းထားဖို့ ခက်ပါတယ်။ ရွံ့စေးမှုန်လေးတွေ ကတော့ ရေကိုရော အာဟာရကိုရော ထိန်းထားနိုင်ပါတယ်။ ဒါပေမဲ့ သဲမှုန် လိုတော့ ရေပြန်ထုတ်နိုင်အားက ကောင်းမှာမဟုတ်ပါဘူး။

အပင်တွေက ရနိုင်တဲ့ ရေပမာဏ (Plant Available Water – PAW) ဟာဆိုရင် မြေကြီးရဲ့ ဖွဲ့စည်းပုံနဲ့ မြေသားအတိမ်အနက် ပေါ်မှာ စကားပြောပါတယ်။ ရွံ့စေးမြေဆိုရင် ရေထိန်းထားအားကောင်းတာကြောင့် အပင်ကိုလည်း သူမပေးပါဘူး။ ထိန်းထားပါတယ်။ အောက်က ဇယားလေးကိုကြည့်လိုက်ရင် ရှင်းသွားမှာပါ။

ထွန်းဝင်းကျော်

References

  1. Centre of Land Protection Research, “Know Your Soil – Introduction to Soils”

  2. www.nre.vic.gov.au/agvic/ins-clpr/

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မြေ ph level တိုင်းတာရန် တိုင်းစက်အပြင် အခြား မည်သည့်နည်းလမ်းဖြင့် တိုင်းတာလို့ရနိုင်ပါလဲ ခင်ဗျ

U Soe • ဖြေကြားချက် 4 ခု

ထရိုင်ကိုဒါးမားကို မန္တလေး (သို့မဟုတ်) တံတားဦးအနီးတဝိုက် ဘယ်မှာဝယ်ယသလို့ရလဲသိချင်ပါတယ်ဗျ

Nyan Lwin Tun • ဖြေကြားချက် 2 ခု

ပဲပုပ် စစိုက်မှာမလို့ပါ ပဲမြစ်ဖုဘက်တီးရီးယား ဘယ်မှာဝယ်လို့ရနိုင်ပါလဲ ပဲပုပ်အတွက်

Nay • ဖြေကြားချက် 1 ခု

ကြက်ချေးနွားချေး၄၀ရာခိုင်နှုန်း စပါးခွံ၄၀ရာခိုင်နှုန်း ပြာ၂၀ရာခိုင်နှုန်းemပွားရည်နဲ့ ဖွဲနု၁၀၀ပြည်နဲ့လုပ်ထားတယ် ၄ခါလှ်တယ် သူက၃၅ရာခိိုင်နှုန်းလျှော့တယ်မဲတယ် အပူကင်းပြီ မြေနံ့ရ မြေဆွေးဖြစ်ပြီးလား အပင်သိသာအောင်ဘယ်လိုသုံးရမလဲ လုပ်ရောင်းဖို့ကြိုးစားနေတာ

ဇေယျာဟိန်း • ဖြေကြားချက် 4 ခု

မြေချဉ်ငန်ကိန်း5.1မြေကို ပြင်ချင်လို့ ဒိုလိုမိုက်ဘာ်လောက်kgသုံးရမလဲ

phyo lay • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။