အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဘာမြေအမျိုးအစားမှာ.. စိုက်ပျိုးနေကြတာလဲ

ဘာမြေအမျိုးအစားမှာ.. စိုက်ပျိုးနေကြတာလဲ

ကဲကဲ မြေကြီးကို အခြောက်ခံ ပေါင်းခံရည်ထဲမှာ စိမ်ပြီးတော့ အလွှာလိုက်လေးတွေလည်း တိုင်းထွာပြီးတော့ ရာခိုင်နှုန်းတွေလည်း တွက်ထားပြီးပြီဆိုရင်တော့ ပုံလေးကို ဆက်ကြည့်ကြမယ်ဗျာ။ မဖတ်ရသေးရင် လင့်ခ်ကို နှိပ်ပြီးဖတ်လို့ ရပါတယ်။ 

ပေါင်းခံရည်နဲ့ မြေအမျိုးအစား ခွဲကြမယ်..ဆောင်းပါးတုန်းက အတိုင်းဆိုရင်

မောင်နီပြောထားတဲ့ အလွှာရာခိုင်နှုန်းက 

သဲက ၅၀၊ နုန်းက ၂၅ နဲ့ ရွှံ့က ၂၅ ရာခိုင်နှုန်းစီ ရှိကြပါတယ်။ 

ပုံထဲမှာ မောင်နီကတော့ ပျင်းလို့ ဘာသာ မပြန်ပြတော့ပါဘူးလို့..
သဲက -  Sand၊ ရွှံ့က - Clay၊ နုန်းက - Silt လို့ အလွယ်မှတ်လိုက်ကြမယ်။
သဲက ၅၀ ရာခိုင်နှုန်းဆိုတော့ (၅၀) ရာခိုင်နှုန်း ဆိုတဲ့ နေရာနားလေမှာ မောင်နီဆွဲပြသလို မျဉ်းလေး ဆွဲမယ်၊ ၂၅ ၂၅ (၂) ခုအတွက်ဆိုတော့လည်း မျဉ်းနီလေးနဲ့ မောင်နီ ပြထားတယ်။


သူတို့ (၃) ကြောင်းလုံးက ဘယ်မှာ ဆုံသလဲဆိုတော့
Sandy Clay Loam ဆိုတော့ သဲဆန်တဲ့ ရွံ့နုန်းမြေလို့ ဆိုလို့ရပါတယ်။
ဒါဆိုရင် ကိုယ့်မြေအမျိုးအစား က ဘယ်လိုမြေဆိုတာကို သိသွားပြီပေါ့။

တကယ်လို့များ
အခြားမတူတဲ့ အလွှာရာခိုင်နှုန်းတွေများ ဖြစ်နေတယ်ဆိုရင် အောက်မှာတွက်ချက်ပြီး ဘာမြေအမျိုးအစား ထွက်လာလဲဆိုတာ ပြောခဲ့ပေးပါဦး။

မြားနီနည်းပညာပေးရေးအဖွဲမှ အစိမ်းရောင်လမ်းမိုဘိုင်းဖုန်းဆော့ဝဲသို့ ပေးပို့ထားသော မူပိုင်ဆောင်းပါးသဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

You

ဆက်စပ်မေးခွန်းများ

‌လယ်ကျန် စပါးအတွက် မြေခံ ဘာသုံးသင့်ပါသလဲ..

အောင်ကိုဦး • ဖြေကြားချက် 1 ခု

ဆင်ငိုမြက်ကို Glyphosate နဲ့လည်းမသေလို့ ဘယ်ဆေးAi နဲ့ဖြန်းရင် အမြစ်ပြတ်မလဲပြန်လည်ဖြေကြားပေးစေလိုပါတယ်ခင်ဗျာ

Kyaw zin • ဖြေကြားချက် 1 ခု

ဆရာတို့ကျွန်တော့်လယ်ထဲမှာမြေဇာမြက်တေမနိုင်လို့မြေဇာမြက်သတ်ဆေးလေးညွန်းကြပါအုံး

ဦးဝင်းဇော် • ဖြေကြားချက် 4 ခု

Nov 4ရက်နေ့က ရွာတဲ့မိုးကြောင့် နှမ်းတွေက ရေထဲ တစ်ညလောက် နေသွားရတာ။ အခု နေ့ကျ ငိုင် နေတော့လို့ ဘယ်လိုလုပ်ရမလည်းဗျ။ ဘာဆေးသုံးရမလည်း။ လုပ်လို့ရပါအုံးမလား။ အပင်က အပွင့်ပွင့်ချိန်မှာ ဖြစ်သွားတာ။

Zwe Htet • ဖြေကြားချက် 2 ခု

နွားချေးခြောက်နဲ့နှုန်းမြေနဲ့ပဲစပ်ပြီးမြေဆွေးပြုလုပ်လို့အဆင်ပြေလား

Ma Than Than Aye • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။