နွားချေးကို စနစ်တကျ သိုလှောင်နည်း
၁။ နွားချေးစုဆောင်းရန်အတွက် အကျယ် (၁၁) ပေ ပတ်လည် ရှိသည့် ရေမဝပ်သည့် မြေနေရာတစ်ခု ရွေးချယ်ပါ။
၂။ ရွေးချယ်ထားသည့် မြေနေရာကို ရေမဝပ်စေရန် (၆) လက်မ အနက်၊ (၆) လက်မ အကျယ် ရေထုတ်မြောင်း ပတ်ပတ်လည် တူးပါ။
၃။ အပူပိုင်းဒေသတွင် အငွေပျံမှုနည်းစေရန်နှင့် အစိုဓာတ် ထိန်းထားနိုင်ရန် ၂-၃ ပေခန့် ကျင်း တူး၍ ထားနိုင်သည်။
၄။ နွားချေးထားမည့်နေရာအား နေဒဏ်မိုးဒဏ်မှ ကာကွယ်ရန်အတွက် အမိုးအကာပြုလုပ်ပေးသင့်ပါသည်။ မိုးနည်းသော ဒေသဖြစ်ပါက သစ်ပင်အရိပ်အောက်တွင် ပြုလုပ်နိုင်ပါသည်။
၅။ နွားကျင်ငယ်ရည်သည် နွားမစင်ထက် နိုင်ထရိုဂျင်ဓာတ် ပါဝင်မှု အားကောင်းသည့်အတွက် နွားကျင်ငယ်ရည်ပါ စုဆောင်းရန် စဉ်းစားသင့်သည်။
၆။ ထို့ကြောင့် နွားတင်းကုတ် မြေပေါ်တွင် သစ်ရွက်ခြောက်၊ ကောက်ရိုး၊ ရိုးပြတ်၊ မြက်ခြောက် စသည်တို့ကို ဖြန့်ခင်းပြီး နွားများကို ထိုအခင်းပေါ်တွင် မစင်၊ ကျင်ငယ် စွန့်အောင် ပြုလုပ်နိုင်ပါက နွားမစင်သာ မက နွားကျင်ငယ်ရည် ပါ ရရှိမည်ဖြစ်ပါသည်။
၇။ နွားတင်ကုတ် ရှင်းလင်းသည့်အခါ နွားမစင်၊ ကျင်ငယ်ရည် ရောနေသော အမှိုက်များကို စုဆောင်းပြီး နွားချေးစုဆောင်းမည့် နေရာတွင် ဖြန့်ပုံသင့်ပါသည်။
၈။ အပင်မြေသြဇာ အဟာရတန်ဖိုး ပိုမိုမြင့်မားစေရန်အတွက် ယင်းအပုံပေါ်တွင် ထုံးမှုန့်၊ မီးဖိုပြာ၊ စပါးခွံပြာ နှင့် မီးဖိုချောင်ထွက် ဆွေးမြေ့သော စွန့်ပစ် ပစ္စည်းများ ဖြန့်ပုံနိုင်ပါသည်။
၉။ ကျောက်မှုန့်၊ လချေးမှုန့် စသည်တို့ကိုပါ အလိုရှိပါက ပါးပါး ဖြူးထည့်နိုင်ပါသည်။ အကျိုးပြု အဏုဇီဝရည် (EM – Effective microbe) ကိုလည်း ဖြန်းပေး နိုင်ပါသည်။
၁၀။ ဤနည်းဖြင့် တစ်ထပ်ပြီး တစ်ထပ် နွားချေးကို နှစ်ပတ်လည် စုဆောင်းသွားနိုင်ပါသည်။
၁၁။ နွားချေးပုံ ထုထည်ကြီးမားလာပါက အပုံပြိုမကျ စေရန် ဘေးပတ်ပတ်လည်တွင် အကာအရံများ ပြုလုပ်ပေးသင့် ပါသည်။
၁၂။ အစိုဓာတ်နှင့် အဟာရများ အငွေ့ပျံ ပျောက်ဆုံးမှု နည်းပါး လာစေရန် နွားချေးပုံ ပေါ်တွင် ထန်းရွက်ခြောက်များ၊ ဝါးကပ်များ သို့မဟုတ် အမိုးအကာ တစ်ခုခုဖြင့် ဖုံးအုပ် ထားပေးပါက ပိုကောင်းပါသည်။
အာနိသင်သုံးစွဲနည်း
· စနစ်တကျ သိုလှောင်ထားသော နွားချေးများကို အသုံးမပြုမီ အထက်အောက် သမအောင် ရောမွှေပေးပါ။
· မိမိစိုက်ပျိုးမည့် သီးနှံအလိုက် စိုက်ခင်း မြေပြင်ချိန်တွင် ထည့်သွင်း သုံးစွဲနိုင်ပါသည်။
· စိုက်ခင်းထဲသို့ မြေမပြင်မီ နွားချေးများကို ကြိုတင် ချထားခြင်းများ မပြုလုပ်သင့်ပါ။ နေအပူချိန်ကြောင့် အဟာရဓာတ်များ အငွေ့ပျံ ပျောက်ဆုံးသွားနိုင်သကဲ့သို့ နေရောင်ခြည်ကြောင့် နွားချေးတွင် ပါဝင်သော အကျိုးပြု အဏုဇီဝ ပိုးများ သေဆုံးနိုင်ပါသည်။ ထို့ကြောင့် နွားချေးထည့်ပြီးပြီးချင်း ထယ်ထိုးမြုပ်နှံ သင့်ပါသည်။
· နွားချေးကို ဓာတ်မြေသြဇာများနှင့်လည်း ရောနှောထည့်သွင်းပါက ဓာတ်မြေသြဇာများ ကို အပင်မှ ကြာရှည်စွာ စားသုံးနိုင်အောင် ထိန်းသိမ်းထားနိုင်ပါသည်။ သို့သော် မကြဲပတ်မီ အနည်းဆုံး တစ်ညခန့် သင့်လျော်သော အစိုဓာတ် ( လက်ဖြင့် ဆုပ်ကြည့်ပါက အလုံးမပျက်သော အနေအထား) တွင် နွားချေးနှင့် ဓာတ်မြေသြဇာကို ရောနှော ဖုံးအုပ်၍ နှပ်ထားသင့်ပါသည်။
· ပေါင်း ပေါက်ရောက်မှုနည်းစေရန် ကောင်းစွာဆွေးမြေ့သော နွားချေးများကိုသာ စိုက်ခင်းတွင် ထည့်သွင်း သုံးစွဲသင့်ပါသည်။
အကျိုးသက်ရောက်မှု
စနစ်တကျ သိုလှောင်ထားသော နွားချေးမြေသြဇာတွင် အောက်ပါ အဟာရ ဓာတ်ပစ္စည်းများနှင့် ပမာဏများ ပါဝင်ပါသည်။
အပင်အဟာရ ပါဝင်မှု ရာခိုင်နှုန်း
|
အပင္အဟာရ |
ပါဝင်မှု ရာခိုင်နှုန်း |
|
နိုင်ထရိုဂျင် |
၁.၄ % |
|
ဖော့စပရပ် |
၂.၁% |
|
ပိုတက်စီယမ် |
၁.၃% |
|
ကယ်လ်စီယမ် |
၂.၆% |
|
မဂ္ဂနီစီယမ် |
၀.၂% |
|
ဆာလဖာ |
၁.၆% |
|
သြဂဲနစ် ကာဘွန် |
၁၉.၇% |
သြဂဲနစ်ကာဘွန်၏ အကျိုးကျေးဇူးများ
-
· စေးသောမြေကို ဖွယ်လာစေခြင်း
· သဲဆန်သောမြေကို စေးလာစေခြင်း
· အစိုဓာတ် ထိန်းသိမ်းမှု ကောင်းခြင်း
· လေဝင်လေထွက် ကောင်းခြင်း
· အပူအအေး မျှတစေခြင်း
· အဟာရဓာတ်များကို ကာလကြာရှည်စွာ တဖြည်းဖြည်း ထုတ်လွတ်ပေးနိုင်ခြင်း တို့ဖြစ်သည်။
ကိုးကား - Green Way စိုက်ပျိုးရေး သင်တန်းစာအုပ်

အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကGreen Wai လို့ရိုက်ပြီး downloads ဆွဲယူလိုက်ပါ
Kyaw Nanda
လွန်ခဲ့သော ၅ နှစ် ကGreen Way စိုက်ပျိုးရေးသင်တန်းစာအုပ် လိုချင်ပါတယ်၊ဘယ်လိုဆက်သွယ်ရမလဲ ခင်ဗျာ။
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
ဆက်စပ်မေးခွန်းများ
မြေ ph level တိုင်းတာရန် တိုင်းစက်အပြင် အခြား မည်သည့်နည်းလမ်းဖြင့် တိုင်းတာလို့ရနိုင်ပါလဲ ခင်ဗျ
U Soe • ဖြေကြားချက် 4 ခု
ထရိုင်ကိုဒါးမားကို မန္တလေး (သို့မဟုတ်) တံတားဦးအနီးတဝိုက် ဘယ်မှာဝယ်ယသလို့ရလဲသိချင်ပါတယ်ဗျ
Nyan Lwin Tun • ဖြေကြားချက် 2 ခု
ပဲပုပ် စစိုက်မှာမလို့ပါ ပဲမြစ်ဖုဘက်တီးရီးယား ဘယ်မှာဝယ်လို့ရနိုင်ပါလဲ ပဲပုပ်အတွက်
Nay • ဖြေကြားချက် 1 ခု
ကြက်ချေးနွားချေး၄၀ရာခိုင်နှုန်း စပါးခွံ၄၀ရာခိုင်နှုန်း ပြာ၂၀ရာခိုင်နှုန်းemပွားရည်နဲ့ ဖွဲနု၁၀၀ပြည်နဲ့လုပ်ထားတယ် ၄ခါလှ်တယ် သူက၃၅ရာခိိုင်နှုန်းလျှော့တယ်မဲတယ် အပူကင်းပြီ မြေနံ့ရ မြေဆွေးဖြစ်ပြီးလား အပင်သိသာအောင်ဘယ်လိုသုံးရမလဲ လုပ်ရောင်းဖို့ကြိုးစားနေတာ
ဇေယျာဟိန်း • ဖြေကြားချက် 4 ခု
မြေချဉ်ငန်ကိန်း5.1မြေကို ပြင်ချင်လို့ ဒိုလိုမိုက်ဘာ်လောက်kgသုံးရမလဲ
phyo lay • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026