အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြေပြန့် ချယ်ရီပင် (gliricidia) အား သစ်စိမ်းမြေသြဇာ အနေဖြင့် အသုံးပြုခြင်း

မြေပြန့် ချယ်ရီပင် (gliricidia) အား သစ်စိမ်းမြေသြဇာ အနေဖြင့် အသုံးပြုခြင်း

စပါးစိုက်ပျိုးရာတွင် တစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက် ဓာတ်မြေသြဇာများကို စနစ်တကျ သုံးစွဲရမည့် နှုန်းထားနှင့် နည်းများသာမက သဘာဝမြေသြဇာအဖြစ် သတ်မှတ်နိုင်သော သစ်စိမ်းမြေသြဇာတစ်မျိုးဖြစ်သည့် မြေပြန့် ချယ်ရီပင် (Gliricidia) ကို စပါးစိုက် လယ်မြေများတွင် သုံးစွဲနိုင်မည်ဖြစ်ပါသည်။

မြေပြန့် ချယ်ရီပင် (Gliricidia) သည် ပဲမျိုးရင်းဝင် အပင်တစ်မျိုးဖြစ်ပြီး မခုတ်ဖြတ်ပဲထားပါက ပေ၃၀မှ ၃၆ပေအထိ မြင့်တက်နိုင်ပါသည်။

မြေအမျိုးအစားများစွာ၌ အလွယ်တကူ စိုက်ပျိုးနိုင်ခြင်းကြောင့် လယ်မြေတွင်သာမက မြေများ ယာမြေများ၊ ခြောက်သွေ့သော အပူပိုင်းဒေသ များတွင် လေကာတန်းပင် အဖြစ် စိုက်ပျိုးနိုင်ပါသည်။
မြေပြန့် ချယ်ရီပင် (Gliricidia) ပင်ကို ပဲလွမ်း၊ ပိုက်ဆံလျှော် သစ်စိမ်းများ ကဲ့သို့ သီးခြားစိုက်ပျိုးရန် မလိုအပ်ဘဲ ကန်သင်းရိုးတွင်လည်း စိုက်ပျိုးနိုင်ပါသည်။

ပဲလွမ်း၊ ပိုက်ဆံလျှော် အစရှိသည့် သစ်စိမ်းတို့သည် မိုးနှောင်းရာသီတွင်သာ စိုက်ပျိုးနိုင်သဖြင့် တစ်နှစ်လျှင် သစ်စိမ်းတစ်ကြိမ်သာ ထည့်သွင်းခွင့်ရှိသော်လည်း မြေပြန့်ချယ်ရီပင် (Gliricidia) သစ်စိမ်းကို စပါးစိုက် ရာသီတိုင်း ထည့်သွင်းပေးနိုင်ပါသည်။

မိမိထည့်သွင်းလိုသည့် သစ်စိမ်းပမာဏ အတိအကျကို ထည့်သွင်းပေးနိုင်ပါသည်။

ကော်ဖီပင်များအတွက် အရိပ်ပင်အဖြစ် စိုက်ပျိုးနိုင်ပြီး အကြမ်းခံနိုင်သော အပင်ဖြစ်ပါသည်။

အကျိုးကျေးဇူး

(၁) နိုက်ထရိုဂျင်ကြွယ်ဝသော မြေပြန့်ချယ်ရီပင် (Gliricidia) ကို လယ်မြေတွင် တစ်ဧကလျှင် ၂ တန်နှုန်း ထည့်ပေးခြင်းဖြင့် စပါးအထွက် ၂၅ မှ ၃၀ ရာခိုင်နှုန်း တိုးလာနိုင်ပါသည်။

(၂) နှစ်ရှည်ထည့်သွင်းပေးခြင်းဖြင့် မြေဆီထက်သန် လာနိုင်ပါသည်။

(၃) သစ်စိမ်းအဖြစ် သာမက အရိုးများကို လောင်စာထင်းအဖြစ် သုံးနိုင်ပါသည်။

(၄) တောင်သူများအတွက် စိုက်ပျိုးရလွယ်ကူပြီး ကုန်ကျစရိတ် သက်သာစေပါသည်။

မြေပြန့် ချယ်ရီပင်(Gliricidia) တွင်ပါဝင်သော အပင်အာဟာရဓာတ်များ

နိုက်ထရိုဂျင် -၂.၉၆%

ဖော့စ်ဖရပ်- ၀.၁၈%

ပိုတက္စီယမ္- ၀.၈၀%

သစ်ဆွေးဓာတ်- ၅၃.၂၅%

C:N-၁၈.၂၅%

မြေပြန့် ချယ်ရီပင် (Gliricidia) အပင်များစိုက်ပျိုးခြင်း

(၁) ပင်ကြား၊ တန်းကြား ၂၀ ပေ စိုက်ပါက တစ်ဧကလျှင် ၁၀၈ ပင် ဝင်ဆန့်ပြီး ပင်ကြား၊ တန်းကြား ၁၀ ပေ စိုက်ပါက တစ်ဧကလျှင် ၄၃၅ ပင် ဝင်ဆန့်ပါသည်။

(၂) ၂၀ ပေ x ၂၀ ပေ တစ်ဧကကွက်မှ တစ်ကြိမ်ခုတ်လျှင် အရွက်စိုအလေးချိန် ၅ တန်နှင့် ထင်းကိုင်းအစိုအလေးချိန် ၂တန် ရရှိနိုင်ပါသည်။

(၃) ၁၀ ပေ x ၁၀ ပေ တစ်ဧကကွက်မှ တစ်ကြိမ်ခုတ်လျှင် အရွက်စိုအလေးချိန် ၁၉ တန်နှင့် ထင်းကိုင်း အစိုအလေးချိန် ၉ တန် ရရှိနိုင်ပါသည်။

(၄) တစ်ဧက အတွက် သစ်စိမ်း၂တန် ထည့်သွင်းလိုပါက အပင် ၈၆ ပင် လိုအပ်မည်ဖြစ်ပါသည်။

(၅) ၅နှစ်သားအရွယ် မြေပြန့် ချယ်ရီပင် (Gliricidia) အပင် ၅ ပင်ကို ခုတ်ဖြတ်ပါက အရွက်အစိုအလေးချိန် ၂၁၄ ကီလိုဂရမ် (ပိဿာ ၁၃၀) နှင့် ထင်းကိုင်း အစိုအလေးချိန် ၁၀၃ ကီလိုဂရမ် (၆၃ ပိဿာ) ရရှိမည် ဖြစ်ပါသည်။

(၆) အစေ့မှ စိုက်လျှင် ၂၄ လ ကြာနှင့် ကိုင်းဖြတ်စိုက်လျှင် ၁၈ လ ကြာတွင် ကိုင်း စတင် ခုတ်သိမ်းနိုင်ပါသည်။

(၇) တစ်ကြိမ်ကိုင်းခုတ်ပြီးပါကရေ၊ မြေ၊ ရာသီဥတုအပေါ် မူတည်၍ (၃) လမှ (၅) လ အကြာတွင် နောက်တစ်ကြိမ် ပြန်လည်ခုတ်နိုင်ပါသည်။ စပါးစိုက်ပျိုးရာတွင် မြေပြန့် ချယ်ရီပင် စိုက်ပျိုးနည်း (Gliricidia) အသုံးပြုနည်း

(၁) မြေပြန့် ချယ်ရီပင် (Gliricidia) အပင်များကို ခုတ်ပြီး လယ်မြေတွင် ပြန့်နှံအောင်ဖြန့်ခင်းထားပါ။

(၂) ၁၀ရက်အကြာတွင် အရွက်များ ကြွေသွားပြီဖြစ်၍ ကိုင်းခြောက်များ ကောက်ယူပြီး ထင်းအဖြစ်လည်းကောင်း ၊ ခြံစည်းရိုးတိုင်များအဖြစ်လည်းကောင်း သုံးနိုင်ပါသည်။

(၃) ပြန့်နှံနေသော အရွက်များကို စက်ဖြင့် ဖြစ်စေ၊ နွားထယ်ဖြင့်ဖြစ်စေ ထယ်ထိုးမြေမြှုပ် ရပါသည်။

စိုက်ပျိုးရေး ဦးစီးဌာန

စိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့ရများ အသင်းမှ ထုတ်ဝေသော စာအုပ်မှ ကူးယူ ဖော်ပြထားခြင်းဖြစ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

myo

myo

လွန်ခဲ့သော ၄ နှစ် က

ပန်းပွင့်ချိန်ေလးေရးေပးပါ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မြေ ph level တိုင်းတာရန် တိုင်းစက်အပြင် အခြား မည်သည့်နည်းလမ်းဖြင့် တိုင်းတာလို့ရနိုင်ပါလဲ ခင်ဗျ

U Soe • ဖြေကြားချက် 4 ခု

ထရိုင်ကိုဒါးမားကို မန္တလေး (သို့မဟုတ်) တံတားဦးအနီးတဝိုက် ဘယ်မှာဝယ်ယသလို့ရလဲသိချင်ပါတယ်ဗျ

Nyan Lwin Tun • ဖြေကြားချက် 2 ခု

ပဲပုပ် စစိုက်မှာမလို့ပါ ပဲမြစ်ဖုဘက်တီးရီးယား ဘယ်မှာဝယ်လို့ရနိုင်ပါလဲ ပဲပုပ်အတွက်

Nay • ဖြေကြားချက် 1 ခု

ကြက်ချေးနွားချေး၄၀ရာခိုင်နှုန်း စပါးခွံ၄၀ရာခိုင်နှုန်း ပြာ၂၀ရာခိုင်နှုန်းemပွားရည်နဲ့ ဖွဲနု၁၀၀ပြည်နဲ့လုပ်ထားတယ် ၄ခါလှ်တယ် သူက၃၅ရာခိိုင်နှုန်းလျှော့တယ်မဲတယ် အပူကင်းပြီ မြေနံ့ရ မြေဆွေးဖြစ်ပြီးလား အပင်သိသာအောင်ဘယ်လိုသုံးရမလဲ လုပ်ရောင်းဖို့ကြိုးစားနေတာ

ဇေယျာဟိန်း • ဖြေကြားချက် 4 ခု

မြေချဉ်ငန်ကိန်း5.1မြေကို ပြင်ချင်လို့ ဒိုလိုမိုက်ဘာ်လောက်kgသုံးရမလဲ

phyo lay • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။