အပင်တွေကို ရေဓာတ်ပေးစွမ်းနိုင်တဲ့ မြေဆီလွှာအတွင်းက ဆံချည်ရေပြွန်
ဆံချည်ရေပြွန်(Capillary tube )ဆိုတာဘာလဲ?
သီးနှံပင်ရဲ့ အမြစ်လေးတွေ အစိုဓာတ်ရရှိဖို့ မြေကြီးအောက်ရေလွှာကနေ မြေကြီးပေါ်ကို မြေမှုန်( soil particles)တစ်ခုနှင့်တစ်ခုကြား ဆံချည်သဏ္ဌာန် သေးငယ်တဲ့ ဒေါင်လိုက်ပြွန်လေးတွေကို ဆံချည်ရေပြွန်(water capilary tube)လို့ခေါ်ပါတယ်။
အပင်တွေအတွက် ဘယ်လိုအရေးပါတာလဲ?
ဒီလို ဆံချည်ရေပြွန်လေးတွေ မြေကြီးထဲမှာ သန်းပေါင်းများစွာရှိနေပါတယ်။ မိုးများရွာသွန်းတဲ့ကာလတွေမှာ မိုးရေများဟာ ဆံချည်ရေပြွန်ကနေတဆင့် ကမ္ဘာ့ဆွဲအားအတိုင်း မြေအောက်ကို စီးဆင်းကြရပါတယ်။
မိုးခေါင်တဲ့ကာလတွေမှာ ဆောင်းရာသီ မိုးပါးတဲ့ကာလတွေမှာတော့ ရာသီဥတုပူပြင်းလာတာနဲ့အမျှ မြေအောက်ရေတွေဟာ ကမ္ဘာ့မြေဆွဲအားကို ဆန့်ကျင်ပြီး ဆံချည်ပြွန်လေးတွေကတဆင့် မြေအပေါ်ယံလွှာဆီကို ရေငွေ့အဖြစ်တက်လာစေပါတယ်။ ဒီအနေအထားမှာ အပင်ရဲ့အမြစ်လေးတွေ အစိုဓာတ်ရရှိပြီး ရှင်သန်စေတာပါ။
တစ်ချိန်တည်းမှာပဲ ဆံချည်ပြွန်လေးတွေရဲ့ အရေးပါတဲ့လုပ်ငန်းကတော့ အပင်အတွက် အာဟာရဓာတ်တွေနဲ့ အမြစ်ဇုံမှာ အသက်ရှုဖို့အောက်ဆီဂျင်ရရှိအောင် ပြုလုပ်ပေးပါသေးတယ်။
ဘယ်မြေအမျိုးအစားမဆို ဆံချည်ရေပြွန်လေးတွေက အတူတူပဲလား?
မတူပါဘူး။ မြေအမျိုးအစားကိုလိုက်ပြီး ဆံချည်ရေပြွန် အကြီးအသေး၊ မြေအောက်ရေ မြင့်တင်ပေးနိုင်စွမ်း ကွာခြားကြပါတယ်။
နုန်းမြေနဲ့ မြေစေးမြေတွေမှာ မြေမှုန်(soil particles)သေးလို့ ဆံချည်ပြွန်သေးပါတယ်။ ဆံချည်ပြွန်သေးလေ ရေမြှင့်တင်နိုင်စွမ်း မြင့်မားလေဖြစ်ပါတယ်။ (သို့သော် မြေစိုလွန်းနေချိန်မှာ ထွန်ထယ်ကိရိယာ ဝင်ရောက်ခြင်း၊ မြေစိုလွန်းချိန် စိုက်ပျိုးပါက နှမ်းဖတ်တောင့်သဏ္ဌာန် မြေမာကျောကျစ်လစ်ခြင်း(Soil compacted)ဖြစ်တတ်ပါတယ်။
ယင်း အနေအထားမျိုးဟာဆံချည်ပြွန်ပျက်စီးပြီး အမြစ်ဇုံမှာ ရေငတ်/အောက်ဆီဂျင်ပြတ်ကာ အပင်ကြီးထွားမှုရပ်တန့်စေပါတယ်။
သဲဆန်မြေတွေမှာ မြေမှုန်sizeကြီးတဲ့အတွက် မြေမှုန်တစ်ခုနဲ့တစ်ခုအကြား space ကျယ်လို့ ဆံချည်ပြွန်size ကြီးပါတယ်။
ဆံချည်ရေပြွန်ကြီးလေ ရေမြှင့်တင်နိုင်စွမ်း နိမ့်လေဖြစ်ပါတယ်။
(ဒါ့ကြောင့် သဲမြေတွေမှာ ရေနဲ့အစိုဓာတ်ထိန်းနိုင်စွမ်း နည်းပါတယ်။)
ဆံချည်ရေပြွန်လေးတွေ ရှိပါလျက်နဲ့ ဆောင်းသီးနှံတွေ ဘာကြောင့် အောက်ဓာတ်ပြတ်ရတာလဲ?
အမြစ်ဇုံမှာ အကြောင်းကြောင်းကြောင့် မြေကြပ်/ခါးကြပ်ခြင်း။
ပတ်ကြားကွဲလွယ်တဲ့ မြေ(မြေစေးမြေ)မှာ မြေစိုလွန်ချိန် ထွန်ရေးပြင်ခဲ့ခြင်း စတဲ့ အချက်တွေဟာ ဆံချည်ပြွန်လေးတွေ ပိတ်ပြီးသကာလ ရေဓာတ်ဆုံးရှုံးစေပါတယ်။
ဆံချည်ပြွန်ကနေတဆင့် ရေပို့ပေမဲ့လည်း အပေါ်ယံမြေဟာနေကာ (အဖုံးပစ္စည်းမရှိသဖြင့်)အမြစ်ဇုံမှာ ရေမထိန်းနိုင်ခြင်းကြောင့်လည်း ဖြစ်ပါတယ်။

ဒါဆို ရေကိုဘယ်လိုထိန်းရမလဲ?
ပတ်ဝန်းကျင်အပူချိန်မြင့်ရင် မြေအောက်ရေတွေ ဆံချည်ပြွန်ကနေတဆင့် မြေပေါ်ကို ရေငွေ့ပျံလေ့ရှိပါတယ်။
(မြေကြီးပေါ်မှာ မိုးကာစကို ခင်းပြီး.တစ်ညထားကြည့်ပါ။ နောက်နေ့မနက်မှာ မိုးကာစအောက်မှာ စိုနေတာကိုတွေ့ရပါလိမ့်မယ်။)
ဒါကြောင့် အမြစ်ဇုံမှာ အစိုဓာတ် ကြာရှည်ထိန်းနိုင်အောင် ဘောင်ပေါ်ကို ပလတ်စတစ် အုပ်ပြီး စိုက်ကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံအထက်ပိုင်း မိုးနည်းဒေသတွေမှာလည်း အစိုဓာတ်ကြာရှည်ထိန်းနိုင်ဖို့ မျိုးစေ့ချပြီးရင် ဒလိမ့်တုံး/ကြမ်းတုံးနဲ့ဖိအုပ်ထားခဲ့ရပါတယ်။ ဒီနည်းသည်ဟာ ဆံချည်ပြွန်ကနေ ရေငွေ့ကို ဖမ်းထိန်းတဲ့ သဘောပဲ ဖြစ်ပါတယ်။
မြန်မာပြည်အောက်ပိုင်း စပါးပြီး ပဲစိုက်တောင်သူများဟာလည်း စပါးသိမ်းပြီး ပဲထွန်ရေးကို စိုက်ချိန်လုရင်း မြေစိုချိန် ပဲကြဲမည့်အစား စပါးရိုးပြတ်ကြား ထယ်/ထွန်မဝင်ပဲ၊ ခုတ်ဖုံးစနစ်(ပဲကြဲပြီးနောက် စပါးရိုးပြတ်များကို မြက်ဖြတ်စက်/ရိုလာဝင်ခြင်း) နည်းနဲ့ စိုက်ပျိုးခြင်းဟာ ဆံချည်ရေပြွန်လေးများကို ထိန်းသိမ်းခြင်းနဲ့ အစိုဓာတ်ကို ရိုးပြတ်ဖုံးပြီး ဖမ်းထိန်းတဲ့ သဘောပဲဖြစ်ပါတယ်။
ပြန်ချုပ်ရမယ်ဆိုရင်
ဆံချည်ရေပြွန်(water capilary tube)တွေဟာ အပင်တွေ ရေဓာတ်ပေးစွမ်းနိုင်တဲ့ သဘာဝရေစုပ်စက်တာမျိုးလို့ ဆိုနိုင်ပါတယ်။
မြေဆီလွှာကို ကောင်းစွာပြုပြင်ခြင်းနည်းနဲ့ ဆံချည်ပြွန်လေးများ မပျက်စီးရအောင် ဂရုစိုက်မယ်ဆို သီးနှံပင်တွေ ရေနဲ့ အာဟာရဓာတ် ကောင်းစွာရရှိစေနိုင်တဲ့အတွက် သီးနှံတွေအထွက်နှုန်းတိုးလာစေနိုင်တာမို့ အစိမ်းရောင်လမ်းတောင်သူများအတွက် စေတနာများစွာဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Ko Phyo
လွန်ခဲ့သော ၁၀ လ ကကျေးဇူးပါ
Khin maung win
လွန်ခဲ့သော ၁ နှစ် ကဗဟုသုတများစွာရလို့ ကျေးဇူးပါခင်ဗျာ
မင်းမင်းအောင်
လွန်ခဲ့သော ၁ နှစ် ကကျေးဇူးတင်ပါတယ်ဆရာ
Win Ko Thu
လွန်ခဲ့သော ၁ နှစ် ကကျေးဇူးပါ
ဦးခင်မောင်မြင့်
လွန်ခဲ့သော ၁ နှစ် ကလုပ်ရိုးလုပ်စဥ်အရလုပ်နေပေမဲ့ သဘောတရားသိသွားတော့ ဆောင်တတ်ရှောင်တတ်သွားပါတယ်
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
ဆက်စပ်မေးခွန်းများ
ကြက်ချေးနွားချေး၄၀ရာခိုင်နှုန်း စပါးခွံ၄၀ရာခိုင်နှုန်း ပြာ၂၀ရာခိုင်နှုန်းemပွားရည်နဲ့ ဖွဲနု၁၀၀ပြည်နဲ့လုပ်ထားတယ် ၄ခါလှ်တယ် သူက၃၅ရာခိိုင်နှုန်းလျှော့တယ်မဲတယ် အပူကင်းပြီ မြေနံ့ရ မြေဆွေးဖြစ်ပြီးလား အပင်သိသာအောင်ဘယ်လိုသုံးရမလဲ လုပ်ရောင်းဖို့ကြိုးစားနေတာ
ဇေယျာဟိန်း • ဖြေကြားချက် 4 ခု
မြေချဉ်ငန်ကိန်း5.1မြေကို ပြင်ချင်လို့ ဒိုလိုမိုက်ဘာ်လောက်kgသုံးရမလဲ
phyo lay • ဖြေကြားချက် 2 ခု
ပြောင်စိုက်ဖို့ထယ်ကြောင်းဆွဲပြီး..သဘာဝမြေသြဇာရယ်..ဂျစ်ဆပ်ကျောက်မှုန့်ရယ်..ငါးအမိုင်နို.အာ့သုံးမျိုးရေပြီးမြေခံအဖြစ်ထည့်သုံးလို့ရလားဗျ..
kyaw min latt • ဖြေကြားချက် 2 ခု
မင်္ဂလာပါခင်ဗျာ ကျွန်တော် ဒီတခါ သိချင်တာက ကျနော့် ငရုတ်ခင်းက ပုလဲဓါတ် ပိုသုံးလိုက်လို့ အပင်ခြေက မြေမာလာပါတယ် အဲဒါ ကျောက်မှုန့်ကို အပင်ခြေကို ထည့်လို့ရသလား သိချင်လို့ပါ ဖြေပေးကျပါဦး ခဗျ
Aung Aung • ဖြေကြားချက် 1 ခု
ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ
ဇင်မင်းကို • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Thar Po
အားလုံး