စောင်းလျားသီးယို ကိုယ်တိုင်ထိုးမယ်
နှစ်တွေတော်တော်ကြာပေမဲ့ ယိုတွေဆို စွဲစွဲမြဲမြဲစားသုံးနေတုန်းဆိုတော့ စားနေကျထဲကနေ နည်းနည်းလေးခွဲထွက်ပြီးတော့ Star Fruit (စောင်းလျားသီး) ယိုကို ကိုယ့်ဘာသာလုပ်စားလို့ရအောင် နည်းလမ်းလေး ပြောပြပေးလိုက်ပါတယ်။ ချိုချဉ်ရသာလေးရှိတဲ့အပြင်ကိုမှ တစ်ခြားသော ကျန်းမာရေးအကျိုးတွေဖြစ်တဲ့
(၁) ကယ်လိုရီနည်းပါးခြင်း
(၂) အမျှင်ဓာတ်တွေ အများကြီးပါလို့ အစာချေတာကို ကူညီပေးတယ်။ ပြီးတော့ အဆိပ်အတောက်တွေကို ကူညီဖယ်ရှားပေးနိုင်ပါသေးတယ်။
(၃) ဗီတာမင်စီတွေ အများကြီးပါတာကြောင့် ကိုယ်ခံအားကို တိုးစေပါတယ်။ ပြီးတော့ ဗီတာမင် ဘီ ပါတာကြောင့် စိတ်ကိုကြည်လင်လန်းဆန်းစေပါတယ်။
(၄) ပိုတက်စီယမ်၊ ဇင့်(သွပ်)၊ သံဓာတ် စတဲ့ ဓာတ်တွေပါတယ်ဆိုတော့ ကျန်းမာရေးအတွက် ကောင်းပါတယ်လို့ ကြော်ငြာစရာမလိုတော့ဘူးပေါ့။
(၅) နာကျင်နေတဲ့အချိန်၊၊ ကိုယ်ဝန်ဆောင် နာကျင်တဲ့အချိန်တွေဆို (၃)နာရီခြားပြီး အသီးစိတ်လေးတွေကို စားပေးတာနဲ့တင် သက်သာစေပါတယ်။
ကောင်းတာတွေပြောပြီးတော့ ယိုဘယ်လိုလုပ်မလဲဆိုတာကို ဆက်သွားကြတာပေါ့။
ပထမဆုံးအဆင့်က လိုတာတွေကို စုဆောင်းရမယ်။
(၁) လတ်ဆတ်တဲ့ စောင်းလျားသီး ၈ ခွက်ခွဲ
(၂) သကြားက (၃)ခွက်
(၃) ဗင်နီလာအရည်က ခွက်ရဲ့ (၈)ပုံ ပုံလို့ တစ်ပုံ
(၄) လီမွန် တစ်စိတ် ဒါမှမဟုတ် ကြိတ်ထား/ မွှထားတဲ့ ဂျင်းဖတ်လေးတွေ စားပွဲတင်ဇွန်း (၁)ဇွန်း
(၅) ဖာလာစေ့ နည်းနည်း
စလုပ်ကြမယ်နော်
(၁) အသီးတွေကိုရေဆေးပြီးတော့ အပေါ်ဆုံးနဲ့ အောက်ဆုံးအပိုင်းကိုဖြတ်ထုတ်လိုက်ပြီးတော့ အခွံလေးတွေကို သေချာခွာပေးပါ။ ပြီးတော့ အချောင်းအရှည်လေးတွေဖြစ်အောင် လှီးထားပေးပါ။
(၂) ဗင်နီလာကို ထည့်ပါ။
(၃) ဖာလာစေ့ကို ထည့်ပေးပါ
(၄) ဂျင်းဖတ်လေးတွေ ဒါမှမဟုတ် လီမွန်သီး ညှစ်ထည့်ပါ။
(၅) သမအောင်မွှေပါ။
(၆) အဖုံးပိတ်ပြီး တစ်ညသိပ်ထားပေးပါ။
(၇) နောက်နေ့ကျတော့ အကုန်လုံးကို ကြိတ်လိုက်ပါ.
(၈) အပူချိန်အေးအေးလေးနဲ့ တစ်နာရီလောက်ကြာအောင် (အစေးကျတဲ့ထိ) တည်ပေးပါ။
(၉) ပြီးတော့ ပုလင်းထဲထည့်ပြီး (၄)နာရီ ကြာအောင်ထားပေးပါ။
(၁၀) ပြီးရင်တော့ စားသုံးလို့ရပါပြီ။ အိမ်သုံးအတွက်ပါနော်။
ထွန်းဝင်းကျော်
Ref:https://www.blueosa.com/star-fruit-jam/
Mark
လွန်ခဲ့သော ၅ နှစ် ကဗင်နီလာအရည် ကိုမသိလို့အလင်းပေးကြပါဥိး
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်
wai wai oo • ဖြေကြားချက် 2 ခု
ပဲကြီးလှောင်ရင်ဘာဆေးတေအုပ်ရလည်းသိချင်လို့ပါ
ပုတူး • ဖြေကြားချက် 1 ခု
မိုးစပါး စဉ့်သုခ တင်း100ကို ပေါက်ဈေးဘယ်လောက်ရှိလဲ ဧရာဝတီတိုင်း ကျောင်းကုန်းပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
ရခိုင်ပြည်ထဲက ကွမ်းစိုက်ပျိုး ရောင်းဝယ်နေကြတဲ့ ညီကိုတွေနဲ့ဆက်သွယ်ချင်ပါတယ်
Bonaparte Kyawhtay • ဖြေကြားချက် 1 ခု
အိမ်တွင်းဖြစ်ဘိုကာရှီသုံးနည်းကိုရှင်းပြပေးပါ
မောင်ရဲသူအောင် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026