အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စိုက်ပျိုးရေကိုချွေတာမှာ အစက်ချနှင့်ရေဖျန်းစနစ်ပါ

စိုက်ပျိုးရေကိုချွေတာမှာ အစက်ချနှင့်ရေဖျန်းစနစ်ပါ

Green Way
Green Way • Greenovator • 07/01/2020

မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဇုန်ဒေသတွင် အဓိကယာသီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစဉ်းငုံစသည့် သီးနှံများနှင့်  ဟင်းသီးဟင်းရွက်သီးနှံအချို့ကို စိုက်ပျိုးလေ့ရှိရာ မြေတွင်းအစိုဓါတ်ကို ဖမ်းမိစေရန် အချိန်အခါမီ စိုက်ပျိုးရန်လိုအပ်ပါသည်။ သို့သော် သီးနှံစိုက်ချိန် အပူချိန်မြင့်မားခြင်း၊ လေတိုက်နှုန်းမြင့်မားခြင်းတို့ကြောင့် မြေတွင်းအစိုဓါတ်ဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါသည်။ ၎င်းအချိန်တွင် သီးနှံပင်အတွက် မြေအစိုဓါတ်လုံလောက်စေရန် ဖြည့်စွက်ရေပေးသွင်းခြင်းကို ဆောင်ရွက်ရန်လိုအပ်ပါသည်။

ဖြည့်စွက်ရေအတွက် မိုးရေထိန်းသိမ်းသိုလှောင်ကန်များမှလည်းကောင်း၊ မြစ်ရေတင်များမှလည်းကောင်း၊ ရေသွင်းရာတွင်ဆုံးရှုံးမှုများသော ထယ်ကြောင်းအတိုင်းရေပေးသွင်းမည့်အစား သွင်းရေချွေတာနိုင်သော ရေမွှားဖျန်းစနစ်၊ အစက်ချရေသွင်းစနစ်များကို အသုံးပြုသင့်ပါသည်။ သို့ဖြစ်ပါ၍ စိုက်ပျိုးရေကို စနစ်တကျသွင်းနိုင်ပြီး ရေတင်စရိတ်ခြွေတာနိုင်သော ရေမွှားဖျန်းစနစ်သုံးခြင်းဖြင့် မြေပဲသီးနှံစိုက်ပျိုးထုတ်လုပ်မှုတွင် အကျိုးသက်ရောက်မှုရှိကြောင်း လေ့လာတွေ့ရှိထားပါသည်။ မြေပဲသီးနှံစိုက်ပျိုးထုတ်လုပ်မှုတွင် ရေမွှားဖျန်းရေပေးစနစ်ဖြင့် မြေတွင်းအစိုဓါတ် မလုံလောက်မှုကြောင့် ဖြည့်စွက်ပေးရမည်ဆိုလျှင် စိုက်ပျိူးရေကို (၅၀) ရာခိုင်နှုန်းခန့် ချွေတာနိုင်ပြီး ပင်ထောင်ခရမ်းချဉ်မျိုး (2777F) တွင် အစက်ချရေသွင်းခြင်းဖြင့် စိုက်ပျိုးရေကို (၅၀-၇၀) ရာခိုင်နှုန်းခန့်ချွေတာနိုင်ကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။

Source - တောင်သူအတွက်မှာ နည်းပညာ (DAR) စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။

ကိုထွေးကို

ကိုထွေးကို

လွန်ခဲ့သော ၃ နှစ် က

ခရမ်းကိုဘယ်လိုစက်ချမဘည်းဗျ

နေဖြိုးသျှံ

နေဖြိုးသျှံ

လွန်ခဲ့သော ၅ နှစ် က

ငရုတ်ကဘယ်လိုရေဖျန်းမလဲ

You

ဆက်စပ်မေးခွန်းများ

ကွမ်းစိုက်ထားတာလသားအရွယ်မှာပဲသေနေတာ ၃လသားရှိပြီ ပင်ခြေနားကနေအဖြူလေးတွေအလုံးတွေကပ်နေပြီးအမြစ်ပုတ်သေနေတာ ဘာလုပ်ရမလဲဗျာ

JohnSaw • ဖြေကြားချက် 3 ခု

"မင်္ဂလာပါ" ကျွန်တော်ကကွမ်းပင်အညွန့်ဖြတ်ရောင်းတဲ့ခြံရှင်ပါ ကွမ်းပင်ဖြတ်တာ အကြိမ်ရေများတော့ အညွန့်နည်းနည်းသေးသွားတယ် အဲ့တာကြောင့် အပင်ပြန်ကြီးလာအောင် ဆော်တာ ကျွေးလို့ရလားဗျ

Kyaw Aye • ဖြေကြားချက် 3 ခု

ဆရာကြီးဦးသိန်းစုရဲ့စာအုပ် linkရနိင်မလးဆရာ

U Than Toe Aung • ဖြေကြားချက် 3 ခု

ဆရာတို့ခင်ဗျားပျိုးပင်များနှုပ်ရလွယ်ကူအောင်မနှုပ်ခင်ဘယ်လိုဆောင်ရမလဲဖြေပေးပါဦးဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

ဆရာတို့ရေ စပါးယူဖရာ ဖစ်နေလို့ ကျန်ခဲ့တဲ့၁၅ရက်က ကာဘိုဆာဖန် 3gပတ် ထားတာလည်း မတန့်လို့ ဘာဆေးသုံးရမလည်း အကြံပေးပါအုံး

ko zaw • ဖြေကြားချက် 5 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။