အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဇွန် ၁၃ ရက် ညနေ ၃ နာရီမှ ဇွန် ၁၄ ရက် ညနေ ၃ နာရီအတွင်း မိုးများ၊ မိုးနည်းနိုင်သည့်ဒေသများ

ဇွန် ၁၃ ရက် ညနေ ၃ နာရီမှ ဇွန် ၁၄ ရက် ညနေ ၃ နာရီအတွင်း မိုးများ၊ မိုးနည်းနိုင်သည့်ဒေသများ

Green Way
Green Way • 13/06/2023

လက်ရှိမှာ အနောက်တောင်မုတ်သုံလေဟာ အားကောင်းရာကနေ အားအလွန်ကောင်းနေတဲ့ အခြေ အနေရှိနေလို့ ဒေသတချို့မှာ မိုးများမှုတွေ ရှိနေပါတယ်။ 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့ ဇွန် ၁၃ မွန်းလွဲ ၂ နာရီ တိုင်းထွာချက်တွေကို ထုတ်ပြန်ထားရာမှာလည်း ‘ လွန်ခဲ့သော (၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်’ လို့ ဖော်ပြထားပါတယ်။

လက်ရှိအချိန်ဟာ ဒေသအများစုမှာ မိုးသီးနှံစိုက်ပျိုးမှုတွေလုပ်ကိုင်နေကြတဲ့အချိန်အခါလည်းဖြစ်နေလို့ ကြိုတင်ပြင်ဆင်မှုများလုပ်နိုင်ကြဖို့ ဒီနေ့ ညနေ ၃ နာရီကနေ မနက်ဖြန် ဇွန် ၁၄ ရက် ညနေ ၃ နာရီထိ ၂၄ နာရီအတွင်း မိုးများနိုင်၊ မိုးနည်းနိုင်တဲ့ဒေသတွေကို နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်ထံ ဆက်သွယ်မေးမြန်းပြီး ဖော်ပြပေးလိုက်ပါတယ်။

မိုးရေချိန် ၆ လက်မအထိ ရွာနိုင်ပြီး မိုးအလွန်များနိုင်သည့်ဒေသများ - ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းနယ်စပ်အနီးဒေသများ

မိုးရေချိန် ၂ လက်မမှ ၄ လက်မကျော်အထိ ရွာနိုင်ပြီး မိုးများနိုင်သည့်ဒေသများ - ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ဧရာဝတီအနောက်ခြမ်းပင်လယ်ကမ်းခြေဒေသများ၊ ကယားပြည်နယ်၊ မွန်ပြည်နယ်

၂ လက်မ အောက်ရွာနိုင်/နေရာကွက်ပြီး မိုးများနိုင်သည့်ဒေသများ - ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်း 

မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်း မိုးနည်းရေရှားရပ်ဝန်းဒေသတွင်းကဒေသများ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းဒေသအချို့၊ ရခိုင်ပြည်နယ်မြောက်ပိုင်းအစွန်ဒေသအချို့နဲ့ အိန္ဒိယ နိုင်ငံနယ်စပ်အနီး ချင်းပြည်နယ်အနောက်ပိုင်းဒေသအချို့ကတော့ မိုးများနိုင်ချေမရှိသေးဘဲ ဇွန်လ ၁၅ ရက် ညနေပိုင်းခန့်မှန်းချက်တွေအထိ မိုးနည်းနေဦးမယ်လို့ ဦးဝင်းနိုင်က ပြောထားပါတယ်။

Photos Crd_ U Win Naing, မိုး/ဇလ

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။