ခြောက်သွေ့စိုက်ဆင်းလေပြင်းများကြောင့် ဒေသအချို့တွင် လေပြင်းကျခြင်းနှင့် မိုးရွာခြင်းများ နေ့စဉ်ဆက်ရှိနိုင်
ခြောက်သွေ့စိုက်ဆင်းလေပြင်းများကြောင့် ဒေသအချို့မှာ လေပြင်းကျခြင်းနဲ့ မိုးရွာခြင်းများ နေ့စဉ်ဆက်ရှိနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်လေ့လာသူတစ်ဦးဖြစ်သူ ဦးဝင်းနိုင် က သတိပေးပြောကြားပါတယ်။
“ ဒီနေ့ မွန်းတည့် ၁၂ နာရီလောက်က စပြီး အနောက်ဘက်(စစ်တွေ၊ မြေပုံ)ဘက်မှ မိုးတိမ်တောင်တွေ စဝင်လာတာ တွေ့ရပါတယ်။ မိုးတိမ်တောင်များ ဖြတ်သန်းသွားနိုင်ဖွယ်ရှိတဲ့ လမ်းကြောင်းပေါ်က အမ်း၊ ငဖဲ၊ မကွေး၊ မင်းလှ၊ ဆင်ပေါင်ဝဲ မြို့တွေနဲ့ အနီးတဝိုက်မှာ လေပြင်းကျခြင်း၊ မိုးရွာခြင်းနဲ့ ခြောက်သွေ့စိုက်ဆင်းလေပြင်း ကျရောက်နိုင်မယ့် အန္တရာယ်တွေ ရှိနိုင်ပါမယ်” ဦးဝင်းနိုင်က သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် ဒီနေ့မွန်းလွဲပိုင်းက သတိပေးမှု ပြုလုပ်ထားပါတယ်။
“ ရခိုင်ပြည်နယ်ဘက်ကနေ အရှေ့ဘက်ကိုရွေ့တာဆိုတော့ မကွေးတို့၊ ဆင်ပေါင်ဝဲတို့ နောက် နေပြည်တော်တို့ ဘာတို့ထိလည်း ရောက်နိုင်တယ်။ သူက အရှေ့ဘက်တည့်တည့်နဲ့ အရှေ့တောင်ဘက်ယွန်းယွန်းကို ဆင်းမှာ ဆိုတော့ အောက်ပိုင်းလည်း ဆင်းလာနိုင်တာပေါ့နော်” လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။
လက်ရှိရာသီဥတုအနေအထားတွေအရ ဒီလိုမျိုးအခြေအနေဟာ နေ့တိုင်းဖြစ်နေနိုင်တဲ့ အနေအထားမှာ ရှိနေတယ်လို့လည်း ဦးဝင်းနိုင်က ဆိုပါတယ်။
“ အခုဆိုရင်ကို တိမ်တွေက မကွေးပေါ်ရောက်နေပြီ။ နေ့တိုင်းကတော့ အဲ့ဒီလိုဖြစ်နေမယ့်အနေအထားရှိတယ်။ အခု အပူချိန်မြင့်တာနဲ့ဘာနဲ့ပေါ့။ တခုရှိတယ်။ ဝင်လာတဲ့ကောင်က တဖြည်းဖြည်းနဲ့ တိမ်ကပူလို့ အငွေ့ပျံပြီး အပေါ်ကိုထပ်တက်ပြီး ပျော့သွားလို့ရှိရင်တော့ ကျွန်တော်တို့ဘက်ကို ဝင်တာ သက်သာတာပေါ့။ နည်းနည်းသက်သာမယ်” ဟု ဦးဝင်းနိုင်က ပြောပါတယ်။
မိုးလေဝသဝက်ဘ်ဆိုဒ်ဖြစ်တဲ့ windy.com ကနေ စောင့်ကြည့်မှုအရတော့ ဒီနေ့ညနေပိုင်းမှာမကွေးတိုင်း သရက်မြို့ဘက်မှာ ညနေ ၃ နာရီကနေ ၆ နာရီအတွင်း တစ်နာရီ ၂၃ မိုင်လောက် လေတိုက်နိုင်တဲ့အနေအထားတွေ့ကြောင်း၊ တောင်တွင်းကြီးမှာလည်း မိုးနည်းနည်းရွာနိုင်ပြီး နေပြည်တော်မှာတော့ ဒီနေ့ လေပြင်းမယ့်အနေအထားမရှိဘဲ မိုးနည်းနည်းရွာနိုင်တဲ့အနေအထားရှိတယ်လို့လည်း ဦးဝင်းနိုင်က သတိပေးပါတယ်။
ဧပြီ ၂၀ ရက် မနေ့ကတော့ ဒေသအချို့မှာ လေပြင်းတိုက်ခဲ့မှုတွေကြောင့် အိမ်အချို့ အမိုးလန်ပျက်စီးတာ၊ ဓာတ်တိုင်ပျက်စီးတာတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ခြောက်သွေ့စိုက်ဆင်းလေပြင်း အန္တရာယ်ရှိနေချိန်အတွင်းမှာဆိုရင် မိုးသီးအန္တရာယ်၊ လေပြင်းအန္တရာယ်နဲ့ မိုးကြိုးမုန်တိုင်းအန္တရာယ်များကို သတိထားဖို့ လိုတယ်လို့ သိရပါတယ်။
မိုးဦးစ လေဦးစအချိန်နဲ့ ယခုကာလလိုမျိုး မိုးဦးနဲ့ဝေးနေသေးတဲ့အချိန် မုတ်သုန်လည်း မဝင်သေးတဲ့အချိန်မျိုးတွေမှာ မိုးတိမ်တောင်ကြီးတွေ ဖြစ်လာရင် စိုက်ဆင်းလေပြင်းဆိုတာ ဖြစ်တတ်ကြောင်းနှင့် အဲ့ဒီအချိန်မျိုးမှာ မိုးကြိုးမုန်တိုင်းဆိုတာပါ ပါလာမယ်ဆိုရင်တော့ လူတွေ၊ တိရစ္ဆာန်တွေ မိုးကြိုးပစ်ခံရနိုင်တဲ့ အန္တရာယ်ရှိတယ်လို့လည်း သိရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026