အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နေ့စဉ်မိုးလေဝသသတင်း

နေ့စဉ်မိုးလေဝသသတင်း

မိုးဇလ
မိုးဇလ • Greenovator • 22/04/2019

(၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၂)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ယနေ့ညနေအထိ ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃) ပေမှ (၅) ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက် ခန့်မှန်းချက်။  စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်။   တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်။   တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်။   တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မိုးဇလ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

စပါးပင်များတွင်နှံ့စုပ်ပိုးများတွေ့နေ၍ဘယ်လိုပြုလုပ်ရမလဲဆရာ။

U Win Zaw • ဖြေကြားချက် 1 ခု

ရက်၉၀စပါးပျိုးကြဲစိုက်ပျိုးမှာဖြစ်တဲ့အတွက် စပါးမရိတ်သိမ်းမီကာလအတွင်း ရေတင်ခြင်း ရေနုတ်ခြင်းများကို မည်သည့်အချိန်များတွင်လုပ်ဆောင်ရမည်ကိုဖြေကြားပေးပါ

ဦးငြိမ်းချမ်း • ဖြေကြားချက် 3 ခု

ဆရာကြီးခင်ဗျ ဒီနှစ်မှမကြုံစဖူး နောက်ကျထွန်ပဲခင်းတေ ငမြောင်တောင်တီးတာ အပင်ငုတ်ပဲကျန်ပါတော့တယ်ဗျ ပဲပင်က 10ရက်သားတောင်မပြည့်သေး ပါဘူး ရေဦးပဲတေက ငမြောင်တောင်အနည်းငယ်ပဲ ကျပြီး ဘာလို့ထွန်ပဲကျမှအဲ့လောက်တောင်ဆိုးရတာလဲရှင်းပြပါဦး ဘယ်လိုထိ‌‌ေရာက်‌‌ေအာင် နိမ်နှင်းရမလဲ ကျန်တဲ့အခုမှစပေါက်မဲ့ပဲလေးတေကိုလည်း ဘယ်လိုကာကွယ်ထားရမလဲ ဆရာခင်ဗျ လေးစားလျက်ပါ

ဦးစောမောင်ဌေး • ဖြေကြားချက် 2 ခု

ဆရာကြီးနွားသေးအချဉ်ဖောက်တာ 5ရက်ရှိပါပီး အသုံးပြုရပီးလားဆရာ အပင်လောင်တာတို့ရှိနိင်သေးလားဆရာ

U Than Toe Aung • ဖြေကြားချက် 3 ခု

ဖရဲ စိုက်နည်းလေး သိချင်ပါတယ်

စုစု • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။