အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လာမည့် ၃-၅ ရက်အတွင်း နိုင်ငံအနှံ့ မိုးဆက်လက်ရွာသွန်းနိုင်

လာမည့် ၃-၅ ရက်အတွင်း နိုင်ငံအနှံ့ မိုးဆက်လက်ရွာသွန်းနိုင်

 အားကောင်းသောလေဖိအားနည်းချိုင့်ဝှမ်း(TROUGH)သည် မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့မြောက်ဒေသများပေါ်တွင်ကျရောက်နေပါတယ်။

ထိုင်းနိုင်ငံမိုးလေဝသဌာန မြေပြင်မိုးလေဝသ chart နဲ့ WINDY APP ECMWF Model sounding forecast တွေမှာ - လေဖိအားနည်းချိုင့်ဝှမ်း(TROUGH)က ရခိုင်ပြည်နယ်တောင်ပိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မုတ္တမကွေ့၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့ အပေါ်မှာကျရောက်နေပြီး တရုတ်နိုင်ငံနဲ့ တိဗက်ကုန်းမြင့်ပေါ်မှာဖြစ်နေတဲ့ လေဖိအားများရပ်ဝန်းကြီးမှ အရှေ့မြောက်လေအေးများ က မြန်မာနိုင်ငံ အရှေ့မြောက်ဘက်ခြမ်းကိုတိုးဝင်နေတာတွေ့ရပါတယ်။

ဒါ့အပြင် - INVEST-96B က တော့ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း ကုန်းတွင်းမှာ အနောက်ဘက်ကို ဆက်လက်ရွေ့လျားနေပြီး၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီယားနိုင်ငံများပေါ်မှာလဲ ဗီယက်နမ်နိုင်ငံတုံကင် ပင်လယ်ကွေ့ကတဆင့်ဝင်လာတဲ့ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေတာတွေ့ရပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ လေထုအခြေအနေတွေကြောင့် - နောက်လာမဲ့ ၃ ရက်မှ ၅ ရက်အတွင်း နိုင်ငံအနှံ့ မိုးဆက်လက်ရွာသွန်းနိုင်ဦးမှာဖြစ်ပါတယ်။

တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ချင်းပြည်နယ်၊ နေပြည်တော်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတောင်ပိုင်း စတဲ့ဒေသတွေမှာ ၃ ရက်အတွင်း မိုးရေချိန် ၆၀ - ၁၅၀ မီလီမီတာ( ၂ လက်မခွဲခန့် - ၆ လက်မနီးပါးခန့်)အထိ  မိုးများနိုင်ကြောင်းတွေ့ရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမြောက်ပိုင်းဒေသတွေမှာတော့ ၃ ရက်အတွင်း မိုးရေချိန်အများဆုံး ၁၂ မီလီမီတာခန့်(၀.၅ လက်မခန့်) သာရွာသွန်းနိုင်ပြီး မိုးနည်းနေပါမယ်။

မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားချက်က ထုတ်ပြန်ထားတဲ့ မြစ်ရေအခြေအနေမှာတော့ ဒုဌဝတီမြစ်(ရွှေစာရံမြစ်)၊ ချင်းတွင်းမြစ်အထက်ပိုင်း(ကလေးဝ၊ မော်လိုက်)န့် စစ်တောင်းမြစ်(မဒေါက်)၊ ရွှေကျင်မြစ်(ရွှေကျင်)၊ ပဲခူးမြစ်(ပဲခူး)၊ ဘီးလင်းမြစ်(ဘီးလင်း) စ တဲ့ မြစ်ရေတွေက ရေအတက်များနေတာတွေ့ရပါတယ်။

Photo - ဦးဝင်းနိုင်

(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မိုးလေဝသ

မိုးလေဝသ

1
Ukhin

Ukhin

လွန်ခဲ့သော ၃ နှစ် က

ဆရာရေဧရာဝတီတိုင်းဝါးခယ်မဘက်ကိုတင်ပေးပါအုံး

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။