ဒုတိယရေကြီးကာလဖြစ်နိုင်ချေရှိ/မရှိ အပေါ်ဆက်စပ်သုံးသပ်ချက်
"GTH-Outlook မှ ဩဂုတ်လလယ်နှင့် လကုန်ပိုင်း မိုးရွာသွန်းနိုင်ချေ၊ Meteoblue-ECMWF မှ ၂၀၂၄ စက်တင်ဘာလအတွက် မိုးရွာသွန်းမှုခန့်မှန်းချေ ကြိုတင်ခန့်မှန်းချက်များ"
ရာသီဥတုကြိုတင်ခန့်မှန်းခြင်းအတွက် GTH-Outlook ကနေ ဩဂုတ်လ ၇ ရက်၊ ည ၆ နာရီခွဲ အချိန်ရရှိသည့်ဒေတာများအရ ဩဂုတ်လ ၁၄ ရက် -၂၇ ရက်အတွင်း ဖြစ်လာနိုင်တဲ့ မိုးလေဝသအခြေအနေတွေကို အောက်ပါအတိုင်းထုတ်ပြန်ထားပါတယ်။
🔸 ဩဂုတ် ၁၄ ရက်မှ ဩဂုတ် ၂၀ ရက်အတွင်း မိုးရွာသွန်းနိုင်ချေက တစ်နိုင်ငံလုံးမှာ နှစ်စဉ်ရွာသွန်းမြဲအတိုင်း ပုံမှန်ရွာသွန်းနိုင်မယ်။ နေ့စဉ်မြန်မာနိုင်ငံအပေါ်ဝင်ရောက်လာတဲ့ မိုးတိမ်များကြောင့် နေရာကွက်ပြီး မိုးများနိုင်တာကလွဲရင်၊ များသောအားဖြင့် ပုံမှန်ရွာသွန်းမြဲအတိုင်းသရှိမယ်လို့ ဆိုလိုပါတယ်။
GTH-Outlook က ထုတ်ပြန်ချက်မြေပုံအရ - ဩဂုတ်လ ၂၁ ရက်မှ ၂၇ ရက်အတွင်း
🔸 မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်ထက် မိုးပိုရွာသွန်းနိုင်မယ်ဆိုတာ တွေ့ရပါတယ်။

Global Tropics Hazards Outlook-GTH ခန့်မှန်းချက်ကတော့ ဖြစ်နိုင်ချေ ၅၀%ရှိပါတယ်။ အဲ့ဒါတွေကတော့
🔸 မိုးနှောင်းကာလအစပိုင်း စက်တင်ဘာလအတွင်းမှာ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ နှစ်စဉ်ရွာသွန်းမြဲအောက် ၀.၇၅ လက်မအထိ မိုးလျော့နည်းရွာသွန်းနိုင်ပြီး၊
🔸 ချင်းပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းအောက်ပိုင်း(မန္တလေးမြို့အောက်ဘက်)၊ နေပြည်တော်၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ နှစ်စဉ်ရွာသွန်းမြဲအထက် ၀.၂၅ လက်မှ ၁ လက်မအထိ မိုးပိုမိုရွာသွန်းနိုင်ကြောင်း METEOBLUE - ECMWF model ရဲ့ ကြိုတင်ခန့်မှန်းချက်များမှာ တွေ့ရပါတယ်။
🔸 ကျန်ပြည်နယ်တိုင်းဒေသများဖြစ်ကြတဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်းအထက်ပိုင်း(မန္တလေးမြို့ အထက်ဘက်)၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်း၊ ချင်းပြည်နယ်မြောက်ပိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းအလယ်ပိုင်းနဲ့ မြောက်ပိုင်း၊ ကယားပြည်နယ်တွေမှာတော့ နှစ်စဉ်ပုံမှန်ရွာသွန်းမြဲမိုးရေအချိန်အတိုင်း မိုးရွာသွန်းနိုင်မှာဖြစ်ကြောင်းတွေ့ရပါမယ်။(ပုံမှာ ကြည့်ပါ)

🔸 မိုးလယ်ကာလ ပြီးဆုံးမဲ့ ဩဂုတ်လ ၃၁ ရက်နေ့အထိ ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်နဲ့ တောင်တရုတ်ပင်လယ်တွေဘက်မှာ ထူးခြားမိုးလေဝသအခြေအနေဖြစ်တဲ့ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းဖြစ်ပေါ်ခြင်း "မရှိဘူးဆိုရင်" .. ဩဂုတ်လ လကုန်မှ စက်တင်ဘာလကုန်သည်အထိ၊ ဒုတိယရေကြီးကာလဖြစ်နိုင်ချေလဲ မရှိနိုင်ဘူးလို့ သုံးသပ်ရရှိပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
yone lay Aung
လွန်ခဲ့သော ၂ နှစ် ကအလွန်အသုံးဝင်သော Application ဖြစ်ပါတယ် ကျေးဇူးတင်ပါတယ်
အမည်မသိ
လွန်ခဲ့သော ၂ နှစ် ကရေထပ်မကြီးပါစေနဲ့လို့ဆုတောင်းမိပါတယ်
ဆက်စပ်ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဦးဝင်းနိုင်
အားလုံး
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026