အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဩဂုတ်လကုန်ရက်များ တစ်နိုင်ငံလုံးမိုးပိုလာဦးမည်..

ဩဂုတ်လကုန်ရက်များ တစ်နိုင်ငံလုံးမိုးပိုလာဦးမည်..

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းသည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနေပြီး၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း (ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း)တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု အသစ်ထပ်မံဖြစ်ပေါ်လာကြောင်း တွေ့ရပါသည်။

ဩဂုတ် ၂၅ ရက် နံနက် ၁၀ နာရီတွင် တွေ့ရှိရသော REFERING MODELS: ECMWF, ECMWF(AIFS), GFS, ICON(WINDY and METEOBLUE apps) အရ

လေဖိအားနည်းရပ်ဝန်းများ ဆက်လက်ရွေ့လျားနိုင်မည့် အခြေအနေမှာ

ဩဂုတ်လ လအကုန် ၃၀-၃၁ ရက်နေ့များတွင်  အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းသည် အာရေဗျပင်လယ်သို့လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှ လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းခြေ(အန်ဒရာပရာဒက်ရှ်ပြည်နယ်ကမ်းခြေ)သို့လည်းကောင်း ဦးတည်ရွေ့လျားနိုင်ကြောင်း ECMWF-AI ကြိုတင်ခန့်မှန်းချက်တွင် တွေ့ရပါသည်။

မြန်မာနိုင်ငံဘက်သို့ သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေမှာ

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှ လေဖိအားနည်းရပ်ဝန်းသည် အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဆင့်အထိရောက်ရှိလာနိုင်ပြီးမြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားနိုင်မည့် အခြေအနေမရှိသော်လည်း၊ ဩဂုတ်လ လကုန်ပိုင်းနှင့် စက်တင်ဘာလဆန်း မိုးနှောင်းကာလအစပိုင်းရက်များ၌ မြန်မာတစ်နိုင်ငံလုံးတွင် မိုးပိုလာနိုင်မည်ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းချက်များတွင် တွေ့ရပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မိုးလေဝသ

မိုးလေဝသ

1
ဦးသန်းရွှေ

ဦးသန်းရွှေ

လွန်ခဲ့သော ၂ နှစ် က

သီတင်းကျွတ် ရင်မိုးကျွတ်နိုင်ပါသလားဗျ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။