အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မတ်လ ၉ - ၁၁ ရက်အတွင်း မိုးများနိုင်သော ဒေသများ

မတ်လ ၉ - ၁၁ ရက်အတွင်း မိုးများနိုင်သော ဒေသများ

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် အာရေဗျပင်လယ်တို့တွင် အထက်လေပွေလှိုင်း Upper Air Cyclonic Circulation – UACC များ ဖြစ်ပေါ်လျှက်ရှိပြီး မတ်လ ၉ ရက်နေ့အထိ ဆက်လက်ရှိနေနိုင်သည်။

မတ်လ ၄ ရက် ည ၈ နာရီ ၂၀ မိနစ်အချိန်ရရှိသည့် ဒေတာများအရ

🔸 အိန္ဒိယမိုးလေဝသဌာန IMD ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၊ အမြင့် ၁.၅ ကီလိုမီတာ မှ ၅.၈ ကီလိုမီတာ = ပေ ၅၀၀၀ မှ ပေ ၂၀၀၀၀ အတွင်း အထက်လေပွေလှိုင်း(UACC)ဖြစ်ပေါ်လျှက်ရှိပါတယ်။ လက်ရှိဖြစ်ပေါ်နေသောလေပွေလှိုင်းသည် မတ်လ ၅ ရက်နေ့အထိ ဆက်လက်ရှိနိုင်ပြီး မတ်လ ၈ ရက်မှ ၁၀ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် UACC အသစ် ၁ ခု ထပ်မံဖြစ်ပေါ်လာနိုင်ပါတယ်။

🔸 အားပျော့သည့်လာနီညာ၊ အရှေ့မြောက်မုတ်သုံ၊ လေပွေလှိုင်းဖြစ်ပေါ်ခြင်းတို့နှင့်ဆက်စပ်သောမိုးလေဝသအခြေအနေများကြောင့် မတ်လ ၉ ရက် မှ ၁၁ ရက်နေ့အတွင်း ကရင်ပြည်နယ်မြောက်ပိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် မိုးအသင့်အတင့်ရွာသွန်းနိုင်ပြီး နေရာကွက်၍ မိုးများနိုင်ပါတယ်။ တာချီလိတ်မြို့တွင်၂၄ နာရီ မိုးရေချိန် ၃၅ မီလီမီတာ = ၁.၃၈ လက်မ ရွာသွန်းနိုင်ပါတယ်။

🔸 မတ်လ ၉ ရက် မှ ၁၁ ရက်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင်လည်း မိုးအနည်းငယ် ၂၄ နာရီ မိုးရေချိန်အများဆုံး ၁၀ မီလီမီတာခန့် = ၀.၄ လက်မ ခန့် ရွာသွန်းနိုင်ပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်းလောက် မိုးရေချိန်များနိုင်မည်မဟုတ်ပါ။ ဤရက်ပိုင်းအတွင်း ကျန်ပြည်နယ်တိုင်းဒေသများမှာ မိုးရွာနိုင်သည့်အခြေအနေမရှိပါ။

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မိုးလေဝသ

မိုးလေဝသ

1
စိုး

စိုး

လွန်ခဲ့သော ၆ လ က

မကွေးတိုင်ရောဘယ်ရက်လာကမိုးရွာနိုင်လဲဗျ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။