အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နောက် ၄၈ နာရီအတွင်း မိုးရွာရန်ရှိသောဒေသများ

နောက် ၄၈ နာရီအတွင်း မိုးရွာရန်ရှိသောဒေသများ

မေလ ၂၈ ရက် နေ့လယ် ၁၂ နာရီ မှ မေလ ၃၀ ရက် နေ့လယ် ၁၂ နာရီ (၄၈ နာရီအတွင်း)

တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မကွေးတိုင်းမြောက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ကချင်ပြည်နယ်တို့တွင် မိုးရေချိန် ၁၆၀ မီလီမီတာအထက်(၆.၃၄ လက်မ)အထိ ရွာသွန်းနိုင်သည်။

🔸 အိန္ဒိယမိုးလေဝသဌာနမှ မေလ ၂၇ ရက်နေ့ ထုတ်ပြန်ချက်မှာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း၊ ဩရိဿပြည်နယ် ကမ်းနီးပင်လယ်ပြင်မှာ လေဖိအားနည်းရက်ဝန်းစတင်ဖြစ်ပေါ်ကြောင်း‌ကြေညာပါတယ်။

🔸 ECMWF, GFS နဲ ICON model တွေမှာလဲ လေဖိအားနည်းရပ်ဝန်းဖြစ်လာပြီဆိုတာတွေ့ရပါမယ်။

🔸 အပြည်ပြည်ဆိုင်ရာ မုန်တိုင်းဖြစ်ပေါ်မှုစောင့်ကြည့်တဲ့ JTWC ကတော့ စောင့်ကြည့်ရမဲ့ system - INVEST-94B သည် မေလ ၂၆ ရက်နေ့မှာ စတင်ဖြစ်ပေါ်ကြောင်း၊ အနောက်မြောက်ဘက်ကိုဆက်ရွေ့ပြီး၊ မေလ ၂၇ ရက် နံနက်ပိုင်းမှာ အရှေ့တောင်ဘက်ကို ပြန်လည်ချိုးကွေ့ရွေ့လျားလာကြောင်း မှတ်တမ်းကိုတွေ့ရပါတယ်။

🔸 သင်္ချာပုံစံပြုကြိုတင်ခန့်မှန်းရေးမော်ဒယ်တွေကတော့ မေလ ၂၉ ရက်နဲ့ ၃၀ ရက်နေ့မှာ အိန္ဒိယနိုင်ငံမြောက်ပိုင်း-အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်နီးမှ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းထားကြပါတယ်။ 

🔸 ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်ကာနီး - မေလ ၂၉ ရက်နဲ့ မေလ ၃၀ ရက်တွေမှာ ဆိုင်ကလုန်းမုန်တိုင်ဖြစ်လာနိုင်ချေ ၁၀၀% ရှိကြောင်း ECMWF Chart မှာတွေ့နေရတာကြောင့် ကုန်းတွင်းဝင်ကာနီးမှာဖြစ်တတ်တဲ့ ရုတ်တရက်အားကောင်းလာခြင်းဖြစ်စဉ် "RI-Rapid Intensifiction" ဖြစ်လာနိုင်မလားဆိုတာကို စောင့်ကြည့်ကြရပါမယ်။

🔸 မြန်မာနိုင်ငံအပေါ် လေဖိအားနည်းရပ်ဝန်းရဲ့ သက်ရောက်မှုကြောင့် မေလ ၂၇ ရက်မှ မေလကုန် ၃၁ ရက်အထိ၊ ဇွန်လဆန်း ၂ ရက်အထိ နိုင်ငံအနှ့အပြားမှာ မိုးများနေပြီး အနောက်တောင်မုတ်သုံလေကြောင့် မိုးဦးကာလမိုးနဲ့ဆက် မိုးရွာသွန်းခြင်း ဆက်သွားနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

🔸 လေဖိအားနည်းရပ်ဝန်း အားပိုကောင်းပြီး  

DEPRESSION(အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း)သည် မေလ ၂၉ ရက်မှာ ဖြစ်လာပြီးရင်တော့ - ဆိုင်ကလုန်းအဆင့်ရောက်လာနိုင်ခြင်းရှိ/မရှိကိုစောင့်ကြည့်ရပါမယ်။

ဒီအခြေအနေကြောင့် - 

🔸 ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ မိုးသက်လေပြင်းများကျရောက်နိုင်ပြီး လေတိုက်နှုန်း တစ်နာရီ ၄၅ မိုင်ခန့်နဲ့ လှိုင်းအမြင့် ၉ ပေ မှ ၁၀ ပေ အထက်အထိ ရှိနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်များမှာ တွေ့ရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မိုးလေဝသ

မိုးလေဝသ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။