အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
၁၇-၁၈-၁၉ ရက်များတွင် ရန်ကုန် မိုး၊ လေသည်းထန်နိုင်

၁၇-၁၈-၁၉ ရက်များတွင် ရန်ကုန် မိုး၊ လေသည်းထန်နိုင်

ECMWF AIFS(AI Forecast System)က ဒီနေ့မနက် (၈.၅.၂၀၂၅)မှာ ရရှိတဲ့ အချက်အလက်တွေအရ -

၁၇ ရက်နေ့မှာ - သိသာထင်ရှားတဲ့လေဖိအားနည်းရပ်ဝန်း ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနဲ့ အနောက်အလယ်ပိုင်းမှာဖြစ်လာနိုင်တယ်၊ မြောက်ဘက်ကို ဆက်ရွေ့ပါမယ်။

၁၉ ရက်နေ့ - အိန္ဒိယနိုင်ငံ - အနောက်ဘင်္ဂလားပြည်နယ်ကို ဦးတည်ရွေ့လျားနိုင်ပါတယ်။

၂၀ ရက်နေ့ - ကုန်းတွင်းကိုဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက် မုန်တိုင်းအကြွင်ူအကျန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယအရှေ့မြောက်ပိုင်း-အာသံ မဏိပူရနယ်ကိုဖြတ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ မုန်တိုင်းအကြွင်းအကျန်မိုးတွေ များစေနိုင်တယ်၊

၂၀၂၄ ခုနှစ် ဆိုင်ကလုန်း REMAL ရွေ့လျားခဲ့တဲ့လမ်းကြောင်းအတိုင်းရွေ့လျားရင်တော့ ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ်ဖျားပိုင်းဒေသတွေမှာ မိုးများနိုင်မယ်၊ ဧရာဝတီနဲ့ ချင်းတွင်းမြစ်တွေ ရေတက်လာနိုင်တယ်၊ စိုးရိမ်ရေမှတ်တွေကျော်လွန်ပြီး ရေကြီးနိုင်မယ်ဆိုတာတော့ ဆက်ပြီးစောင့်ကြည့်ကြရပါမယ်။

ရန်ကုန်မိုးမများလို့ မိုးများမည့်အထဲမပါလို့ဆိုပြီး ပြီးခဲတဲ့ post မှာ comment တွေ ရေးထားကြတာဖတ်ရပါတယ်။ မိုးက တစ်ပြည်လုံးရွာနိုင်ပါတယ်။ မိုးများမှာ၊ မိုးမများမှာကတော့ ဝင်လာနိုင်တဲ့ မိုးတိမ်တွေ၊ သူတို့ရွေ့လျားရာလမ်းကြောင်းတွေအပေါ်မူတည်ပါတယ်။ ၁၇-၁၈-၁၉ ရက်တွေမှာ ရန်ကုန်လဲ မိုးထန်ထန်-လေထန်ထန် ဖြစ်နိုင်မှာပါ။ ၄ ရက်စာ ကြိုတင်ကြည့်လို့ရတဲ့ weather widget တွေ ကြည့်ကြ၊ ကြိုတင်ပြင်ဆင်ဖို့လိုတာတွေ လုပ်ကြပါ။

အထူးသတိထားကြစေချင်တာက ငလျင်ဒဏ်သင့်ဒေသတွေမှာ ဖြစ်ခဲ့တဲ့ Surface Rupture(မြေပြင်အက်ကွဲကြောင်းကြီးတွေ၊ ဘေးတိုက်အရွေ့တွေ)ဖြစ်ခဲ့တဲ့နေရာတွေမှာ မိုးများရင် မြေကျွံနိုင်တယ်။ မြေပြိုနိုင်တယ်။ အက်ကွဲကြောင်းကြီးတွေ ပြန်ပိတ်သွားတာလဲ ဖြစ်နိုင်တယ် - မြေပြင်အောက်မှာ ဘာတွေဖြစ်နေလဲဆိုတာ ဘယ်သူမှ ကြိုတင်မခန့်မှန်းနိုင်ပါ။ #tsbm_er77info team က မြေပြင်မှာ မှတ်တမ်းတင်ထားတာတွေ တည်နေရာတွေ တင်ပေးနေတာ ရှိပါတယ်။ 

🔸 ငလျင်ဒဏ်ထိထားတဲ့ ဒေသတွေအားလုံးမှာတော့ အထူးသတိထားကြရမယ်လို့ပဲ မှာချင်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မိုးလေဝသ

မိုးလေဝသ

1
Win Ko Thu

Win Ko Thu

လွန်ခဲ့သော ၁ နှစ် က

ကျေးဇူးပါ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။