မိုးနှောင်းကာလပြီးဆုံးပြီး မိုးလွန်ကာလအတွင်းဝင်ရောက်ချိန် သတိထားသင့်သည်များ
အောက်တိုဘာလ ၁၀ ရက်၊ နေ့လည် ၁ နာရီ ရရှိသည့်ဒေတာများအရ
အောက်တိုဘာ ၁၄ ရက်ညပိုင်းမှာ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း ပင်လယ်ပြင်တွင် လေဖိအားနည်းဆဲလ်(Low Pressure Cell)တခု စတင်ဖြစ်ပေါ်နိုင်ပြီး အောက်တိုဘာ ၁၆ ရက်နေ့လည်ပိုင်းတွင် အိန္ဒိယနိုင်ငံအလယ်ပိုင်းအားကျော်ဖြတ်ပြီးနောက် အာရေဗျပင်လယ်ဘက်သို့ ရောက်ရှိသွားနိုင်မည်ဖြစ်ကြောင်း သင်္ချာပုံစံပြု model များ၏ ခန့်မှန်းချက်မှာ တွေ့ရပါတယ်။
အာရေဗျပင်လယ်အတွင်းမှာတော့ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နေပြီးဖြစ်ကြောင်း အိန္ဒိယမိုးလေဝသဌာနက ထုတ်ပြန်ထားပြီးပါပြီ။
ဒီလေဖိအားနည်းရပ်ဝန်းတွေက မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမှာမဟုတ်ပေမဲ့ အရှေ့ဘက်ကလေစီးကြောင်းကို အားကောင်းစေပြီး ကပ္ပလီပင်လယ်၊ မုတ္တမကွေ့တွေမှာ အရှေ့လေအားကောင်းလာတဲ့အပြင် ထိုင်းပင်လယ်ကွေ့နဲ့ တောင်တရုတ်ပင်လယ်ဘက်က မိုးတိမ်တွေပါလာရင် မြန်မာနိုင်ငံအရှေ့ပိုင်းနဲ့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတွေမှာ အခါလွန်မိုး(ဖျက်မိုး)တွေရွာလာတတ်ပါတယ်။
ကချင်ပြည်နယ်အတွင်း နေရာကွက်၍ မိုးများနိုင်တာသာရှိပြီး၊ ရေကြီးနေဆဲဒေသတွေအတွင်း "ရေတိုးလာစေနိုင်သည့် မိုးရေချိန်များသောမိုးများ"တော့ ရွာသွန်းနိုင်မည်မဟုတ်ပါ။

ဒီနေ့ အောက်တိုဘာလ ၁၀ ရက်နေ့မှာ မိုးနှောင်းကာလကိုကျော်လွန်ပြီး မိုးလွန်ကာလအတွင်း စတင်ဝင်ရောက်ကာ အနောက်တောင်မုတ်သုံလေသည်လည်း စ တင် ဆုတ်ခွာနေပြီဖြစ်ကြောင်း မိုးဇလက ကြေညာထားပြီးဖြစ်ပါတယ်။ မုတ်သုံလေဆုတ်ခွာချိန်မှာ မုတ်သုံမြောင်တန်း(MONSOON TROUGH)က ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှ တောင်ပိုင်း အီကွေတာဘက်သို့တဖြည်းးဖြည်းနိမ့်ကျလာချိန်လည်း ဖြစ်ပါတယ်။
ဒီအချိန် မိုးလွန်ကာလအတွင်းမှာ ဘင်္ဂလားပင်လယ်အော်နဲ့ တောင်တရုတ်ပင်လယ်တွေအတွင်းဖြစ်ပေါ်တတ်တဲ့ လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းတွေက မြန်မာနိုင်ငံပေါ်ကို အရှေ့-အရှေ့မြောက်နဲ့ တောင်ဘက်အရပ်များဆီက မိုးတိမ်တွေသယ်ဆောင်လာတတ်ပြီး အခါလွန်မိုး(ဖျက်မိုး)တွေရွာသွန်းတတ်ကြောင်း ပြီးခဲ့တဲ့ Post တွေမှာ တင်ပြပေးခဲ့ပြီး ဖြစ်ပါတယ်။
ဒါကြောင့် မိုးလွန်ကာလကုန်ဆုံးချိန် နိုဝင်ဘာ-၃၀ ရက်အထိ မိုးလေဝသအခြေအနေများကို မပြတ်နားစွင့်ပြီး စပါးရိတ်သိမ်းချိန်အတွင်းအပျက်အစီးမရှိရအောင် အမိုးအကာတွေ၊ ဖုံးအုပ်ကာကွယ်ရန်တွေ စသည်ဖြင့် ပြင်ဆင်ထားသင့်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
U Pyae Phyo Lin
လွန်ခဲ့သော ၁ နှစ် က,
ဆက်စပ်ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026