အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဘင်္ဂလားပင်လယ်အော်နှင့် ပြည်နယ်တိုင်းများအလိုက် မိုးရွာသွန်းနိုင်မည့်အခြေအနေများ

ဘင်္ဂလားပင်လယ်အော်နှင့် ပြည်နယ်တိုင်းများအလိုက် မိုးရွာသွန်းနိုင်မည့်အခြေအနေများ

အောက်တိုဘာ ၁၀ ရက် - နေ့လည် ၁၂ နာရီရရှိသည့် ဒေတာများအရ

အောက်တိုဘာလ ၁၀ ရက် မှ ၁၆ ရက်အထိ - ၇ ရက်အတွင်းမှာ အိန္ဒိယမိုးလေဝသဌာန ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ အထက်အမြင့် ၅.၈ ကီလိုမီတာမှာ လေပွေလှိုင်းတခုဖြစ်ပေါ်လျက် ရှိကြောင်းတွေ့ရပြီး အနောက်-အနောက်တောင်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ကြောင်း သင်္ချာပုံစံပြု ကြိုတင်ခန့်မှန်းရေးမော်ဒယ်များမှာတွေ့ရကြောင်း ကြိုတင်ခန့်မှန်းချက် ပြောင်းလဲမှုမရှိပါ။

ဖြစ်ပေါ်နေတဲ့ လေပွေလှိုင်းသည် အောက်တိုဘာ ၁၅ ရက်အထိ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ အနောက်အလယ်ပိုင်းတွေမှာ ဆက်လက်ရှိနေနိုင်ပြီး အားကောင်းလာနိုင်တဲ့အခြေအနေမရှိပါ။

နောက်လာမည့် ၄၈ နာရီ(၂ ရက်အတွင်း) မကွေးတိုင်းမှာ ၄၈ နာရီအတွင်း မိုးရေချိန် ၀.၅ လက်မအောက် ရွာသွန်းရရှိနိုင်ပြီး ကျန်ပြည်နယ်တိုင်းများအားလုံးမှာ ၄၈ နာရီအတွင်း မိုးရေချိန် ၀.၅ လက်မအထက် ရွာသွန်းရရှိနိုင်ပါတယ်။

တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တွေမှာ ၄၈ နာရီအတွင်း မိုးရေချိန် ၁ လက်မအထက်ရွာသွန်းရရှိနိုင်ပြီး မိုးအနည်းငယ်ပိုနိုင်ပါတယ်။

နောက်လာမည့် ရက်သတ္တပတ် ၁ ပတ်အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ မိုးအား သိသိသာသာလျော့နည်းလာနိုင်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မိုးလေဝသ

မိုးလေဝသ

2
ဦးကြည်ဝင်း

ဦးကြည်ဝင်း

လွန်ခဲ့သော ၁၁ လ က

ဧရာဝတိတိုင်းအတွက်ဖြေပေးပါဆရာစပါးတေရိတ်နေပြီးရေလိုက်ပဲပက်ရန်မိုးအခြေနေဖြေပေးပါဆရာ

U Than Htike Soe

U Than Htike Soe

လွန်ခဲ့သော ၁၁ လ က

ကျေးဇူးအထူးတင်ပါတယ်

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။