အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တောင်သူများအတွက် မင်္ဂလာစကား ပါးပါရစေဗျ..

တောင်သူများအတွက် မင်္ဂလာစကား ပါးပါရစေဗျ..

အောက်တိုဘာ ၂၇ ရက် - ညနေ ၅ နာရီ ၄၅ မိနစ်အချိန် ရရှိသည့်ဒေတာများအရ တောင်တရုတ်ပင်လယ်က မုန်တိုင်း "TRAMI" နဲ့ အရှေ့ဖိလစ်ပိုင်ပင်လယ်က မုန်တိုင်း KONG-REY ၂ လုံး တပြိုင်နက်ဖြစ်ပေါ်နေခဲ့တာမှာ မုန်တိုင်း TRAMI ကတော့ ဗီယက်နမ်ကမ်းခြေပေါ်မေးတင်ပြီး ပင်လယ်ထဲ ပြန်ဆင်းကာ မကြာခင်အချိန်အတွင်း အားပျော့ပျက်ပြယ်သွားတော့မှာပါ။ မုန်တိုင်း TRAMI ကြောင့် ဗီယက်နမ်နိုင်ငံကမ်းခြေမှာ လွန်ခဲ့တဲ့ ၁၂ နာရီအတွင်းမှ အခုအချိန်အထိ မိုးသည်းထန်ခဲ့တာတွေ့ရပြီး ယနေ့ ၂၈ ရက်နေ့ ညနေ ၅ နာရီအထိ  မိုးရေချိန် ၁၀ လက်မကျော် ထပ်မံရွာသွန်း(မိုးများ)ဦးမှာလို့ ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့နေရပါတယ်။

TRAMI ကြောင့် မြန်မာနိုင်ငံ တနင်္သာရီတိုင်းမှာသာ နေရာကွက်၍မိုးများနိုင်ပြီး  မိုးရေချိန် ၁ လက်မခွဲခန့်သာရွာသွန်းနိုင်မှာဖြစ်ကြောင်းတွေ့ရပါတယ်။

အရှေ့ဖိလစ်ပိုင်ပင်လယ်က မုန်တိုင်း KONG-REY ကတော့ အားပိုကောင်းလာပြီး အောက်တိုဘာလကုန်(၃၁ ရက်)မှာ CATAGORY-3 အားကောင်းတဲ့တိုင်ဖွန်းမုန်တိုင်းတစ်လုံးဖြစ်လာမှာဖြစ်ကြောင်း၊ ထိုင်ဝမ်ကျွန်းဘက်ကို ဦးတည်ရွေ့လျားပေမဲ့ ထိုင်ဝမ်ကျွန်းအရှေ့မြောက်ဘက်အနီးမှ ကပ်၍ ဖြတ်ကျော်ကာ ဂျပန်နိုင်ငံဘက်ကို ဆက်လက်ရွေ့လျားနိုင်မှာဖြစ်ကြောင်း ကြိုတင်ခန့်မှန်းထားတာတွေ တွေ့ရပါတယ်။ မုန်တိုင်း KONG-REY က တောင်တရုတ်ပင်လယ်နဲ့ ဆန့်ကျင်ဘက်အရပ်ကို ရွေ့လျားသွားမှာဖြစ်တာကြောင့် မြန်မာနိင်ငံရဲ့ မိုးလေဝသအခြေအနေတွေအပေါ် သက်ရောက်မှုကတော့ မရှိတော့ပါဘူး။

အချုပ်အားဖြင့် ... 

🔸 နိုဝင်ဘာလနဲ့ ဒီဇင်ဘာလဆန်းပိုင်းကာလများအတွင်း တောင်သူများစပါးရိတ်သိမ်းချိန်မှာ မိုးလွန်မိုး/အခါလွန်မိုး/ဖျက်မိုးဆိုတာတွေကြောင့် အနှောင့်အယှက်မဖြစ်နိုင်တော့ပါဘူး။

🔸 ရေကြီးရေလျှံမှုတွေလည်း မရှိနိုင်တော့တာကြောင့် နွေစပါးနဲ့ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် စိတ်အေးလက်အေးဆက်လက်ပြင်ဆင်နိုင်ကြပြီဖြစ်ပါကြောင်း မင်္ဂလာစကားပါးလိုက်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

9
MyoZawwin MyoZaw

MyoZawwin MyoZaw

လွန်ခဲ့သော ၁ နှစ် က

နိုဝင်ဘာ လထဲမှာ မိုးရှိသေးလား

စောပြည့်ဖြိုးအောင်

စောပြည့်ဖြိုးအောင်

လွန်ခဲ့သော ၁ နှစ် က

ကျေးဇူး ပါ

ဦးလေးကြီး

ဦးလေးကြီး

လွန်ခဲ့သော ၁ နှစ် က

Thanks you so much

ဦးလှမြင့်

ဦးလှမြင့်

လွန်ခဲ့သော ၁ နှစ် က

ကျေးဇူးပါ

ဦးလေးကြီး

ဦးလေးကြီး

လွန်ခဲ့သော ၁ နှစ် က

ကျေးဇူးတင်ပါတယ်

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။