အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အောက်တိုဘာ ၁၁ ရက်မှ ၁၅ ရက်အတွင်း အာရေဗျပင်လယ်ဘက်တွင်သာ မုန်တိုင်းဖြစ်ပေါ်နိုင်မည့်အခြေအနေရှိပါမည်

အောက်တိုဘာ ၁၁ ရက်မှ ၁၅ ရက်အတွင်း အာရေဗျပင်လယ်ဘက်တွင်သာ မုန်တိုင်းဖြစ်ပေါ်နိုင်မည့်အခြေအနေရှိပါမည်

အောက်တိုဘာ ၇ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်ရရှိသည့်ဒေတာများအရ

🔸 အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း ဘင်္ဂလားပင်လယ်အော်နှင့် အာရေဗျပင်လယ်တို့တွင် ဖြစ်ပေါ်နိုင်မည့် ထူးခြားမိုးလေဝသအခြေအနေ

အောက်တိုဘာ ၁၀ ရက် နေ့လည် ၁၂ နာရီမှာ မိုးတိမ်များဖြစ်ပေါ်မှုအခြေအနေအသေးစိတ်ကို METEOBLUE မှ လေ့လာကြည့်တဲ့အခါ -

မန္တလေးပေါ်မှာ အမြင့်ပေ ၂၀၀၀ မှ အမြင့် ပေ ၁၈,၀၀၀ ကြား၊ နေပြည်တော်မှာ အမြင့်ပေ ၂၀၀၀ မှ ၇၀၀၀ ကြားနဲ့ ရန်ကုန်မှာ အမြင့်ပေ ၃၀၀၀ မှ ၈၀၀၀ ကြား အသီးသီးဖြစ်ပေါ်နေပြီး၊ 

ရန်ကုန်နဲ့နေပြည်တော်မှာ ကောင်းကင်တိမ်ဖုံးလွှမ်းမှု ရာခိုင်နှုန်း ၁၅% နဲ့ မန္တလေးမှာ ၇၇% အထိရှိကြောင်းတွေ့ရပါတယ်။

သင်္ချာပုံစံပြုကြိုတင်ခန့်မှန်းရေး model တွေရဲ့ ခန့်မှန်းချက်တွေအရ၊ အောက်တိုဘာ ၁၁ ရက် မှ ၁၅ ရက်အတွင်း၊ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်သော်လည်း၊ အိန္ဒိယအနောက်ဘက်က အာရေဗျပင်လယ်ဘက်မှာ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်း/ဆိုင်ကလုန်းမုန်တိုင်း ဖြစ်နိုင်မဲ့ အခြေအနေတွေ ပိုများတာကိုသာတွေ့ရပါတယ်။

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာဖြစ်လာနိုင်ဘွယ်ရှိတဲ့ လေဖိအားနည်းရပ်ဝန်းက အာရေဗျပင်လယ်ဘက်မှ ပိုမိုးအားကောင်းတဲ့ လေဝဲစီးကြောင်းနဲ့ ပေါင်းသွားပြီး အာရေဗျပင်လယ်မှာသာ မုန်တိုင်းအဆင့်ရောက်လာနိုင်ချေရှိကြောင်းလဲ တွေ့ရပါတယ်။ 

🔸 ဘင်္ဂလားပင်လယ်အော်မှာတော့ မုန်တိုင်း/ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာနိုင်မဲ့အခြေအနေ မတွေ့ရပါ။

ဒီအခြေအနေတွေကြောင့် -

🔸 နောက်လာမဲ့ ၄၈ နာရီအတွင်းမှာ -

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ်မြောက်ပိုင်းက အချို့သောဒေသတွေမှာ မိုးရွာသွန်းမှုများနိုင်ချေ(၂၄ နာရီအတွင်း အများဆုံးမိုးရေချိန် ၂၀ မီလီမီတာခန့်)ရှိပြီး ကျန်ပြည်နယ်နဲ့တိုင်းတွေမှာတော့ မိုးအားဆက်လက်လျော့နည်းနေပါဦးမယ်။

🔸 ဒီနေ့ အောက်တိုဘာ ၇ ရက် - မွန်းလွဲ/ညနေပိုင်းအချိန်များအတွင်း မြန်မာပြည်အထက်ပိုင်းဒေသတွေမှာ မိုးရွာသွန်းနိုင်ချေပိုများပြီး၊ နေပြည်တော်မှ အောက်ဘက် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာတော့ မိုးရွာသွန်းနိုင်ချေနည်းနေတာတွေ့ရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မိုးလေဝသ

မိုးလေဝသ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။