အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မိုးလွန်ကာလရောက်ရှိနေပြီဖြစ်ပြီး ဒေသအချို့တွင် မိုးပါးပါးသာ ရွာနိုင်တော့မည်

မိုးလွန်ကာလရောက်ရှိနေပြီဖြစ်ပြီး ဒေသအချို့တွင် မိုးပါးပါးသာ ရွာနိုင်တော့မည်

လက်ရှိမိုးလေဝသအခြေအနေတွေ၊ လေစီးကြောင်းအခြေအနေတွေအရ မိုးရာသီကုန်သလောက် ရှိသွားပြီဖြစ်ပြီး ဒေသအချို့မှာ မိုးပါးပါးရွာနိုင်ချေသာရှိတော့တယ်လို့ နိုင်ငံတကာမိုးလေဝသ ထုတ်ပြန်ချက်တွေကို ကိုးကားခန့်မှန်းပေးနေသူ ဆရာဦးဝင်းနိုင်က ပြောပါတယ်။

ဒီအချိန်ဟာ မိုးစပါးအများစုရိတ်သိမ်းချိန်လည်းဖြစ်နေလို့ တောင်သူလယ်သမားတွေအနေနဲ့ ရာသီဥတု အဖျက်အဆီး ကင်းကင်းနဲ့ စပါးရိတ်သိမ်းမှုတွေ ပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။

လက်ရှိမိုးလေဝသအခြေအနေတွေ၊ မိုးပါးပါးရွာနိုင်ချေရှိသေးတာက ဘယ်ဒေသတွေလဲလို့ ဆရာဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ 

“ မိုးရာသီကုန်သွားပြီးတော့ မိုးလွန်ရာသီထဲကို ရောက်လာပြီလို့ ပြောရပါမယ်ဗျ။ မိုးလွန်ရာသီ(မိုးလွန်ကာလ)က အောက်တိုဘာ ၁၁ - နိုဝင်ဘာလ ၃၀ ရက်နေ့အထိဖြစ်ပါတယ်လို့ ဆရာကြီးဦးထွန်းလွင်က သတ်မှတ်ထားပါတယ်။

အနောက်တောင်မုတ်သုံလေဟာ အိန္ဒိယမှာ ပုံမှန်ထက် ၄ ရက် နောက်ကျပြီးမှ ဆုတ်ခွာတယ်လို့လည်း အိန္ဒိယမိုးလေဝသဌာနက ကြေညာထားပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာလည်း မုတ်သုံဆုတ်ခွာရက်က ပုံမှန်ထက် ၄ ရက် နောက်ကျပြီး ဆုတ်ခွာခဲ့ပြီး အောက်တိုဘာလ ၁၉ ရက်နေ့မှာ အပြီးဆုတ်ခွာသွားပြီလို့ သတ်မှတ်လို့ ရပါတယ်။

ဆိုတော့ အခုချိန်ဟာ မိုးလွန်ကာလပါ။ ဒီအချိန်မှာ ဖြစ်တတ်တဲ့ အရှေ့ဘက်ကဝင်လာမဲ့ မုန်တိုင်းအကြွင်းအကျန်တွေကြောင့် ဖျက်မိုးတွေ ရွာနိုင်မလား/ မရွာဘူးလားဆိုတာပဲ စောင့်ကြည့်ရပါမယ်”လို့ ပြောပါတယ်။  မိုးရွာနိုင်တဲ့အခြေအနေရှိမှုအပေါ်  ဆက်လက်မေးမြန်းရာမှာတော့ ဆရာက “နောက်လာမယ့် ၃ ရက်မှာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတွေကလွဲလို့ ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ မိုးအနည်းငယ်ရွာနိုင်ချေတော့ ရှိပါသေးတယ်။ ၃ ရက်ပေါင်းမှ မိုးရေချိန်အများဆုံး ၁ လက်မခန့်ပါပဲ။ မိုးက အတော်ကိုနည်းသွားပါပြီ။ နောက် ၅ ရက်မှ ၁၀ ရက်အတွင်းမှာတော့ ဖျက်မိုး/အခါလွန်မိုးအန္တရာယ် မရှိပါဘူး။  ပင်လယ်ပြင်မှာလည်း ထူးခြားတဲ့အခြေအနေမရှိပါဘူး” ဆိုပြီး ပြောပြပေးသွားခဲ့ပါတယ်။

Photo - ဦးဝင်းနိုင်

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

6
ထက်ပိုင်

ထက်ပိုင်

လွန်ခဲ့သော ၂ နှစ် က

ဧရာ၀တီတိုင်း ဟင်္သာတမြို့ မိုးရွာဖို့ရှိသေးလားဗျ ဘယ်ရက်လောက်လဲ

kophay

kophay

လွန်ခဲ့သော ၂ နှစ် က

ပျော်ဘွယ်မှာကောမိုးရွာနိုင်လားဆရာ

ချမ်းမြေ့အောင်

ချမ်းမြေ့အောင်

လွန်ခဲ့သော ၂ နှစ် က

ဧရာဝတီတိုင်း ဓနုဖြူမြို့နယ် မိုးရွာနိုင်သေးလား

paung

paung

လွန်ခဲ့သော ၂ နှစ် က

Thanks

ကျော်သက်ဦး

ကျော်သက်ဦး

လွန်ခဲ့သော ၂ နှစ် က

ပဲခူတိုင်း သကလ ဘက်မှာကော့ မိုးရွာနိုင်ခြေရှိသေးလား ဆရာ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။