အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တိုင်းနှင့် ပြည်နယ်အလိုက် ဧပြီလတွင် ရောက်ရှိနိုင်သော အမြင့်ဆုံးအပူချိန်များ

တိုင်းနှင့် ပြည်နယ်အလိုက် ဧပြီလတွင် ရောက်ရှိနိုင်သော အမြင့်ဆုံးအပူချိန်များ

၂၀၂၄ ခုနှစ်သည် အယ်လ်နီညိုနှစ် ဖြစ်သည်နှင့်အညီ ပူပြင်းခြောက်သွေ့ခြင်းကို တနိုင်ငံလုံးအတိုင်းအတာဖြင့် ကြုံတွေ့ရနိုင်မည်ဖြစ်ပါသည်။ အယ်လ်နီညိုဖြစ်စဉ်သည် ဇန်နဝါရီလအတွင်း အားအကောင်းဆုံး အခြေအနေဖြစ်ပေါ်ခဲ့ပြီးနောက် ဧပြီလကုန်အထိ ဆက်လက်ရှိနေနိုင်ကာ ဧပြီလမှဇွန်လအတွင်း အယ်လ်နီညိုမဟုတ်/လာနီညာမဟုတ်သော ENSO-NEUTRAL ဖြစ်နိုင်ချေ ၈၃% ရှိကြောင်း၊ ၂၀၂၄ ခုနှစ် ဇွန်လမှ ဩဂုတ်လအတွင်း လာနီညာရာသီဥတု ဖြစ်နိုင်ချေတဖြည်းဖြည်းမြင့်လာပြီး လာနီညာဖြစ်နိုင်ချေ ၆၂% အထိ ရှိနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ရာသီဥတုလေ့လာစောင့်ကြည့်သူသိပ္ပံပညာရှင်များ၊ မိုးလေဝသဌာနကြီးများက ခန့်မှန်းထုတ်ပြန်ထားကြပါသည်။ ရက်ဝေးကြိုတင်ခန့်မှန်းချက်များတွင်စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ကာလအတွင်း လာနီညာဖြစ်နိုင်ချေ ၈၀%  မှ ၈၅% အထိ ရှိလာနိုင်ကြောင်းခန့်မှန်းချက်များကိုလည်းတွေ့ရပါသည်။

မြန်မာနိုင်ငံ၏ မိုးဦးကာလတွင် ဧပြီလသည် အပူရှိန်အပြင်းဆုံးသောလ တစ်လဖြစ်လာနိုင်ပြီး တိုင်းနှင့်ပြည်နယ်ဒေသအချို့ ၌ အပူချိန် ၄၀°C အထက် မှ ၄၅°C အထက်အထိရောက်နိုင်ကြောင်း၊ မိုးဦးကာလအတွင်း အများအားဖြင့်မေလမှ စတင်၍ စက်တင်ဘာလအထိ မိုးများလာနိုင်ကြောင်း၊ နိုဝင်ဘာလကုန် ဒီဇင်ဘာလဆန်းအထိ မိုးရွာနိုင်မည့်အခြေအနေများ ဖြစ်ပေါ်နိုင်ကြောင်း တွေ့ရပါသည်။

  • AYARWADY ဧရာဝတီတိုင်း

ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၄၀°C အထက်ရှိမည်။

  • BAGO ပဲခူးတိုင်း

ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၄၀°C အထက်ရှိမည်။

  • CHIN ချင်းပြည်နယ်

ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၃၀°C အထက်ရှိမည်။

  • KACHIN ကချင်ပြည်နယ်

ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၃၅°C အထက်ရှိမည်။

  • KAYA ကယားပြည်နယ်

ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၃၅°C အထက်ရှိမည်။

  • KAYIN ကရင်ပြည်နယ်

ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၃၅°C အထက်ရှိမည်။

  • MAGWAY မကွေးတိုင်း

ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၄၀°C အထက်ရှိမည်။

  • MANDALAY မန္တလေးတိုင်း

ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၄၀°C အထက်ရှိမည်။

  • MON မွန်ပြည်နယ်

ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၃၅°C အထက်ရှိမည်။

  • NAYPYITAW နေပြည်တော်တိုင်း

ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၄၀°C အထက်ရှိမည်။

  • RAKHINE ရခိုင်ပြည်နယ်

ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၃၅°C အထက်ရှိမည်။

  • SAGAING စစ်ကိုင်းတိုင်း

ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၄၀°C အထက်ရှိမည်။

  • SHAN ရှမ်းပြည်နယ်

ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၃၀°C အထက်ရှိမည်။

  • TANINTHARYI တနင်္သာရီတိုင်း

ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၃၅°C အထက်ရှိမည်။

  • YANGON ရန်ကုန်တိုင်း

မတ်၊ ဧပြီလနှင့် မေလတို့သည်အပူဆုံးလ၊ အပူချိန် ၄၀°C အထက်ရှိမည်။

ဖြစ်ပေါ်လာနိုင်သော အပူချိန်များနှင့် မိုးလေဝသခန့်မှန်းချက်များကို ကြိုတင်သိရှိနိုင်ဖို့ ဖော်ပြပါ ဝက်ဘ်ဆိုဒ်ကိုလည်း မပြတ်စောင့်ကြည့်လေ့လာကြစေချင်ပါတယ်။

https://www.mmweather.org/special-weather-situation

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မိုးလေဝသ

မိုးလေဝသ

1
MgTun

MgTun

လွန်ခဲ့သော ၂ နှစ် က

hi

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။