အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပိန္နဲသီးမုန်တိုင်းနှင့် မြန်မာမိုး

ပိန္နဲသီးမုန်တိုင်းနှင့် မြန်မာမိုး

Green Way
Green Way • 13/10/2020

    Nangka နန်းက မုန်တိုင်းသည် ၂၀၂၀ အောက်တိုဘာလ ၁၄ ရက်နေ့မှာ  ဗီယက်နမ်မြောက်ပိုင်းကို ဝင်ရောက်နိုင်ပြီး ၁၅ ရက်နေ့မှာတော့ UAC cell နှစ်ခုကွဲသွားပြီး တစ်ခုက မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ မကွေးတိုင်း၊ နေပြည်တော် တို့မှာ မိုးရွာသွန်းလာနိုင်ပါတယ်။ ၁၅ ရက်နေ့မှာပဲ ထိုင်းပင်လယ်ကွေ့မှ Tropical Low cell တွေက တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်းတွေမှာ မိုးရွာသွန်းနိုင်ပါတယ်။

    ၁၆ ရက်နေ့မှာတော့ ယူနန်ဖက်ကိုလွှင့်လာတဲ့ UAC cell တွေက ကချင်ပြည်နယ် အရှေဖက်ပိုင်း အထက်ပိုင်းတွေမိုးရွာနိုင်ပြီး ကရင်ပြည်နယ်ဖက်လွှင့်လာတဲ့ UAC cell တွေက ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ နေပြည်တော်၊ မကွေးတိုင်း၊ မန္တလေးတိုင်းတောင်ပိုင်း အနောက်ပိုင်း၊ စစ်ကိုင်းတိုင်းအနောက်ပိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်တွေမှာ မိုးရွာစေမှာဖြစ်ပြီး ထိုင်းပင်လယ်ကွေ့မှ TLC တွေက တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်းတွေမှာ မိုးရွာသွန်းစေနိုင်ပါတယ်။ 

    ၁၇ ရက်နေ့မှာတော့ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအနောက်ပိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်တွေမှာ မိုးရွာနိုင်ပါတယ်။

    ၁၈ ရက်နေ့ ၁၉ ရက်နေ့ ကချင်ပြည်နယ်မှာ မိုးဆက်ရွာနိုင်ပါကြောင်း ချစ်ခြင်းများစွာနဲ့ မျှဝေလိုက်ရပါတယ်ရှင့်...

၁၃/၁၀/၂၀၂၀ 

သတင်းအရင်းအမြစ် - Su SuSan

13
WinMyint

WinMyint

လွန်ခဲ့သော ၅ နှစ် က

မိုးမရွာပါနဲ့လို့ဆုတောင်းနေကြပါပြီ။မိုးအလွန်ခေါင်ခဲ့ပါတယ်။ဒီပဲယင်း ရွှေဘို ရေဦး ခင်ဉီးအများစုမှာဆည်ရေလုံလောက်စွာရသဖြင့်စပါးများအကောင်းလွန်၍အဖျားများငိုက်ကါမှေးစင်းနေပါပြီ။မိုးပြင်းများဖိလိုက်လျှင်စပါးလုံးဝရမည်မဟုတ်တော့ပါ။

ဦးကြီး

ဦးကြီး

လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးတင်ပါတယ်စုစုစန် ြိုကိုသိတော့အလုပ်စဉ်တတ်တာပေါ့

မျိုးလေး

မျိုးလေး

လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးပါဗျ

ဦးစိုးသန်းစံ

ဦးစိုးသန်းစံ

လွန်ခဲ့သော ၅ နှစ် က

မလာတာကြာပြီမြန်မြန်လာပါမိုးရယ်

Thuta

Thuta

လွန်ခဲ့သော ၅ နှစ် က

thanks

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။