အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်ဖြစ်နိုင်ချေ ပျက်ပြယ်သွား၍ အလယ်ပိုင်းမိုးရနိုင်ချေ ပြန်လျော့

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်ဖြစ်နိုင်ချေ ပျက်ပြယ်သွား၍ အလယ်ပိုင်းမိုးရနိုင်ချေ ပြန်လျော့

Green Way
Green Way • 19/06/2022

 ဇွန် ၂၃ ရက်နောက်ပိုင်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ မုန်တိုင်းငယ်တစ်လုံးဖြစ်လာနိုင်မယ်လို့ ကြိုတင်ခန့်မှန်းထားတဲ့ အခြေအနေက ဒီနေ့ ECMWF model update အရ  ပျက်သွားပြီဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ မိုးလေဝသသတင်းတွေကို စောင့်ကြည့်ဖော်ပြပေးနေသူ ဦးဝင်းနိုင်က ပြောပါတယ်။ 

 

အဲ့ဒါမဖြစ်တော့ပေမဲ့ GFS Model update မှာတော့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း ပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်နိုင်ကြောင်းတွေ့ရပြီး အနောက်ဘက်ကိုရွေ့လျားကာ အိန္ဒိယနိုင်ငံကမ်းခြေမှ ကုန်းတွင်းကိုဝင်ပြီး ကုန်းတွင်းအထက်လေဝဲတစ်ခုအဆင့်လောက်သာဖြစ်နိုင်မယ်လို့ တွေ့ရကြောင်း၊ ဘင်္ဂလားပင်လယ်အော်ရဲ့ အခုလိုဖြစ်စဉ်တွေကြောင့် နောက်လာမယ့် ၃ ရက်(၇၂ နာရီ)အတွင်းမှာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ မိုးများနိုင်ပြီး အလယ်ပိုင်းဒေသတွေမှာတော့ နှစ်စဉ်ရွာသွန်းမြဲခန့်သာ မိုးရွာနိုင်မယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာတော့ ရွာသွန်းမြဲအောက်လျော့နေနိုင်ပေမဲ့ လေပြင်းတိုက်ခတ်နိုင်ခြေနဲ့အတူ နေ့အပူချိန်တွေတော့ အနည်းငယ်လျော့ကျလာနိုင်မယ်လို့ ခန့်မှန်းရပါတယ် လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

" လေပြင်းတွေ တိုက်နေတော့ အပူချိန်တော့ လျော့လာတယ် 30°C ဝန်းကျင်အထိ လျော့လာတယ်၊ နေ့ဘက်မှာ ဖြစ်နေတဲ့ Dew Point အထိ မရောက်တော့ မိုးက မရွာနိုင်ဘူးဖြစ်နေတာ။ မြင်းခြံမှာ Temperature 33°C - Dew Point 22°C ဆိုတော့ ဘယ်လိုမှ မိုးက မရွာနိုင်တော့ဘူး၊ ဒီကြားထဲ တိမ်တွေက လေပြင်းနဲ့ အတူပါသွားသေးတယ်" လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။

 

မြစ်ရေအခြေအနေနဲ့ပတ်သက်လို့လည်း ဦးဝင်းနိုင်က 'အထက်ပိုင်းဒေသတွေမှာမိုးများနေတဲ့အတွက် ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှ မန္တလေးမြို့အထိ မြစ်တစ်လျှောက်လုံးမှာ မြစ်ရေမြင့်တက်လာနေတာကို EU ရဲ့ ကမ္ဘာလုံးဆိုင်ရာ မြစ်ရေအခြေအနေစောင့်ကြည့်ရေးဌာန(near-real time major river floods based on daily passive microwave satellite observations)မှ ရတဲ့ အချက်အလက်တွေအရ သိရပါတယ်။သံလွင်မြစ်ရေဟာလည်း  ကရင်ပြည်နယ်အတွင်း မိုးများနေတာကြောင့် ဘားအံမြို့အထက်ပိုင်း ကမမောင်း၊ မြိုင်ကြီးငူနဲ့ ရင်းဘိုင်းအထိ မြစ်တစ်လျှောက်မှာ မြစ်ရေမြင့်တက်နေကြောင်းတွေ့ရပါတယ်' လို့ သူ့ရဲ့ဖေ့စ်ဘုတ်အကောင့်ကနေ သတိပေးဖော်ပြထားပါတယ်။

Photo Crd_Win Naing FB

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

2
ဦးဝင်းအောင်

ဦးဝင်းအောင်

လွန်ခဲ့သော ၄ နှစ် က

ဧရာဝတီမြစ်ရေနေ့စဥ်တိုင်းတာချက်ဘယ်တော့တင်ပေးမှာလဲခဗျာ ကျေးဇူးပါ

ဦးဝင်းအောင်

ဦးဝင်းအောင်

လွန်ခဲ့သော ၄ နှစ် က

ဧရာဝတီမြ်ရေနေ့စဥ်တိုင်းတာချက်ကိုသိပါရစေခဗျာကျေးဇူးပါ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။