ရွှေဘိုနယ်မှထွက်ရှိသည့် ပေါ်ဆန်းစပါးမှာ နှစ်စဉ် ဈေးကွက်ကောင်းမွန်ခိုင်မာမှုရှိနေ
စပါးဈေးကွက် မတည်ငြိမ်မှုများ အနည်းနှင့်အများဆိုသလို ရှိနေသော်လည်း ရွှေဘိုနယ်မှထွက်ရှိသည့် ပေါ်ဆန်းစပါးဈေးကွက်မှာမူ နှစ်စဉ် ကောင်းမွန်ခိုင်မာမှုရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
"ကျွန်တော်က ပေါ်ဆန်း/ဘေးကြားကို ၃၈ ဧကဝန်းကျင် စိုက်ပျိုးထားပါတယ်။ ပေါ်ဆန်းက ဈေးကွက် ကောင်းတဲ့အပြင် ကျွန်တော်တို့ဒေသမှာစိုက်ပျိုးတဲ့အခါ အရည်အသွေးကောင်းထွက်တာကြောင့် စိုက်ပျိုးဖြစ်ခဲ့တာပါ။ ရွှေဘိုနယ်ကထွက်တဲ့ ပေါ်ဆန်းဆိုရင် အရည်အသွေးကောင်းမွန်တဲ့အတွက် ဝယ်လက်တွေက သိပ်ပြီးဂျီးမများဘူး။ တစ်နိုင်ငံလုံးက စပါးစိုက်တောင်သူတွေထဲမှာ ရွှေဘိုနယ်က တောင်သူတွေက ကံအကောင်းဆုံးလို့ ပြောလို့ရပါတယ်။ ဈေးကွက်ပျက်တာမျိုး မရှိပါဘူး။ ဈေးကွက်ခိုင်မာမှု ရှိနေပါတယ်။"
ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ လိပ်ချင်းကျေးရွာမှ ပေါ်ဆန်း/ဘေးကြား စိုက်ပျိုးသူ ကိုမျိုးမင်းသန်းက ပြောသည်။
ပေါ်ဆန်း/ဘေးကြားစပါး စိုက်ပျိုးရာတွင် ဒေသတစ်ခုနှင့်တစ်ခု စိုက်ပျိုးနည်းစနစ်နှင့် စိုက်ပျိုးကုန်ကျစရိတ်များ မတူညီဘဲ၊ အကြမ်းဖျဉ်းအားဖြင့် တစ်ဧကစိုက်ပျိုးစရိတ်မှာ ကျပ်(၄)သိန်းမှ ကျပ်(၅)သိန်းအတွင်း ကုန်ကျနိုင်ကြောင်း သိရသည်။
"အထွက်နှုန်းကတော့ တစ်ဧကကို တင်း (၇၀) ကနေ တင်း (၁၀၀) ကြား ထွက်ရှိပါတယ်။ အထွက်နှုန်းက သွင်းအားစု ကျွေးမွေးပုံနဲ့ ပြုစုစောင့်ရှောက်ပုံအပေါ်လည်း မူတည်ပါတယ်။ တစ်ဧက စိုက်ပျိုးစရိတ်ကလည်း တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပါဘူး။ တစ်ချို့ကျတော့ မိသားစုဝင်များတော့ ကိုယ့်လယ်ကို ကိုယ်တိုင်စိုက်ပျိုးကြတယ်၊ လုပ်သားစရိတ် မကုန်ကျတာမျိုးလည်း ရှိနိုင်ပါတယ်။ ရွှေဘိုပေါ်ဆန်းစိုက်တယ်ဆိုရင် အဓိကကတော့ မျိုးကောင်းမျိုးသန့် ရရှိဖို့ပါပဲ။ နောက်တစ်ခု သတိထားရတာကတော့ ပိုးမွှားရောဂါ ကျရောက်မှုပါပဲ။ တခြားသီးနှံတွေထက်စာရင် ပိုးမွှားကြိုက်တတ်တဲ့ သီးနှံမို့လို့ပါ။ ကြွက် တို့ ဆစ်ပိုး တို့ ကိုက်တတ်တယ်။ စိုက်ပျိုးတဲ့အခါမှာ အဲ့ဒိအချက်လေးတွေ သတိထားရပါတယ်။"
ဟု ကိုမျိုးမင်းသန်းက ဆက်လက်ပြောသည်။
ရွှေဘိုနယ်မှ ထွက်ရှိသော ပေါ်ဆန်း/ဘေးကြားများကို ကုန်သည်/စက်ပိုင်များမှတဆင့် ရန်ကုန်မြို့နှင့် တခြားဒေသများသို့ တင်ပို့ရောင်းချနေပြီး၊ စပါးဈေးအနေဖြင့် စပါးတင်း (၁၀၀) လျှင် (၁၀) သိန်းကျပ်နှင့်အထက် ရရှိနေကြောင်း သိရှိရသည်။
ဆောင်းပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Saw zayar lin
လွန်ခဲ့သော ၄ နှစ် ကပေါ်ဆန်းစပါးမျိုးကို အစိုကြဲစနစ်သုံးပြီးကြဲပက်လျှင် တစ်ဧက မျိုးစပါးဘယ်လောက်သုံးသင့်ပါသလဲ
ဒေါက်တာမင်းအောင်
လွန်ခဲ့သော ၄ နှစ် ကပေါ်ဆန်းစပါးမျိုး၏မူလ ဇစ်မြစ်သည် ဧရာဝတီ တိုင်းမှဖြစ်သော်လည်း ရွှေဘိုဒေသ၏ ရေမြေရာသီဥတု နေရောင်ခြည်ရရှိမှု ရေသွင်းရေထုတ်ကောင်းမွန်မှု စိုက်ပျိုး စနစ် ကောင်းမွန်မှု မျိုးသန့်ပိုမိုသုံးစွဲနိုင်မှု..... စသည်တို့ကြောင့် အရည်အသွေးမြင့်မားပြီး စားသုံးရာတွင် လူကြိုက်များခြင်းဖြစ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
ဆက်စပ်မေးခွန်းများ
တိုင်းရင်းငါး monosex ငါးပြေမနဲ့ ငါးရံ့သားပေါက်များကို ရရှိနိုင်တဲ့ ဈေးနှုန်းနဲ့ မအူပင်အနီးကန်နေရာများနှင့် အခြားမြို့များမှ စိတ်ချရသော အရောင်းအဝယ်လုပ်သူများနှင့် အဆက်အသွယ်ရှိကြလားဗျာ့...တာပေါ်လင်ကန်နဲ့မွေးမြူရန် အားနည်းချက်အားသာချက်များကို ဖြေကြားပေးကြပါဗျာ့
YS • ဖြေကြားချက် 0 ခု
၁၀.လပိုင်းမှာအန်နီညိုရာသီဉတုဆိုတော့သခွားစိုက်လို့ရပါတော့မလားစိုက်ပျိုးရေးပညာရှင်တို့ရေအကြံပေးပါအုံးခုသီးနေတဲ့သခွားပင်တွေလဲနွမ်းနေလို့ပါ
,ရဲေကျာ် • ဖြေကြားချက် 1 ခု
မင်္ဂလာပါ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Clethodim Ai ကို တင်သွင်းတဲ့ ကုမ္ပဏီ ရှိလား သိပါရစေခင်ဗျာ တကယ်လို့ရှိရင် ဈေးကွက်နာမည်နဲ့ဝယ်ယူနိုင်တဲ့လိပ်စာ သိပါရစေ
ဦးဇော်မျိုးထက် • ဖြေကြားချက် 3 ခု
ပဲပတ်ပီး ဘယ်နှစ်ရက်လောက်ကြာရင် ဆေးဖြန်းရလည်းဗျ
Sa Paing Ko Ko Win • ဖြေကြားချက် 1 ခု
ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမရွာလို့ ဂရမ်းဖျန်းပီးပစ်ထားတာ တစ်ပတ်လောက်ရှိနေပီဆျာ
U Yan • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022