အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့
ယနေ့ မတ်လ ၂၁ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ ဖြစ်ပါတယ်။
ကမ္ဘာမြေ ရေရှည်တည်တံ့ရေးအတွက် သစ်ပင်၊ သစ်တောတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသိပညာပေးဖို့နဲ့ ကာကွယ်ထိန်းသိမ်းရေးအတွက် လှုပ်ရှားမှုတွေကို မြှင့်တင်ရန် ရည်ရွယ်ပြီး ဤနေ့ကို သတ်မှတ်ထားတာ ဖြစ်ပါတယ်။ စတင်သတ်မှတ်ပုံကတော့ ၁၉၇၁ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) ရဲ့ ၁၆ ကြိမ်မြောက် ညီလာခံမှာ အဖွဲ့ဝင်နိုင်ငံတွေက မဲပေးပြီး ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ မတ်လ ၂၁ ရက်နေ့ဟာ ကမ္ဘာတောင်ခြမ်းမှာ နွေဦးစတင်ချိန်ဖြစ်ပြီး နေ့အချိန်အပိုင်းအခြားနဲ့ ညအချိန်အပိုင်းအခြား တူညီနေတဲ့ ၎င်းနေ့ဟာ သဘာဝရဲ့ ဟန်ချက်ညီမှုကို ဖော်ပြနေတာကြောင့် ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။
သစ်တော၊ သစ်ပင်တွေဟာ လူသားတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အောက်ဆီဂျင် ထုတ်လုပ်ပေးတာကစလို့ အစားအစာ၊ ဆေးဝါးနဲ့ အသုံးအဆောင်ပစ္စည်းတွေအဆုံး နေ့စဉ်ဘဝလိုအပ်ချက်တွေအတွက် အရေးပါလှပါတယ်။ စိုက်ပျိုးရေးအတွက် အရေးကြီးတဲ့ ရာသီဥတုကို မျှတစေခြင်း လူသားတွေရဲ့ စိတ်ရောကိုယ်ပါကျန်းမာရေးကို အထောက်အကူပြုခြင်း၊ ရေသယံဇာတ၊ မြေဆီလွှာ၊ ဇီဝမျိုးကွဲများ ထိန်းသိမ်းခြင်း စတဲ့ အခန်းကဏ္ဍတွေမှာလဲ သစ်တော၊ သစ်ပင်တွေဟာ ပတ်သက်ဆက်နွှယ်နေပါတယ်။
ဒါကြောင့်မလို့ “ဥတုရာသီ တောကိုမှီ၏။ တောတောင်စိမ်းမှ စမ်းရေရ၏။ ပန်းမန်သစ်ပင် လေသန့်စင်၍ ဥယျာဉ်တောတန်း စိတ်ရွှင်လန်း၏” ဆိုတဲ့ ဆိုရိုးစကားပင် ရှိနေခြင်း ဖြစ်ပါတယ်။

စိတ်မကောင်းစရာနဲ့ပဲ ဒီလို ကဏ္ဍမျိုးစုံကနေ လူသားတွေနဲ့ ကမ္ဘာမြေကြီးကို အကျိုးပြုနေတဲ့ သစ်တောတွေဟာ စိုက်ပျိုးမြေချဲ့ထွင်ရန်၊ ဖွံ့ဖြိုးရေးအတွက် လမ်း၊ တံတား၊ အဆောက်အဦတွေ တည်ဆောက်ရန်၊ လူသုံးကုန်ပစ္စည်းများထုတ်လုပ်ရန်စတဲ့ အကြောင်းအမျိုးမျိုးကြောင့် နေ့စဉ်နဲ့ အမျှ ရှင်းလင်းခံနေရပါတယ်။ အကြမ်းဖျင်းအားဖြင့် အင်္ဂလန်နိုင်ငံရဲ့ အကျယ်အဝန်းပမာဏ (ဧက ၃၂သန်း) ထက်ပိုတဲ့ သစ်တောဧရိယာတွေဟာ နှစ်စဉ်နဲ့အမျှ ရှင်းလင်းခံနေရပါတယ်။
သစ်တောတွေပြုန်းတီးလာတဲ့ အကျိုးဆက်တွေအနေနဲ့ကတော့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲပြီး မိုးခေါင် ရေရှားတာ၊ သဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ ရေကြီး မြေပြိုတာတွေကို တစ်နှစ်ထက် တစ်နှစ် ဆိုးဆိုးရွားရွား ကြုံတွေ့လာကြရတာဖြစ်ပါတယ်။
ဒါ့ကြောင့်မလို့ လူသားတွေရဲ့ အကျိုးအတွက်ရော မိခင်ကမ္ဘာမြေကမ္ဘာကြီးရဲ့ ကျန်းမာရေးအတွက်ပါ သစ်တော၊ သစ်ပင်တွေ ပိုမိုစိုက်ပျိုးပြီး ထိန်းသိမ်းကြဖို့အတွက်
ဒီကနေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ကိုဂုဏ်ပြုကြိုဆိုရင်း အစိမ်းရောင်လမ်းကနေ တိုက်တွန်းလိုက်ရပါတယ်ဗျာ…။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Win Ko Thu
လွန်ခဲ့သော ၁ နှစ် ကကျေးဇူးပါ
ဆက်စပ်မေးခွန်းများ
ပဲပတ်ပီး ဘယ်နှစ်ရက်လောက်ကြာရင် ဆေးဖြန်းရလည်းဗျ
Sa Paing Ko Ko Win • ဖြေကြားချက် 1 ခု
ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမရွာလို့ ဂရမ်းဖျန်းပီးပစ်ထားတာ တစ်ပတ်လောက်ရှိနေပီဆျာ
U Yan • ဖြေကြားချက် 1 ခု
ငရုပ်သီး စိုက်ရင်( ရေ အစက်ပေးတဲ့ စနစ်နဲ့ ။ ရေပန်း ပေးတဲ့ စနစ် )နှစ်ခုအားသာ ချက် အားနည်းချက်ပြောပြပေးလို့ရမလား
ကိုရှား • ဖြေကြားချက် 2 ခု
ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။
Nyi M Htet • ဖြေကြားချက် 2 ခု
စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ
နံပတ်2 • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from Thu Ra Nyi Nyi
အားလုံး