အပြည်ပြည်ဆိုင်ရာ ပန်းသီးနေ့
အောက်တိုဘာလ ၂၁ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာပန်းသီးနေ့ပါ။ ပန်းသီးဆိုတာ ပုံပြင်တွေကဗျာတွေထဲမှာ အမျိုးမျိုးတင်စားကြတဲ့ အသီးတစ်မျိုးပဲဖြစ်ပါတယ်။
အာဒံနဲ့ ဧဝရဲ့ အချစ်စိတ်တွေ ဖြစ်ပေါ်စေခဲ့တဲ့ အသီးမို့လို့ အချစ်သီးလေးလို့ဆိုလည်း မှားမယ်မထင်ပါဘူးနော်။
ပန်းသီးရဲ့မူရင်းဒေသက အာရှအလယ်ပိုင်း Kyrgyzstan နဲ့ Kazakhstan ဆိုတဲ့ တရုတ်ပြည်ရဲ့ တောင်နားမှာရှိတဲ့ Tien Shan တောင်မှာ စတွေ့ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် တရုတ်နဲ့ အရှေ့ဥရောပကို ပိုးလမ်းမကြီးကနေတဆင့် ကုန်သည်တွေဆက်သွယ်လာခဲ့ရာကနေ ပန်းသီးမျိုးတွေက ဥရောပကို ပါသွားတယ်လို့ ဆိုရမှာပါ။
နောက်ဥရောပလူမျိုးတွေကပဲ ပန်းသီးမျိုးတွေကို အမေရိကကိုယူသွားပြီး အမေရိကရဲ့ ပထမဦးဆုံးပန်းသီးပင်ကို မက်စချူးဆက် ပင်လယ်အော်ထဲမှာ စိုက်ခဲ့ပြန်ပါတယ်တဲ့။ အဲ့လိုနဲ့ ပန်းသီးပင်တွေက အာရှအလယ်ပိုင်းကနေ ဥရောပ၊ ဥရောပကနေ အမေရိကဆိုပြီး ခရီးနှင်လာလိုက်တာ အခုဆို တစ်ကမ္ဘာလုံးနီးပါးမှာတောင် ပန်းသီးပင်တွေကို တွေ့နေရပါပြီ။
အပြည်ပြည်ဆိုင်ရာ ပန်းသီးနေ့အဖြစ်စတင်ခဲ့ပုံကတော့ ၁၉၉၀ ခုနှစ်မှာ အင်္ဂလန်နိုင်ငံရဲ့ Common Ground ဆိုတဲ့ ယဉ်ကျေးမှုအဖွဲ့အစည်းတစ်ခုက ပန်းသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ဂုဏ်ပြုဖို့ရယ်နဲ့ အဖိုးတန်ပန်းသီးမျိုးကွဲတွေထိန်းသိမ်းတာကို မြှင့်တင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဒီသတင်းက နိုင်ငံအနှံ့အပြားဆီ ပျံ့နှံ့ရောက်ရှိသွားပြီး ကမ္ဘာလုံးဆိုင်ရာ အထိမ်းအမှတ်နေ့တစ်ခုအနေနဲ့ သတ်မှတ်ကာ ပွဲတွေကျင်းပလာခဲ့တာ ဒီနှစ်နဲ့ဆို ၃၄ နှစ်ရှိသွားခဲ့ပါပြီ။

ကျွန်မတို့ အစိမ်းရောင်လမ်းကလည်း ဒီနေ့ကျရောက်တဲ့ “ပန်းသီးနေ့”ကို ဂုဏ်ပြုတဲ့အနေနဲ့ ပန်းသီးရဲ့ ကျန်းမာရေးကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် ...
(၁) ကိုလက်စထရောနဲ့ သွေးပေါင်ချိန်မြင့်မားခြင်းကို လျှော့ချပေးနိုင်ခြင်း
(၂) အမျှင်ဓာတ်များစွာပါဝင်တဲ့အတွက် အစာချေဖျက်ဖို့ကို ကူညီပေးနိုင်ခြင်း
(၃) ကိုယ်ခံအားစနစ်ကောင်းဖို့ ကူညီပေးနိုင်ခြင်း
(၄) ဆီးချိုဝေဒနာသည်များလည်း စားသုံးနိုင်ခြင်း
(၅) ကင်ဆာကိုကာကွယ်ပေးနိုင်တဲ့ အန်တီအောက်စီဒန့်များ အဓိကပါဝင်နေခြင်း
(၆) ဝိတ်လျှော့ရာတွင်လည်း ကူညီပေးနိုင်တဲ့ အသီးတစ်ခုဖြစ်ခြင်း
(၇) အယ်ဇိုင်းမားရောဂါကို ကာကွယ်ပေးနိုင်ခြင်း
(၈) အူလမ်းကြောင်းကျန်းမာရေးကိုလည်း ကူညီပေးနိုင်ခြင်း ... ဆိုတဲ့ အကျိုးကျေးဇူးတွေ အများကြီးပါဝင်နေပါတယ်။
ပန်းသီးကို နေ့တိုင်းတစ်နေ့တစ်လုံးစားပေးမယ်ဆိုရင်တော့ ကိုလက်စထရောနဲ့ သွေးပေါင်ချိန်မြင့်မားခြင်းကို လျှော့ချပေးနိုင်တဲ့အပြင် အသားအရေဖူးရောင်နီရဲတတ်တဲ့ သူများကိုလည်းလျော့ကျဖို့ ကူညီပေးပါတယ်။ ပန်းသီးကို နေ့စဉ်စားပေးသင့်တဲ့အကြောင်းအရင်းတစ်ခုကတော့ နှလုံးကျန်းမာရေးကို ကူညီထောက်ပံ့ ပေးနေလို့ပဲဖြစ်ပါတယ်။
သတိထားရမယ့်အချက်တစ်ခုကတော့ အိပ်မပျော်ဝေဒနာခံစားနေရတဲ့သူတွေကတော့ ပန်းသီးကို အိပ်ချိန်နားနီးရင် မစားသင့်ပါဘူးဆိုတာပဲဖြစ်ပါတယ်။
ဒီလိုမျိုး အပြည်ပြည်ဆိုင်ရာပန်းသီးနေ့မျိုးမှာ ပန်းသီးနဲ့ပတ်သက်တဲ့ ကိတ်မုန့်၊ ဝိုင် ၊ ဂိမ်းကစားခြင်းများပြုလုပ်ကြတဲ့အပြင် ဗဟုသုတအကြောင်းအရာတွေကို ဟောပြောပို့ချတာမျိုး နိုင်ငံအနှံ့အပြားမှာ ကျင်းပကြတယ်လို့လည်း သိရပါတယ်။
ပန်းသီးစိုက်ပျိုးနည်းအကြောင်းလေ့လာရန်>>>
https://greenwaymyanmar.com/posts/planting_apple
ပန်းသီးနဲ့ ပတ်သက်တဲံ ပိုးမွှားရောဂါနဲ့ ဗဟုသုတရဖွယ်ဆောင်းပါးတွေကို အစိမ်းရောင်လမ်းရဲ့ ဆောင်းပါးများကဏ္ဍမှာ လေ့လာလို့ရနေပါပြီနော်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဒေါ်သိန်းကြယ်
လွန်ခဲ့သော ၂ နှစ် ကဇူပါ
ဆက်စပ်မေးခွန်းများ
ပဲပတ်ပီး ဘယ်နှစ်ရက်လောက်ကြာရင် ဆေးဖြန်းရလည်းဗျ
Sa Paing Ko Ko Win • ဖြေကြားချက် 1 ခု
ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမရွာလို့ ဂရမ်းဖျန်းပီးပစ်ထားတာ တစ်ပတ်လောက်ရှိနေပီဆျာ
U Yan • ဖြေကြားချက် 2 ခု
ငရုပ်သီး စိုက်ရင်( ရေ အစက်ပေးတဲ့ စနစ်နဲ့ ။ ရေပန်း ပေးတဲ့ စနစ် )နှစ်ခုအားသာ ချက် အားနည်းချက်ပြောပြပေးလို့ရမလား
ကိုရှား • ဖြေကြားချက် 2 ခု
ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။
Nyi M Htet • ဖြေကြားချက် 2 ခု
စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ
နံပတ်2 • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from ဆုမြတ်နိုး
အားလုံး