အရည်အသွးကောင်းမျှစ်ကို ဘယ်လိုထုတ်လုပ်မလဲ?
မြန်မာနိုင်ငံတွင် ဝါးမျိုးစိတ်ပေါင်း (၁၀၀) ကျော်ရှိသော်လည်း စားသုံးနိုင်သော ဈေးကွက်ဝင်မျှစ်မှာ အနည်းငယ်သာရှိပြီး Dendocalamus မျိုးရင်းဝင်ဖြစ်သော ဝါးပိုးမျှစ်များကို အဓိကထား စီးပွားဖြစ်ထုတ်လုပ်ရောင်းချကြသည်။ ဝါးမျိုးမျှစ် များကို နှစ်စဉ် ဂျူလှိုင်လမှ စက်တင်ဘာလလောက်အထိ သဘာ၀ဝါးတောများတွင် နီးစပ်ရာ ဒေသခံတောင်သူများမှ ရိတ်သိမ်းကြသည်။ သစ်တောမဟုတ်သည့် သစ်တောထွက်ပစ္စည်းများအနက် ဝါးသည်လည်း အခြေခံလူတန်းစားများ အတွက် အိမ်ယာအဆောက် အဦးများ ဖန်တီးပေးရုံသာမက မိသားစုစာနပ်ရိပ်က္ခာ ဖူလုံရေးအတွက်လည်း အထောက် အကူပြုသော သဘာဝကဖန်တီးပေးသည့် ရတနာတစ်မျိုးဖြစ်ပါသည်။ လတ်ဆက်သောမျှစ်များ (Fresh Shoot) ကို ရာသီပေါ်သီးနှံများကဲ့သို (လတ်လတ်ဆတ်ဆတ် ထုတ်ယူရောင်းချနိုင်သလို) မိမိတစ်ပိုင်တစ်နိုင်စီးပွားရေးအဖြစ် မျှစ်ချဉ် (Pickle shoot) ၊ မျှစ်ချို ( Dry shoot) များပြုလုပ်၍ တစ်နှစ်ပတ်လုံး သိုလှောင် ၍လည်း ရောင်းချနိုင်ပါသည်။ သို့သော်လည်း အရည်အသွေးကောင်းသောမျှစ်များကို ရေရှည်ထုတ်ယူသုံးစွဲနိုင်ရန်အတွက် ဝါးရုံများကို စနစ်တကျ ပြုစုပျိုးထောင်နည်း၊ မျှစ်များကို စနစ်တကျ ရိတ်သိမ်းနည်း စနစ်များကို သိရှိလေ့လာထားပါက သင်နှင့် သင့်မိသားစု၊ သင်၏ပတ်ဝန်းကျင့် အတွက်ပါ အကျိုးကျေး ဇူးများစွာ ခံစားရရှိမည်ဖြစ်ပါသည်။ မျှစ်သည်အမျိုးမျိုးသော အဟာရဓာတ်များ ကြွယ်ဝစွာပါဝင်သည်။
အရည်အသွေးကောင်းမျှစ်ကို ထုတ်လုပ်ရယူနိုင်ရန် အောက်ပါလင့်တွင် ဝါရုံများများကို စနစ်တကျ ပြုစုပျိုးထောင်နည်း မျှစ်များကို စနစ်တကျ ရိတ်သိမ်းနည်းစနစ်များကို လေ့လာဖတ်ရှု့နိုင်ပါသည်။
အစားအသောက်အဖြစ်အသုံးဝင်ပုံ - Utilization of bamboo shoot
အရှေ့တောင်အာရှနိုင်ငံများတွင် မျှစ်ကို အဓိကဟင်းလျာများအဖြစ် အမျိုးမျိုးပြုပြင်ထုတ်လုပ်စားသုံးကြသည်။ ဂျပန်လူမျိုးတစ်ဦးလျှင် တစ်နှစ် ငါးကီလိုနှင့် တရုတ်လူမျိုးတစ်ဦးလျှင် တစ်နှစ် (၁.၅) ကီလို စားသုံးကြောင်းသိရပါသည်။ နုနယ်သည့် ဝါးထွက်စအစို့ဖြစ် သည့်မျှစ်အား ပြုလုပ်ခြင်းဖြင့်လည်းကောင်း၊ အချဉ်ပြုလုပ်၍လည်းကောင်း၊ အခြောက်ခံ၍လည်းကောင်း စားသုံးကြပါသည်။ မျှစ်ကို ပြုတ်ပြီး ရေအထပ်ထပ်ဆေးပြီးမှ စားသုံးသင့်ပါသည်။ ဝါးအမျိုးအစားအလိုက်ပြုတ်ခြင်း၊ ရေကြာကြာစိမ်ခြင်းမပြုနိုင်ဘဲ စားသောက်မိလျှင် မူးဝေအော့အန်ဖြစ်နိုင်ပါသည်။ မြန်မာနိုင်ငံတွင် ပျဉ်းမနားမြို့နယ်၊ မိုးကုတ်မြို့နယ်နှင့် တောင်ငူအရှေ့ပိုင်းမှ မျှစ်များသည် အရည်အသွေးကောင်းပြီး အရသာအထူးကောင်းမွန်သည်။
Source - BIF
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကyes
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
BIF
BIF ကို ဗြိတိန် အစိုးရရဲ့နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန (DFID) မှ ငွေကြေး အထောက်အပံ့ပေးထားပါသည်။ မြန်မာနိုင်ငံဧ။် ခရီးသွားလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းနှင့် ဝါးလုပ်ငန်း အခန်းကဏ္ဍများတွင် စီးပွားရေးအရ အောင်မြင်သော၊ ထူးခြားဆန်းသစ်မှုရှိသောနှင့် ဝင်ငွေနိမ့်ပါးသော ဒေသခံများပါ အကျိုးခံစားခွင့် ရရှိစေသော စီးပွားရေးလုပ်ငန်းများ ပေါ် ထွက်လာစေရန် BIF မှ ပံ့ပိုးပေးလျှက်ရှိပါသည်။ အထက်ဖော်ပြပါ အခန်းကဏ္ဍများတွင် ဝင်ငွေနည်းပါးသူနှင့် အခွင့်အရေးနည်းပါးသူများအတွက် ပါဝင်အကျိုးခံစားခွင့် ရနိုင်စေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်လျှက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မတ်ပဲခုတ်ဖုံးကြဲတာ၆ရက်မြှောက်နေ့မှမိုးရွာတယ် ပဲစေ့တွေအပင်ပေါက်နိုင်သေးလား
Sawsamson • ဖြေကြားချက် 1 ခု
ငရုတ်ပင် စိုက်ပျိုးဖြစ်ထွန်းဖို့ အစကနေအဆုံးထိဘယ်လိုလုပ်ဆောင်ရမလဲခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ယခုကာလပဲးပုပ်စိုက်လိုရသေးလား.နောက်ကျမလား
ကိုနိုင်လင်း • ဖြေကြားချက် 2 ခု
ခရမ်းသီးကိုမြေစေးမာစိုက်ရလား
စိုးခန့်ကကို • ဖြေကြားချက် 2 ခု
မြေပဲတွေကဥကဥတယ်မှိုနိပ်စက်လို့သိပ်မရလိုက်ဘူး...အပင်ခြေတွေမှာဲကြတာအပင်ကစိမ်းနေပြီးနုတ်လိုက်မှဥတွေပြုတ်ကြနေခဲတာ...အပင်ဂွတွေမှာကြတာဗျမှိုက..နောက်နှစ်အတွက်ကြိုတင်ပြင်ဆင်ဖို့ရန်အတွက်ဆောင်ရန်ရှောင်ရန်လေးတွေအကြံပြုကြပါအုံးဗျ.....
သန်းထိုက်အောင် • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်းရဲ့ website အသစ်ထဲမှာ ဈေးတန်းကြီးရှိနေပြီဆိုတာ သိထားပြီးကြပြီလား?
07/10/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026