အအေးကြိုက်တဲ့ နိုကိုပင် စိုက်ပျိုးကြမယ်
မူရင်းဒေသ
နိုကိုအမည်သည် ဂျာမန်ဘာသာအရ Cabbage – Turnip ဟု အဓိပ္ပါယ်ပေါ်သည်။ မူရင်းဒေသမှ ဥရောပတိုက်အနောက်ပိုင်း တိုင်းပြည်များ ဖြစ်နိုင်ပါသည်။ နိုကိုဥကို အသုံးမများချေ။
အမျိုးအစား
ကျော်ကြားသော မျိုးမှာ White Vienna သက်လျင်အမျိုးအဝိုင်းနှင့် အစိမ်းရင့်ရောင်ဖြော့၊ အသားညက်ပြီး၊ အရွက်အလတ်တန်းစား ဖြစ်သည်။ Purple Vienna သည် (၇ ၀ ၁၀) ရက်ပိုမို၍ အသက်ကြီးသည်။ ဥအပြင်အရောင်မှာ ခရမ်းရောင်၊ အတွင်းသားသည် အစိမ်းနုရောင်ဖြစ်ပါသည်။ နိုကိုသည် အအေးကြိုက်အပင်မျိုးဖြစ်ပါသည်။
အာဟာရဓာတ်ပါဝင်မှုမှာ (၁၀၀) ဂရမ်တွင်
အစိုဓာတ် - ၉၂.၇ ဂရမ်
ပရိုတင်းဓာတ် - ၁.၁ ဂရမ်
အဆီဓာတ် - ၀.၂ ဂရမ်
သတ္တုဓာတ် - ၀.၇ ဂရမ်
အမျှင်ဓာတ် - ၁.၅ ဂရမ်
အခြားကာဘိုဟိုက်ဒရိတ် - ၃.၈ ဂရမ်
ကယ်လိုရီ - ၂၅ ဂရမ်
ကယ်လ်ဆီယမ် - ၂၀ မီလီဂရမ်
မဂ္ဂနီစီယမ် - ၁၈ မီလီဂရမ်
မီးစုန်းဓာတ် - ၃၅ မီလီဂရမ်
သံဓာတ် - ၀.၄ မီလီဂရမ်
ဆိုဒီယမ် - ၁၁၂ မီလီဂရမ်
ပိုတက်ဆီယမ် - ၃၇ မီလီဂရမ်
ကန့်ဓာတ် - ၁၃၄ မီလီဂရမ်
ဗီတာမင်အေ - ၃၆ အိုင်ယူ
သိုင်ယာမင်ဓာတ် - ၀.၀၅ မီလီဂရမ်
ဗီတာမင်စီ - ၈၅ မီလီဂရမ်
စိုက်ပျိုးသည့်ဒေသ
အအေးကြိုက်သီးနှံဖြစ်သဖြင့် ရှမ်းပြည်နယ်တွင် အများအပြားစိုက်ပျိုးပါသည်။ ဆောင်းရာသီတွင် မန္တလေးအစရှိသော မြို့များတွင်လည်း အနည်းအကျဉ်းစိုက်ပျိုးပါသည်။
မြန်မာအမည် - နိုကို
အင်္ဂလိပ်အမည် - KNOL-KHOL OR KNOL – RABI
ရုက္ခဗေဒအမည် - BRASSICA OLERACEA LINN
မျိုးရင်း - CRUCIFERAE
မြေအမျိုးအစား
သဲမြေနှင့်အလွန်စေးသောမြေမှ အပ ကျန်မြေအမျိုးအစားတို့တွင် ပြုပြင်၍ စိုက်ပျိုးနိုင်သည်။ pH (၆ – ၆.၅) မြေမျိုးကို ပို၍ နှစ်သက်ပါသည်။
ရာသီဥတု
နိုကိုဥကောင်းစွာ ဖြစ်ထွန်းနိုင်ရန် အပူချိန် (၆၅) ဒီဂရီမှ (၇၅) ဒီဂရီ ဖာရင်ဟိုက်ရှိရန်လိုအပ်ပါသည်။
စိုက်ပျိုးချိန်
မြေပြန့်ဒေသတွင် အောက်တိုဘာလ – နိုဝင်ဘာ၊ တောင်ပေါ်ဒေသတွင် မေ၊ ဇွန်နှင့်အောက်တိုဘာ နိုဝင်ဘာလတို့တွင် စိုက်ပျိုးသည်။
မျိုးစေ့နှုန်း
တစ်ဧကအတွက် မျိုးစေ့ (၁၀ – ၁၃) အောင်စ လိုအပ်ပါသည်။
ပျိုးထောင်ခြင်း
အနံ တစ်ပေခွဲ နှစ်ပေ၊ အလျား ၁၀ ပေရှိသော မြေဘောင် ၅ ဘောင်ကို ပြုပြင်ပြီး ဘောင်ပေါ်တွင် ကောင်းစွာ ဆွေးမြေးသော မြေဆွေးကို ပါးပါး ဖြန့်ထားပေးရမည်။ ထို့နောက် မျိုးစေ့ ၁၀ အောင်စကို ညီညာစွာ ၂ လက်မခြား၍ မျိုးစေ့ချပေးရမည်။ တစ်ဖန် ၎င်းမျိုးစေ့ပေါ်တွင် မြေသားနှင့်သဲအနည်းငယ် ရောထားသော မြေဖြင့် ဖုံးအုပ်ထားရမည်။ ၁ လက်မ မှ ၂ လက်မရှည်သော ကောက်ရိုးပြတ်များ ပါးလွှာစွာအုပ်ပြီး ရေပန်းခရားပေါက်သေးသေးဖြင့် ရေဖြန်းပေးရမည်။ လိုအပ်လျှင် သတင်းစာ စက္ကူဖြင့် ၂ ရက်ခန့် အုပ်ပေးရမည်။ ၃ – ၄ ရက်ခန့်ကြာလျှင် အညှောက်ပေါက်လာသည်။
စိုက်ခင်းပြုပြင်ခြင်း
စိုက်ခင်းမြေကို တစ်လခန့်ကြို၍ ပြုပြင်ထားရမည်။ နွားချေး၊ မြေဆွေးကို (၃) တန်ခန့်ထည့်ပေးရပါမည်။ ထို့နောက် ထယ်တစပ် ထွန် (၂) စပ် ဝင်ရပါမည်။
ဓာတ်မြေသြဇာကျွေးခြင်း
သဘာဝမြေသြဇာအပြင် ဓာတ်မြေသြဇာကိုလည်း မြေပြုပြင်စဉ်အချိန်၌ တစ်ဧကလျှင် ယူရီးယား (၁၁၂) ပေါင်၊ တီစူပါ (၁၆၀) ပေါင်၊ မြူရိတ်အော့ဖ်ပိုတက် (၅၆) ပေါင်ထည့်ပေးရပါမည်။ စိုက်ပျိုးပြီး တစ်လခွဲခန့်တွင် ယူရီယား (၁၁၂) ပေါက်ကို စိုက်ခင်းတွင် ထည့်ပေးရပါမည်။
ရွေ့ပြောင်းစိုက်ပျိုးခြင်း
ပျိုးသက် (၃၀ – ၄၀) ရက်အတွင်း ပြောင်းရွေ့၍ စိုက်ပျိုးရပါမည်။ တစ်ပင်နှင်တစ်ပင် (၆ – ၈) လက်မ၊ တစ်တန်းနှင့်တစ်တန်း (၁၀ – ၁၂) လက်မခန့်ထား၍ စိုက်ပျိုးသင့်ပါသည်။ ပေါင်းမြက်နှုတ်ခြင်း၊ မြေဆွေခြင်းကို (၁၅) ရက်ခြား၍ ဆောင်ရွက်သင့်ပါသည်။ ရွေ့ပြောင်းစိုက်ပျိုးခြင်းကို ညနေပိုင်းတွင် ပြုလုပ်သင့်သည်။
ဆွတ်ခူးခြင်း
မြေပေါ်ရှိ ပင်စည်ဥကြီး၏ အရွယ်သည် အချင်း (၂ – ၃ ) လက်မ ရှိလျှင် အပင်နှုတ်ပြီး ရေဆေးပြီး ရောင်းချရပါသည်။
အထွက်
တစ်ဧကလျှင် ပျမ်းမျှ (၁၀ – ၁၂) တင်းခန့် ထွက်ပါသည်။
ထားသိုခြင်း
အများအားဖြင့် နိုကို ကို ကြာရှည်ထားသို၍ ရောင်းချလေ့မရှိပါ။ သို့သော် စိုက်ခင်းနှင့်ဝေးလံသော စျေးကွက်သို့ ပို့ဆောင်ရာတွင် လည်းကောင်း၊ ရက်ပိုင်းထားသိုရာတွင် အကောင်းဆုံးအနေအထားမှာ စိုထိုင်းဆ (၉၀ – ၉၅) ရာခိုင်နှုန်း၊ အပူချိန် (၃၂) ဒီဂရီဖာရင်ဟိုက်ဖြစ်ပါသည်။
စိုက်ပျိုးရေးဦးစီးဌာန
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မြေပြန့်ဒေသဆောင်းသီးနှံ
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မတ်ပဲခုတ်ဖုံးကြဲတာ၆ရက်မြှောက်နေ့မှမိုးရွာတယ် ပဲစေ့တွေအပင်ပေါက်နိုင်သေးလား
Sawsamson • ဖြေကြားချက် 1 ခု
ငရုတ်ပင် စိုက်ပျိုးဖြစ်ထွန်းဖို့ အစကနေအဆုံးထိဘယ်လိုလုပ်ဆောင်ရမလဲခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ယခုကာလပဲးပုပ်စိုက်လိုရသေးလား.နောက်ကျမလား
ကိုနိုင်လင်း • ဖြေကြားချက် 2 ခု
ခရမ်းသီးကိုမြေစေးမာစိုက်ရလား
စိုးခန့်ကကို • ဖြေကြားချက် 2 ခု
မြေပဲတွေကဥကဥတယ်မှိုနိပ်စက်လို့သိပ်မရလိုက်ဘူး...အပင်ခြေတွေမှာဲကြတာအပင်ကစိမ်းနေပြီးနုတ်လိုက်မှဥတွေပြုတ်ကြနေခဲတာ...အပင်ဂွတွေမှာကြတာဗျမှိုက..နောက်နှစ်အတွက်ကြိုတင်ပြင်ဆင်ဖို့ရန်အတွက်ဆောင်ရန်ရှောင်ရန်လေးတွေအကြံပြုကြပါအုံးဗျ.....
သန်းထိုက်အောင် • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from စိုက်ပျိုးရေးဦးစီးဌာန
အားလုံး
တောင်သူများအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် (Ammonium Sulphate) မြေဩဇာအကြောင်း
10/12/2021
ရေဆင်းကုလားပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ
22/11/2021
စိုက်ပျိုးသင့်သော နှမ်းအထွက်ကောင်းမျိုးများ
27/08/2021
စပါးခွံပေါင်းခံရည်ဘယ်လိုလုပ်မလဲ
16/01/2021
လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ရွှေ့ပြောင်းအသုံးပြုရာတွင် လိုအပ်သောအကူအညီ တောင်းခံဆောင်ရွက်နိုင်ကြောင်း အသိပေးနှိုးဆော်ချက်
14/12/2020