မာလာဝတီ ခရမ်းချဉ်မျိုးပါ အခုလိုပုံပါအတိုင်း အပွင့်ရဲ့အဆစ်ကနေဝါပြီးကြွေနေလို့ပါ
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၄၀ ရက်
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- အပွင့်
- ရာသီဥတု (တစ်ပတ်အတွင်း)
- နေရာကွက်ကျားမိုးရွာ
ပုံပါလက္ခဏာသည် ခရမ်းချဉ်ပင်များတွင် အဖြစ်များသော ပန်းပွင့်ကြွေခြင်း (Blossom Drop) ပြဿနာဖြစ်ပါတယ်။ အပွင့်ဆဲလ်ဖတ်နှင့် ပန်းပွင့်ညှာတံကြားရှိ အဆစ်နေရာလေးတွင် အဝါရောင်ပြောင်းကာ အပွင့်များ ခြောက်ပြီး ကြွေကျရခြင်းမှာ မှို သို့မဟုတ် ဘက်တီးရီးယားကြောင့်မဟုတ်ဘဲ ရာသီဥတုပူပြင်းလွန်းခြင်း၊ အစိုဓာတ်မမှန်ခြင်း သို့မဟုတ် နိုက်ထရိုဂျင်များလွန်းခြင်း စသည့် အပင်စိတ်ဖိစီးမှု (Physiological Disorder) ကြောင့် ဖြစ်ပါတယ်။ ၎င်းကို ကာကွယ်ရန်အတွက် ရေကို မှန်မှန်လောင်းပေးခြင်း၊ နေပူပြင်းပါက အရိပ်ပိုက် မိုးပေးခြင်း၊ ယူရီးယားမြေဩဇာကို လျှော့ချပြီး ကယ်လ်စီယမ်-ဘိုရွန်နှင့် အပွင့်အားဆေးများ ပြောင်းလဲပက်ဖျန်းပေးခြင်းဖြင့် နောက်ထွက်လာမည့် အပွင့်အသစ်များတွင် အသီး ပုံမှန်ပြန်တင်လာစေနိုင်ပါတယ်။ခရမ်းချဉ်သည် မိမိဘာသာ ဝတ်မှုန်ကူးသောအပင်ဖြစ်၍ မနက်ပိုင်း (၉ နာရီမှ ၁၁ နာရီကြား) တွင် ပန်းခိုင်လေးများကို ခပ်ဖွဖွလေး လှုပ်ခါပေးခြင်းဖြင့် ဝတ်မှုန်ကူးမှုကို အထောက်အကူပြုစေနိုင်ပါတယ်။ရာသီဥတု ပြန်လည်မျှတသွားချိန် သို့မဟုတ် အထက်ပါအတိုင်း ပြုစုပေးပါက နောက်ထွက်လာမည့် အပွင့်အသစ်များတွင် အသီး ပုံမှန်ပြန်တင်လာပါလိမ့်မယ်၊ ခြောက်သွားသည့်အဆစ်များမှ မှိုရောဂါမဝင်စေရန် Azoxystrobin မှိုသတ်ဆေးတစ်ကြိမ်လောက်တော့ ဖျန်းပက်ထားသင့်ပါသေးတယ်

Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ရန်ကုန်နှင့်အနီးတစ်ဝှိက်မှာချယ်ရီခရမ်းချဉ်သီးစိုက်ပျိုးကြပါသလားရှင့်
ဖြေကြားချက် 1 ခု
ဆရာရေ ခရမ်းချဥ်စျေးကတော့ ဒီနှစ်အတွက်စံချိန်သစ်တင်ပါပြီ တစ်ပိသာ 5000 စျေးထိ ဒီနေ့ တက်လာပါတယ်ခင်ဗျ အပင်ရေ 500...
ဖြေကြားချက် 5 ခု
လောင်မဲနိုင်တဲ့ဆေးလေးသိပါရစေဗျာ
ဖြေကြားချက် 1 ခု
ဆရာ ဘက်တီးရီးယားလားဆရာ ကြည့်ပေးပါအူး မှိုးဆေးတော့ ၄ ကြိမ်ရှိနေပီဗျ ဘက်တီးရီးယားဆေးတော့မဝင်ရသေးဘူးဆရာ ဒီနောက်...
ဖြေကြားချက် 10 ခု
ခရမ်းချဥ်ပင်မှာဖြစ်တဲ့ နှောင်းပင်နာကျရောဂါ ၊ ခါးရိရောဂါ ၊ဒေါင်းနီးရွက်ခြောက် ၊ပင်စည်နက်ရောဂါ အတွက် ( Metalaxyl...
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။