ရေဘေးသင့် ကရင်ပြည်နယ်အတွက် မျိုးစပါး တင်း ၃၀၀၀ ဖြန့်ဖြူးမည်

02/08/2018 11:45 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကရင်ပြည်နယ်အတွင်း ဇူလိုင်လ ၂၃ ရက်နေ့မှ စကာ မိုးအဆက်မပြက် ရွာသွန်းမူကြောင့် မိုးစပါး စိုက်ဧကများ ပျက်စီးခဲ့သဖြင့် ရေများ ပြန်လည် ကျဆင်းသွားပါက အရန်မျိုးစပါးတင်း ၃၀၀၀ နှင့် မျိုးစေ့ချ ကိရိယာများ ဖြန့်ဖြူးပေးရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း စိုက်ပျိုးရေး ဉီးစီးဌာနထံမှ သိရသည်။

ကရင်ပြည်နယ်အတွင်းနှစ်စဉ် မိုးစပါးဧက လေးသိန်းကျော်စိုက်ပျိုးခဲ့ရာ ယခုနှစ် မိုးစပါး ရာသီအတွက် ဧက တစ်သိန်းကျော်စိုက်ပျိုးပြီး ဖြစ်ကာ မိုးအဆက်မပြက် ရွာသွန်းမှုကြောင့် မိုးစပါးစိုက်ဧရိယာ ၁၁,၃၆၃ ဧက၊ အစေ့ထုတ်ပြောင်း ၁၆၇၇ ဧက ၊ မိုးမြေပဲနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများ ရေကြီးနှစ်မြုပ်မှု ကြုံတွေ့နေရကြောင်း စိုက်ပျိုးရေးဦးစီးဌာန ထံမှ သိရသည်။

ဆောင်းပါး အပြည့်အစုံဖတ်ရန်...............


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်