မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာမိုက်ကိုရိုက်ဇာမှို အပိုင်း(၂၃)

01/11/2022 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

အေအမ်အက်ဖ်မှိုများ ထိုးသွင်းပါက ဒေါနပန်းပင်၏ အဆီတွင် အာတီမင်စင်နင် ပါဝင်မှုရာနှုန်းတိုးစေပြီး ဆေးဖက်ဝင်သောအရည်အသွေးများ တိုးလာသည်။

 ဒေါနပန်း Artemisia vulgaris L.

  • ဒေါနပန်းကို အိမ်ခြံတွင် အိုးဖြင့် စိုက်လေ့ရှိကြသည်၊
  • ဒေါနပန်းသည် အိုးဖြင့်စိုက်ရလွယ်သည်၊ ကြီးထွားမြန်သည်၊ ရာသီကြမ်း ခံနိုင်သည်။
  • အိမ်ခြံတွင် စိုက်ထားသဖြင့် ဒေါနပန်း၏ ချိုသောအနံ့ရှိသည့် ပန်းပွင့်သည် တနှစ်ပတ်လုံး ဆွဲဆောင်မှုရှိ သည်၊ ခြံထဲမှာရှိသောပိုးများ၏ နှောင့်ယှက်မှုကို တားဆီးသည်၊ အယ်ကိုဟော absinthe တွင်ထည့်သုံးသော အဓိကပါဝင်ပစ္စည်းတခု ဖြစ်သည်၊ 
  • အိုးစိုက်ဒေါနပန်းတွင် ဒေသခံအေအမ်အက်မှိုမျိုးကွဲများ၏အမြစ်စွဲပြီး ဒေါနပန်းအဆီတွင် အာတီမင်စင်နင်တိုးလာသဖြင့် ဆေးဖက်ဝင် အရည်အသွေးတိုးလာစေသည်။
  • အိုးစိုက် ဒေါနပန်းမှထုတ်သော စစ်ထုတ်ရည်ကို အိုးစိုက်အခြားအပင်တွင်ကျသော ရောဂါဖြစ်စေသက်ရှိမှိုများအတွက် အသုံးပြုနိုင်သည်၊ သတိပြုရမည့်အချက်များတော့ ရှိသည်။
  • ဇီဝမြေသြဇာအရင်းအမြစ် အေအမ်အက်ဖ်မှိုနှင့် ဒေါနပန်းပင်၏သဟဇီဝနဖြစ်စဉ်၏ အကျိုးပြုပတ်ဝန်းကျင်မိတ်ဖက်ဖြစ်မှုများ တွေ့ရှိထားသည်။

ဒေါနပန်း၏ကျန်းမာရေး အကျိုးပြုမှု 

  • ငှက်ဖျားရောဂါ ကုသရာတွင် သုံးသည်၊
  • ရောင်ရမ်းမှုကို ကျစေသည်၊
  • ကင်ဆာဖြစ်စေမှု လျော့ကျသည်၊
  • အအေးမိခြင်း၊ ဖျားနာခြင်းက လွတ်ကင်းသည်၊
  • အစာအိမ်နှင့် အူလမ်းကြောင်း ကောင်းစေသည်၊

အေအမ်အက်မှို ထိုးသွင်းခြင်းဖြင့် ကျန်းမာရေးအကျိုးပြု ဒုတိယအစာချေဖျက်ပေးနိုင်သော ဓာတုပစ္စည်းတိုးစေခြင်း 

ဇယား၁ အဆက် 

အိုးစိုက်ဒေါနပန်းတွင် အေအမ်အက်ဖ်မှို ထိုးသွင်းခြင်း

  • အိုးစိုက်ပလတ်စတစ်အိုး ၁၅ x ၁၂ စင်တီမီတာ ပိုးသန့်ပြီးမြေ ၁၂၀ဝ ဂရမ် ဖြည့်သည်။
  • ပျိုးပင် သို့မဟုတ် ပြောင်းရွှေ့ပင်သို့ အေအမ်အက်ဖ်မှို ထိုးသွင်းရာတွင် တပင်လျှင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း (၁၀ ဂရမ်) ကို အပင်ခြေနားတွင် ထည့်ပါသည်၊ မြေအနည်းငယ် ထည့်သည်၊ မျိုးစေ့စိုက်သည်၊ မြေဖုံးသည်။
  • ၅ လသားတွင် အပင်များကို စိစစ်သည်။

မှတ်ချက် 

  • ဒေါနပန်းသည် အေအမ်အက်မှို မှီခိုမှု မြင့်သည်၊ 
  • အမြစ်စွဲရာခိုင်နှုန်း ၆၆-၈၀ % ရှိသည်၊
  • အေအမ်အက်မှိုအရောကို သုံးသည်၊ အကျိုးပြုမှု ကောင်းသည်။

ထိုးသွင်းအေအမ်အက်ဖ်မှိုများက ဒေါနပင် အာတီမင်စင်နင်ပါဝင်မှုရာနှုန်း တိုးစေခြင်းဖြင့် ပတ်ဝန်းကျင် မိတ်ဖက်ဖြစ်မှု 

 

ဒေါနပင်၏ စစ်ထုတ်ရည်အကြမ်း၏ သက်ရှိမှို ဆန့်ကျင်အစွမ်းသတ္တိ

ဒေါနပင်၏ စစ်ထုတ်ရည် ထုတ်လုပ်ပုံ

  • ဒေါနအရွက် ၂၀ဝ ဂရမ်ကို ပိုးသန့်စစ်ကျရည်နှင့် ဆေးသည်။ 
  • ပိုးသန့်စစ်ကျရည် ၂၀ဝ မီလီလီတာတွင်ဖျော်ပြီး ကြိတ်ဆုံတွင်ကြိတ်သည်၊
  • အနည်များနှံ့အောင်မွှေပြီး၂ လွှာပါသော မတ်စ်လင်အဝတ်စနှင့်စစ်သည်၊Whattman’s filter paper No. 1 နှင့် ထပ်၍ စစ်သည်၊
  • စစ်ကျရည်ကို  လှည့်စက်တွင် ၅၀ဝ၀ အာပီအမ်ဖြင့် ၁၀ မိနစ် လှည့်သည်။ 
  • ရရှိသောအရည်သည် စံဖျော်ရည် ဖြစ်သည်။

သတိပြုရမည့်အချက်

  • စစ်ထုတ်ရေ ထုတ်နည်းမှန်ကန်ရန် လိုသည်။
  • ဆောလဗန့်အဖြစ် ရေ (အအေး၊အပူ)၊ အယ်ကိုဟော၊ မီသနော၊ အီသနော သုံးနိုင်သည်၊
  • အသုံးပြုနှုန်း မှန်ကန်ရန် လိုသည်၊
  • ပိုးသန့်ရည်/ပေါင်းခံရည်အစား သာမန်ရေကိုသုံးနိုင်သည်၊
  • လှည့်စက်မရှိပါက စနစ်တကျ မွှေပါ၊
  • မတ်စ်လင်အဝတ်စအစား ပိတ်ပါးစ သုံးနိုင်သည်။

ဒေါနအရွက် စစ်ထုတ်ရည်၏ရွက်ပြောက်၊ ရောဂါဖြစ်စေသက်ရှိ မှိုမျှင်ကြီးထွားမှုကို ဟန့်တားခြင်းဖြင့် ပတ်ဝန်းကျင်မိတ်ဖက်ဖြစ်မှု 

  • ရောဂါဖြစ်စေသက်ရှိ Alternaria alternata မှိုသည် သံလွင်ပင်၊ ဂျင်စင်းပင် ရွက်ပြောက်ရောဂါဖြစ်စေသက်ရှိဖြစ်သည်။ 
  • အပင်စစ်ကျရည် အမျိုးမျိုးသည် အပင်များတွင် ရွက်ပြောက်၊ ရောဂါဖြစ်စေသက်ရှိများ၏ မှိုမျှင်ကြီးထွားမှုကို ဟန့်တားသည်။ 
  • အသုံးပြုသော အပင်စစ်ကျရည်အမျိုးမျိုးအနက် ဒေါနပန်းပင်မှ စစ်ကျရည်သည် ရွက်ပြောက်၊ ရောဂါဖြစ်စေသက်ရှိ၏မှိုမျှင်များ ပွားများမှုကို ၈၀ % ထိ ဟန့်တားသည်။
  • ဒေါနရွက် စစ်ကျရည်သည် ဟင်းသီးဟင်းရွက်များ၊ အသီးများကို ပုပ်စေသော မှို၏ကြီးထွားမှုကို ၇၅ % ဟန့်တားသည်။ ဟင်းသီးဟင်းရွက်များတွင် သုံးပါက မူလပြင်းအားပြည့် စံဖျော်ရည်က အပင်လောင်နိုင်သဖြင့် မူလပြင်းအားမှ ပြင်းအားပျော့ကို သုံးရမည်။

ဒေါနအရွက် စစ်ထုတ်ရည်၏ ရွက်ပြောက်၊ ရောဂါဖြစ်စေသက်ရှိ မှိုမျှင်ကြီးထွားမှုကို ဟန့်တားခြင်း

 

ပတ်ဝန်းကျင်မိတ်ဖက် တွေ့ရှိချက်များ 

  • ဆေးဖက်ဝင် အပင်စစ်ကျရည် အမျိုးမျိုးအနက် ဒေါနအရွက် စစ်ထုတ်ရည်သည် ရောဂါဖြစ်စေသက်ရှိမှိုများကို ဆန့်ကျင်သတ္တိမြင့်မားသည်၊
  • ဒေါနပင်တွင် အေအမ်အက်ဖ်မှို ထိုးသွင်းပါက အပင်စစ်ကျရည်၊ အဆီများတွင် အာတီမင်စင်နင် ပါဝင်မှုရာနှုန်း တိုးစေပြီး ဆေးဖက်ဝင်သောအရည်အသွေး တိုးလာသည်။

ကိုးကား

၁။  Gurjar MS.et al.  Efficacy of plant extracts in plant disease management.Agricultural Sciences Vol.3, No.3, 425-433 (2012).http://dx.doi.org/10.4236/as.2012.33050.

၂။  Ma J.et al. Effects of arbuscular mycorrhizal fungi symbiosis on microbial diversity and enzyme activities in the rhizosphere soil of Artemisia annua. Soil Science Society of America Journal. V85, Issue3May/June 2021: 703-716. https://doi.org/10.1002/saj2.20229

၃။ Parveen S. et al. Antifungal activity of some plant extracts on some pathogenic fungi. Archives of Phytopathology and Plant Protection, 2014. Vol. 47, No. 3, 279–284, http://dx.doi.org/10.1080/03235408.2013.808857

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်