အခြေခံစိုက်ပျိုးနည်းရက်တိုသင်တန်းများကို မြေပဒေသာဥယျာဉ်ခြံ(ဗဟန်း)မှာ ဖွင့်လှစ်သွားမှာဖြစ် ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ၊ ဥယျာဉ်ခြံ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲမှ သိရပါတယ်။
အဆိုပါစိုက်ပျိုးနည်းရက်တိုသင်တန်းများကို အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်တယ်လို့ ဥယျာဉ်ခြံ ဟင်းသီးဟင်းရွက်နှင့်အပင်ဇီဝနည်းပညာဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသူရစိုးကပြော ပါတယ်။
စိုက်ပျိုးရေဦးစီးဌာနအနေနဲ့ စိုက်ပျိုးနည်းရက်တိုသင်တန်းတွေဖွင့်ဖို့ရှိပါတယ်။ သင်တန်းတွေကို လာပြီးတက်ရောက်တဲ့သူတွေအတွက်အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမှာပါ
ပရဆေးစိုက်ပျိုးနည်းသင်တန်း ၊ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ ၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်းသင်တန်း ၊ ကိုင်းကူးကိုင်းဆက်သင်တန်း၊ သစ်ခွစိုက်ပျိုးနည်းသင်တန်း ၊ မှိုစိုက်ပျိုးနည်း သင်တန်း ၊ ပိုးသတ်ဆေးစနစ်တကျကိုင်တွယ်အသုံးပြုနည်း သင်တန်းတို့ကို ဖွင့်လှစ်ပေးသွားမှာဖြစ် ကြောင်းသိရပါတယ်။
အဆိုပါသင်တန်းကို တက်ရောက်ချင်သူများအနေနဲ့ မြေပဒေသာခြံဦးစီးမှူးရုံး ဖုန်းနံပါတ် ၀၉- ၂၅၄၀၂၂၃၄၉ ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းသိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more