ဒစ်ဂျစ်တယ် စာပေ သိနားလည်မှုအား ဆန်းစစ်ခြင်း
“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ကြိုဆို လိုက်ပါတယ် ခင်ဗျ။ ယခုတစ်ပတ်မှာတော့ တောင်သူ ဦးလေး ဒေါ်လေးတို့အနေနဲ့ ဒစ်ဂျစ်တယ် စာပေ သိနားလည်မှုကို ဆန်းစစ်နိုင် ဖို့ မျှဝေပေးလိုက်ပါတယ် ခင်ဗျ။
ဒစ်ဂျစ်တယ်စာပေ သိနားလည်မှုကို အဓိက နိယာမ ၃ ခုနဲ့ အမျိုးအစားခွဲခြားပါတယ်။ မိမိအနေနဲ့ ဘယ်အပိုင်းမှာ ပါဝင်နေလဲဆိုတာ လေ့လာ ကြည့်လိုက်ရအောင်လား ခင်ဗျ။
အဆင့် ၁ - အသုံးပြုသည် (Use)
ဒီအဆင့်မှာဆိုရင် ဖုန်း၊ ကွန်ပျူတာ၊ အင်တာနက် အသုံးပြုဖို့အတွက် လိုအပ်တဲ့ အခြေခံနည်းပညာတွေ တတ်မြောက်တာကို ဆိုလိုပါတယ်။ မိမိအနေနဲ့ အင်တာနက် ကောင်းကောင်းသုံးတတ်တယ်၊ Web Browser ကနေ သတင်းအချက်အလက်တွေ ရှာဖွေနိုင်တယ်၊ အီးမေးကောင်းကောင်း သုံးတတ်တယ်ဆိုရင်တော့ အဆင့် ၁ မှာ ပါဝင်ပါတယ်။
အဆင့် ၂ - နားလည်သည် (Understand)
ဒီအဆင့်ကတော့ ဒစ်ဂျစ်တယ် မီဒီယာတွေကို နားလည်သဘောပေါက်ဖို့၊ ဆက်စပ်တွေးတောဖို့၊ အကဲဖြတ်ဖို့ အချက်တွေ ပါဝင်ပါတယ်။ မိမိအနေနဲ့ ဒစ်ဂျစ်တယ်စာပေတွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကိုသိတယ်၊ လူတွေအပေါ် ဘယ်လိုသက်ရောက်နိင်တယ်ဆိုတာ နားလည်တယ်၊ သတင်းအချက်အလက်တွေကို စီမံခန့်ခွဲနိုင်တယ်ဆိုရင် အဆင့် ၂ မှာပါဝင်ပါတယ်။
အဆင့် ၃ - ဖန်တီးသည် (Create)
ဒီအဆင့်မှာဆိုရင် အမျိုးမျိုးသော ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ပစ္စည်းတွေကို အသုံးပြုပြီး မိမိသိထားတဲ့ အကြောင်းအရာ၊ ဗဟုသုတတွေ ပြန်လည်မျှဝေပေးနိုင်တာကို ဆိုလိုပါတယ်။ မိမိသိထားတဲ့ သတင်းအချက်အလက်ကို ဗီဒီယို၊ ဓာတ်ပုံ၊ အကြောင်းအရာများ ဖန်တီးပြီး မျှဝေခြင်း၊ ဘလော့ဂ် (Blog)၊ ဝက်ဘ်ဆိုက် (Website)၊ ဖေ့ဘုတ်စာမျက်နှာ၊ ဆော့ဝဲလ်များဖန်တီးပြီး သတင်းအချက်အလက်မျှဝေခြင်းများ ပြုလုပ်မယ်ဆိုရင်တော့ အဆင့် ၃ မှာ ပါဝင်မှာ ဖြစ်ပါတယ်။
တောင်သူ ဦးလေး ဒေါ်လေးတို့ရော မိမိအနေနဲ့ ဘယ်အပိုင်းမှာ ပါဝင်နေလဲဆိုတာ ကွန်မန့်မှာ ဆွေးနွေးပေးခဲ့ကြပါအုံးခင်ဗျ။
ယခင်တစ်ပတ်က အသုံးမပြုသင့်တဲ့ လျှို့ဝှက်နံပါတ်တွေ အကြောင်း ဖော်ပြထားတဲ့ ဆောင်းပါး ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။
လူသုံးများပြီး မထားသင့်သော လျှို့ဝှက်နံပါတ်များ
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
စမုံနက်နှမ်းမျိုးက ဆောင်းမှာစိုက်လို့ရလား
Khing Hein • ဖြေကြားချက် 1 ခု
ရက်၉၀စပါးပျိုးထောင်စိုက်လို့ရပါသလားဘယ်လိုစိုက်ရသလဲသိခြင်ပါတယ်
ဦးရွှေပြည်စိုး • ဖြေကြားချက် 1 ခု
ဆောင်မှာစိုက်မှာမိုး ဘယ်နှမ်းမျိုတွေစိုက်ရင်ကောင်မလည်ခင်များ ပြောပေပါအုံးခင်များ
မင်းမင်း • ဖြေကြားချက် 3 ခု
မြေပဲ မိုးဦးကျစိုက်ရင် မြေပဲတေက ပဲ၀မ်းကျဖြစ်နေလို့ အဆေ့တေက စမ်းပဲမဟုတ်ပဲနဲ့ နီကျောင်ကျောင်တေ ၊ဆောင်းပဲကျ ပုံမှန်ပဲ ဘာပြုလို့လဲ
နံပတ်2 • ဖြေကြားချက် 3 ခု
အပင်တေသေတယ်ပိုးကောင်နဲ့ခြတေဘယ်လိုလုပ်ရမလည်း အပင်အားကောင်းဆေးမသိ
ကိုရဲကို • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်
05/10/2026
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026