လူသုံးများပြီး မထားသင့်တဲ့ လျှို့ဝှက်နံပါတ်များ 

18/01/2021 12:45 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

        “ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေး ပြန်လည်ရောက်ရှိလာပြန်ပါပြီ ခင်ဗျ။ ယခင်တစ်ပတ်ကတော့ တောင်သူတွေ သတိထားနိုင်အောင် အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်ခြင်း ဆိုတဲ့ အကြောင်း မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။ ယခုတစ်ပတ်မှာတော့ တောင်သူ ဦးလေး ဒေါ်လေးတို့အနေနဲ့ အသုံးမပြုသင့်တဲ့ လျှို့ဝှက်နံပါတ်တွေ အကြောင်း မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။ 

       အင်တာနက်၊ လူမှုကွန်ယက် မီဒီယာ သုံးစွဲနေကြတဲ့ လူအများစုဟာ မိမိတို့ အသုံးပြုနေတဲ့ အကောင့်တွေအတွက် လျှို့ဝှက်နံပါတ် သတ်မှတ်ရာမှာ အလွယ်တကူ ပြန်မှတ်မိနိုင်ဖို့အတွက် 123456 ဆိုတဲ့ နံပါတ်ကို လျှို့ဝှက်နံပါတ်အဖြစ် အများဆုံး အသုံးပြုကြပါတယ်။ ဒုတိယလူသုံးအများဆုံး လျှို့ဝှက်နံပါတ်ကတော့ 123456789 ဖြစ်ပါတယ်။ တစ်ချို့ဆိုရင်လည်း မိမိရဲ့ မွေးနေ့၊ မှတ်ပုံတင် နံပါတ်၊ မိမိရဲ့ နာမည်၊ မိမိကြိုက်တဲ့ ဘောလုံးအသင်း နာမည်၊ မိမိကြိုက်တဲ့ ပစ္စည်းတွေရဲ့ နာမည်တွေကို လျှို့ဝှက်နံပါတ် အဖြစ်ထားတတ်ကြပါတယ်။ တောင်သူ ဦးလေး၊ ဒေါ်လေးတို့ရော မိမိတို့ရဲ့ လျှို့ဝှက်နံပါတ်ကို ဘယ်လိုလေးတွေ ထားကြလဲ ခင်ဗျ။  

       အလွယ်မှတ်ထားတဲ့ လျှို့ဝှက်နံပါတ်တွေ အသုံး အလွယ်တကူ မှတ်မိနိုင်ဖို့အတွက် ပြုလုပ်ထားတဲ့ လျှို့ဝှက်နံပါတ်တွေဟာ အမှန်တကယ်တော့ လုံခြုံမှု မရှိပါဘူး ခင်ဗျ။ပြုသူအများစုရဲ့ အကောင့်ဟာဆိုရင်လည်း များသောအားဖြင့် အကောင့်ဟတ်ခံရဖို့ များပါတယ်။ ဒါဆိုရင် ဘယ်လို လျှို့ဝှက်နံပါတ်တွေ  အသုံးပြုသင့်ပါ သလဲ။ လျှို့ဝှက်နံပါတ်တွေ  အသုံးပြုမယ်ဆိုရင် ဂဏန်းတွေချည်းပဲ အသုံးမပြုသင့်ပါဘူး။ မိမိအနေနဲ့ မှတ်သားလွယ်တဲ့ အက္ခရာတွေ၊ နံပါတ်တွေ၊ သင်္ကေတ တွေပါတဲ့ လျှို့ဝှက်နံပါတ်တွေ အသုံးပြုသင့်ပါတယ်။ ဒါမှသာ မိမိ အသုံးပြုတဲ့ အကောင့်ဟာ အလွယ်တကူ အဟတ်မခံရဘဲ လုံခြုံမှု ရှိမှာဖြစ်ပါတယ်။ 

 ဥပမာ - Aung25@ygn1999 စတဲ့ ပုံစံမျိုးလေးတွေ ထားသင့်ပါတယ်။

ဒါကြောင့် လူသိများတဲ့ ဂဏန်းတွေ၊ စကားလုံးတွေကို လျှို့ဝှက်နံပါတ် အဖြစ်မသုံးကြဖို့ အကြံပေးလိုက်ပါတယ်။ လျှို့ဝှက်နံပါတ်နဲ့ ပတ်သတ်ပြီး ထူးခြားတဲ့ အတွေ့အကြုံလေးတွေ ရှိရင်လည်း ကွန်မန့်မှာ ဆွေးနွေးပေးခဲ့ကြပါအုံးခင်ဗျ။ 

       ယခင်တစ်ပတ်က အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်ခြင်း အကြောင်း ဖော်ပြထားတဲ့ ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။

အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိပ်လည်ခြင်း

Credit - https://www.ictdirectory.com.mm
Source -Net Guide

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်