နဂါးမောက်သီးအသင့်စား အထားခံပြားလေးများလုပ်နည်း
နဂါးမောက်သီးဆိုတာက
ဗီတာမင် စီ၊ ဗီတာမင် ဘီ အထူးသဖြင့် ဗိုက်တာမင် ဘီဝမ်း၊ သတ္တုဓါတ်တွေ အထူးသဖြင့်တော့ ကယ်လ်ဆီယမ်၊ သံဓါတ်နဲ့ မီးစုန်းဓါတ်တွေ၊ အမျှင်ဓါတ်၊ ကိုလက်စထရောဖြစ်ပေါ်မှုကို အားမပေးသောအဆီများ အထူးသဖြင့် အိုမီဂါ (၃) နဲ့ အိုမီဂါ (၆) လိုမျိုး အဆီတွေက အစေ့မဲမဲလေးတွေထဲမှာ ပါတယ်။
Lycopene လိုမျိုး အနီရောင်ဖြစ်စေတဲ့ပစ္စည်း နဲ့ Anthocyanins ကဲ့သို့ ရောင်ခြယ်ပစ္စည်းတွေပါနေတာဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
နဂါးမောက်သီး (၂)လုံး
နဂါးမောက်သီး (၂)လုံး
ပြုလုပ်နည်းအဆင့်ဆင့်
၁။ အလုံးလိုက်ရအောင် အခွံခွာပါ။ နဂါးမောက်သီးကို ထိပ်ဖက်ပိုင်းကနေ ဖြတ်ချလိုက်ရင် အခွံတွေကို အလွယ်တကူ ဆွဲခွာလို့ရပါလိမ့်မယ်ဗျာ။ အလုံးလိုက်လေးတွေ အလွယ်ရအောင်လုပ်နိုင်တာပေါ့ဗျာ
၁။ အလုံးလိုက်ရအောင် အခွံခွာပါ။ နဂါးမောက်သီးကို ထိပ်ဖက်ပိုင်းကနေ ဖြတ်ချလိုက်ရင် အခွံတွေကို အလွယ်တကူ ဆွဲခွာလို့ရပါလိမ့်မယ်ဗျာ။ အလုံးလိုက်လေးတွေ အလွယ်ရအောင်လုပ်နိုင်တာပေါ့ဗျာ
၂။ နောက်တစ်ဆင့်ကတော့ နဂါးမောက်သီးတွေကို တစ်လက်မရဲ့လေးပုံ တစ်ပုံလောက် အထူ ခန့်မှန်းချေဆိုရင် ပုံမှန် ဗလာစာအုပ် တစ်အုပ်အထူလောက် အပြားလေးတွေ ဖြတ်ပေးရမှာဖြစ်ပါတယ်။
၃။ သူကတော့ ရေထုတ်စက်မှာ တင်ထားပါလို့ပြောပါတယ်။ Dehydrator trays မှာ ၁၁၂ ကနေ ၁၁၅ ဒီဂရီဖာရင်ဟိုက်လောက်ထားပါတဲ့။ ၄၄-၄၆ ဒီဂရီ စင်တီဂရိတ်ပေါ့။ ၁၂ နာရီလောက် ထားလိုက်ရင် နဂါးမောက်သီး ချပ်ပြားလေးတွေကို ရနိုင်မှာဖြစ်ပါတယ်။ Dehydrator ဆိုတာက သီးနှံတွေထဲမှာ ရှိနေတဲ့ ရေငွေ့တွေကို ထုတ်ပေးနိုင်တဲ့ စက်တစ်မျိုးဖြစ်ပါတယ်၊ အပူပေးပြီး လေနဲ့မှုတ်ပေးနိုင်အောင် လုပ်ထားတဲ့ စက်တစ်မျိုးပါပဲ။ ရိုးရာနည်းအတိုင်းဆိုရင်တော့ နေလှမ်းတာနဲ့ ဆင်တူပါတယ်။
၄။ အကြာကြီးထား စားချင်တယ်ဆိုရင် လေလုံတဲ့ ဘူးထဲထည့်ပြီး ထုံးစံအတိုင်း ခြောက်သွေ့ အေးမြသော နေရာတွင် ထားပါပေါ့။
၅။ နည်းနည်းအရသာ လေးချင်ရင် ဆားထည့်ဖြူးပေးလို့လည်း ရပါတယ်။

နဂါးမောက်သီးကိုတော့ ကျန်းမာရေးအတွက်ပဲ ဖြစ်ဖြစ် ကြိုက်လို့ပဲဖြစ်ဖြစ် လူတိုင်းနီးပါး စားဖြစ်ကြမှာပါ။ ခုကတော့ နဂါးမောက်သီးကို ယို လေးလုပ်တဲ့နည်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ရိုးရိုးနဂါးမောက်သီး သီးသန့် ယိုလုပ်နည်း
ပါဝင်ပစ္စည်းများ
နဂါးမောက်သီး (၁) လုံး
လီမွန်သီး အရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ကြက်ဥ (၂) လုံး
ထောပတ် လက်ဖက်ရည်ဇွန်း (၁) ဇွန်း
သကြား ရေနွေးပန်းကန်လုံးတစ်လုံး
နဂါးမောက်သီး (၁) လုံး
လီမွန်သီး အရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ကြက်ဥ (၂) လုံး
ထောပတ် လက်ဖက်ရည်ဇွန်း (၁) ဇွန်း
သကြား ရေနွေးပန်းကန်လုံးတစ်လုံး
ပြုလုပ်ပုံအဆင့်ဆင့်
၁။ နဂါးမောက်သီးတွေ အခွံခွာ၊ ပါဝင်ပစ္စည်းတွေ စုဆောင်းတာက အချက် နံပါတ် (၁) ပေါ့
၁။ နဂါးမောက်သီးတွေ အခွံခွာ၊ ပါဝင်ပစ္စည်းတွေ စုဆောင်းတာက အချက် နံပါတ် (၁) ပေါ့
၂။ အကုန်လုံးစုဆောင်းပြီးတော့ ခွက်တစ်လုံးတည်းမှာ ကြက်ဥလည်း ဖောက်ထည့် ပါဝင်ပစ္စည်းတွေကို အားလုံး တူတူရောတဲ့ အဆင့်ပါ။
၃။ သူတို့ကတော့ double boiler လို့ခေါ်ပါတယ်။ အမှန်တော့ အောက်ခံအိုးထဲကို ရေထည့်ပြီး အပေါ်ကနေ ဖန်ပန်းကန်လို ဖန်ခွက်လို တင်ပြီး ပြန်ချက်တဲ့ပုံစံပါပဲ။ ပုံမှာ ပြထားတဲ့အတိုင်း စွပ်လိုက်ရင်ရပါတယ်၊ သတိထားရမှာက အောက်ခံအိုးထဲမှာ ရေနည်းနည်းထည့်ထားရမှာပါနော်။ အဲ့အိုးထဲကို အကုန်ထည့်ပြီးတော့ မီးအေးအေးနဲ့ ပျစ်လာတဲ့အထိ ကြိုပေးရမှာပါ။ နာရီဝက်လောက်ကြာမှာပါ၊
၄။ ချိုတာကြိုက်ရင် ကြိုနေတဲ့ချိန်မှာမြည်းပြီး သကြားထပ်ထည့်နိုင်ပါတယ်။ ပျစ်နှစ်လာပြီဆိုရင်တော့ အိုးချပြီး သုံးဆောင်နိုင်ပြီ ဖြစ်ပါသည်။
နဂါးမောက်လီမွန် ယိုလုပ်နည်း
ပါဝင်ပစ္စည်းများ
အခွံခွာပြီး နဂါးမောက်သီး (၁)ကီလိုဂရမ်
သကြား (၄၀၀) ဂရမ်
လီမြန္သီး တစ္လုံး (အရည္)
ကြိုက်တတ်ရင် လီမွန်သီးက အဖတ်ကလေးတွေပါ ထည့်လို့ရပါတယ်
ရေအေး အနည်းငယ် တို့ပဲ ဖြစ်ပါတယ်။
အခွံခွာပြီး နဂါးမောက်သီး (၁)ကီလိုဂရမ်
သကြား (၄၀၀) ဂရမ်
လီမြန္သီး တစ္လုံး (အရည္)
ကြိုက်တတ်ရင် လီမွန်သီးက အဖတ်ကလေးတွေပါ ထည့်လို့ရပါတယ်
ရေအေး အနည်းငယ် တို့ပဲ ဖြစ်ပါတယ်။
ပြုလုပ်ပုံအဆင့်ဆင့်
၁။ ပါဝင်ပစ္စည်းတွေကို အကုန်ထည့်ပြီးတော့မှ ကျေညှက်နေအောင်ချေထားပါ၊ သကြားကိုတော့ တစ်ဝက်လောက်ပဲထည့်ပါ။
၁။ ပါဝင်ပစ္စည်းတွေကို အကုန်ထည့်ပြီးတော့မှ ကျေညှက်နေအောင်ချေထားပါ၊ သကြားကိုတော့ တစ်ဝက်လောက်ပဲထည့်ပါ။
၂။ ခုဏကလိုပဲ Double boiler မီးအေးအေးနဲ့ ကြိုပေးပါ။
၃။ အပူချိန် တက်လာအောင် သကြားထည့်လိုက် မွှေလိုက်လုပ်ပြီးတော့ အစေးကျလာရင် ချပြီးတော့ သုံးဆောင်လို့ရပါပြီ။
Htunn Winn Kyaw
Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more
Greenovator