အရိုးပွရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ပေးနိုင်တဲ့ အစားအစာများ

18/08/2020 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

     ရောဂါတစ်ခုမဖြစ်အောင် အစားအသောက်နဲ့ အပြည့်အဝမဟုတ်တောင် တစ်ဖက်တစ်လမ်းကနေ ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့်လည်း လူကြီးလူငယ်မရွေး အခန့်မသင့်ရင် ဖြစ်တတ်တဲ့ အရိုးပွရောဂါကို မဖြစ်အောင် ကြိုတင်ကာကွယ်ပေးနိုင်တဲ့ အစားအစာတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီအစားအစာတွေကိုစားလို့ အရိုးပွရောဂါလုံးဝမဖြစ်ဘူးဆိုတာမျိုး မဟုတ်ပေမယ့် ဖြစ်ပွားမှုနှုန်းကိုတော့ လျှော့ချပေးနိုင်ပါတယ်။ အရိုးပွရောဂါဖြစ်နေပြီဆိုလည်း ဒီအစားအစာတွေကို များများစားပေးခြင်းဖြင့် ကူညီပေးနိုင်ပါတယ်။

     အဓိကကတော့ အရိုးအားကောင်းဖို့၊ ကျန်းမာဖို့ ကယ်လ်ဆီယမ်ဓာတ်နဲ့ ဗီတာမင်ဒီဓာတ်က အရေးအကြီးဆုံးပါပဲ။ ဒါ့အပြင် ဗီတာမင်စီ၊ မက်ဂနီဆီယမ်ဓာတ်နဲ့ ပိုတက်ဆီယမ်ဓာတ်လည်း လိုပါတယ်။

အစိမ်းရင့်ရောင်အသီးအရွက်

     အစိမ်းရင့်ရော် အသီးအရွက်တွေထဲမှာမှ ကိုက်လန်၊ ဂေါ်ဖီထုပ်၊ မုန်ညင်းစိမ်းလေးတွေ၊ မုန်လာရွက် စတာတွေမှာက ကယ်လ်ဆီယမ်ဓာတ်တွေ ပေါများစွာပါဝင်ပါတယ်။

အာလူး

     အာလူးမှာက အရိုးအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ်နဲ့ ဗီတာမင်ဒီဓာတ်တွေအပြင် မက်ဂနီဆီယမ်ဓာတ်နဲ့ ပိုတက်ဆီယမ်ဓာတ်လည်း ပါဝင်ပါတယ်။

ရှောက်အမျိုးမျိုး

     ရှောက်အမျိုးမျိုးမှာက ဗီတာမင်စီဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။

ငါး

     ငါးမှာလည်း ကယ်လ်ဆီယမ်ဓာတ်နဲ့ ဗီတာမင်ဒီဓာတ်တွေ ပါဝင်ပါတယ်။ ဆောလမွန်ငါးမှာကတော့ အဲ့ဓာတ်တွေအပြင် ပိုတက်ဆီယမ်ဓာတ်လည်း ကြွယ်ဝစွာပါဝင်ပါတယ်။

Almonds

     Almonds မှာကတော့ ကယ်လ်ဆီယမ်ဓာတ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေ အဓိကပါဝင်ပါတယ်။

အားဖြည့်အစားအစာတွေ

     အားဖြည့်အစားအစာတွေဖြစ်တဲ့ ကောက်ပဲသီးနှံနဲ့လုပ်ထားတဲ့ အစားအစာတွေ၊ ပေါင်မုန့်၊ လိမ္မော်ဖျော်ရည်၊ နွားနို့နဲ့လုပ်ထားတဲ့အစားအစာတွေမှာက ကယ်လ်ဆီယမ်ဓာတ်နဲ့ ဗီတာမင်ဒီဓာတ်တွေ များစွာ ပါဝင်ပါတယ်။

MyFood Myanmar Website မှ ပြန်လည်ကူးယူဖော်ပြပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်