အတိုး အတိုး အတိုး
စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို စီးပွားရေးတစ်ခုအဖြစ်လုပ်မယ်ဆိုရင် အကြွေးဆိုတဲ့ ကိစ္စကတော့ ကင်းတဲ့ သူ ရှိလားဟေ့၊ အမှန်တော့ စိတ်ရင်းနဲ့ အကြွေးမရှိပဲ ကင်းစေချင်ပါတယ်။ ကင်းနိုင်ကြပါစေ။
စာဖတ်တဲ့သူတွေထဲ မှာ လုပ်ငန်းရှင်တွေလည်းပါမှာပါ၊ အဲ့တော့ "ငါ့မှာ ပိုက်ဆံရှိတယ် ထုတ်ချေးပေးမယ်" လို့တွေးနေရင်လည်း ဖတ်သင့်ပါတယ်နော်၊ အတိုးအကြောင်းကို ပြောပြမှာမို့ပါ။ ပိုက်ဆံချေးမှတော့ အတိုးမပေးရတာ မရှိပါဘူး၊ အနည်းဆုံးတော့ မုန့်ဝယ်ကျွေးရတာပေါ့၊
အတိုး ဆိုတာ ဘာလဲ
ကိုယ်ယူလိုက်တဲ့ ချေးငွေအပေါ်မှာ ထပ်ဆောင်းပေးရတဲ့ ငှားရမ်းခပါပဲ၊ သတ်မှတ်ထားတဲ့ နှုန်းတစ်ခုနဲ့ တွက်ချက်ပြီးပေးရပါတယ်။ ရပ်ကွက်ထဲမှာ ၅ ကျပ်တိုး၊ ၁၀ တိုး တို့ ဆိုတာ အတိုးနှုန်းပါပဲ၊
အတိုး ဘယ်နှစ်မျိုးလောက် ရှိသလဲ
ဆိုတော့ကာ ကြားနေကျ ၅ ကျပ်တိုး ၁၀ တိုး ၁၅ ကျပ်တိုး ၂၀ တိုး မတ်တိုး မောင်တိုး အဲလေ ဟုတ်ပါဘူး။ အဲ့လို အတိုးတွေ ကိုပြောတာမဟုတ်ပဲနဲ့ တစ်ချို့လုပ်ငန်းကြီးတွေနဲ့ ချေးငွေပေးတဲ့ အဖွဲ့အစည်းတွေ သုံးနေကြတဲ့ သုံးတတ်ကြတဲ့ အတိုးနှုန်းတွေ ဘယ်လိုရှိတယ်ဆိုတာကို ဆိုလိုတာပါ။
မှတ်စရာ - ရာခိုင်နှုန်းလို့ ပြောရင် အပုံ (၁၀၀) ပုံရပါတယ်နော်။ အဲ့ကနေမှ (၅) ရာခိုင်နှုန်းဆို (၁၀၀) ပုံ ထဲက (၅)ပုံစာတန်ဖိုး ဖြစ်ပါတယ်။ အလွယ်တွက်ရင် တွက်ချင်တဲ့ ကိန်းကို (၁၀၀) နဲ့စားပြီး သူပြောတဲ့ ရာခိုင်နှုန်းနဲ မြှောက်လိုက်ပါ။ (၂၀၀၀၀) ရဲ့ (၄၀) ရာခိုင်နှုန်းဆို (၂၀၀၀၀) ကို (၁၀၀) နဲ့ စားပြီး (၄၀) နဲ့ မြှောက်တာပါ။ အဖြေက (၈၀၀၀) ရပါတယ်နော်။
(၁) အတိုးသေ - Fixed Interest
ဆိုတာကတော့ ချေးလိုက်တယ် ထားပါတော့ (၁၀၀၀၀) ဆိုရင် သူ့အတိုးက (၅) ရာခိုင်နှုန်းတိုး နဲ့ ချေးတယ် ဆိုတော့ အတိုးက (၅၀၀) ကျမယ်။ အဲ့တော့ သူဆပ်ရမှာ (၁၀၅၀၀) ဖြစ်မယ်။ အဲ့ဒါက အလွယ်ဆုံးနည်းပါပဲ။ ဘယ်လောက်ချေးချေး ဘယ်ချိန်ထိချေးချေး အချိန်နဲ့ လိုက်တွက်လိုက်ရုံဖြစ်ပါတယ်။
(၂) အတိုးရှင် - Variable Interest
ပြောင်းလဲနိုင်တဲ့ အတိုးနှုန်းဖြစ်ပါတယ်။ များသောအားဖြင့် ဘဏ်တွေ သုံးလေ့ရှိပါတယ်။
(၃) နှစ်အလိုက် တိုးတဲ့ ရာခိုင်နှုန်း Annual Percentage Rate (APR)
ဒါကလည်း ငွေချေးလုပ်ငန်းတွေမှာဆိုရင် အများဆုံးသုံးပါတယ်။ သူတို့မှာ နှစ်အလိုက်ပဲ ချေးပေးပါတယ်။ အဲ့တော့ ပေးရရင်လည်းတစ်နှစ်လုံးစာအတွက် အတိုးပေးနေတာပါ။ ဘဏ်မှာငွေစုတဲ့သူတွေဆိုရင်လည်း သူတို့က အဲ့အတိုင်း နှစ်အလိုက် တွက်ပြီးတော့ အတိုးပေးပါတယ်။
(၄) ထုတ်ပြန် အတိုးနှုန်း - Prime Rate
ကိုဗစ် ကြီးကြောင့် ဘဏ်တွေက အတိုးနှုန်းလျော့ပေးပါတယ် ဆိုတာက နိုင်ငံတော်ကနေပြီးတော့ သတ်မှတ်ထုတ်ပြန်ပေးလိုက်လို့ သက်ရောက်လာတဲ့ အကျိုးဖြစ်ပါတယ်။ အဲ့လို နိုင်ငံကနေ အသိအမှတ်ပြုထားတဲ့ ဘဏ်တွေက လုပ်ငန်းလုပ်ကိုင်တဲ့အခါမျိုးမှာ နိုင်ငံက ချထားတဲ့ အတိုးနှုန်းအတွင်းမှာပဲ ကစားကြရတာပါ။ အဲ့တော့ ဒီအတိုးကတော့ အနည်းဆုံးဖြစ်ပါလိမ့်မယ်။
(၅) လျော့ချ အတိုးနှုန်း - The Discount Rate
ဒါက မြန်မာနိုင်ငံမှာတော့ မရှိသေးဘူးထင်ပါတယ်။ USကတော့ သုံးနေကြပြီ။ အတိုးကို လျော့ပေးတာ တစ်နေ့တည်းဖြစ်ချင်ဖြစ်မယ်။ တစ်ညပဲဖြစ်ချင်ဖြစ်မယ်။ အဲ့အချိန်မှာ ချေးလိုက်ရင်တော့ အတိုးက သူများထက် သက်သာမှာ အမှန်ပါပဲ။ ဒီလို အတိုးမျိုးလည်း နောက်ပိုင်းကျ လာချင်လာမှာပေါ့လေ၊
(၆) ရိုးရိုးအတိုး - The Simple Interest
သူက ချေးချင်သလိုချေး အတိုးတက်မယ်။ နှစ်ချုပ် လချုပ်တွေမဟုတ်ပဲနဲ့ အတိုးသတ်နေရင် ရတဲ့ ရပ်ကွက်ထဲက လိုပါပဲ။ တစ်လကိုဘယ်လောက်ဆိုပြီး တိုးတဲ့ အတိုးပါ။ ဒီအတိုးက များပါတယ်၊
(၇) စုပေါင်း အတိုး - Compound Interest
မြင်တာနဲ့တင် ကြောက်ဖို့ ကောင်းနေပြီမဟုတ်လား၊ အတိုးပေါ် အတိုးဆင့်တာလည်း ရှိသလို၊ အတိုးနဲ့ အရင်း ပြန်ခွဲသွင်းရင်းနဲ့ ကျန်တဲ့ငွေပေါ်မှာပဲ အတိုးတွက်ပေးတာမျိုးလည်း ရှိပါတယ်။ ဆိုတော့ ကောင်းတဲ့ စုပေါင်းနဲ့ မကောင်းတဲ့ စုပေါင်းပေါ့လေ။ သေချာတော့ ရွေးရမယ်လေနော်။
ကဲကဲ အတိုးတွေအကြောင်းစုံပြီ၊ နောက်တစ်ခါကျ ဘာတွေ လာအုန်းမလဲဆိုတာကိုစောင့်ပေးကြပါဦး
ကြွေးမှီကင်းရှင်း ထွန်းလင်းနိုင်ကြပါစေ...
ထွန်းဝင်းကျော်
https://www.thestreet.com/personal-finance/education/different-types-of-interest-14833335
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
Tawpyaw
လွန်ခဲ့သော ၆ နှစ် ကhappy
ဆက်စပ်ဆောင်းပါးများ
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း - ၅]
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၄]
ဗီဒီယို
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၃]
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်
wai wai oo • ဖြေကြားချက် 2 ခု
မြေပဲအပင်လေတွေမှာ အလိုတွေတွေနေရလို ဘာရောဂါဖြစ်တာလည်ခင်များပြောပြပေပါအုံခင်များ
မင်းမင်း • ဖြေကြားချက် 2 ခု
နွား၀အောင် ဘယ်လို ကျွေးမွေးရပါသလည်းခင်ဗျ
နံပတ်2 • ဖြေကြားချက် 1 ခု
ငရုတ်ပင်မှာ ခါးရိတဲ့ရောဂါအတွက် ဘာဆေးဖျန်းရမလဲ နှင့် ငရုတ်ပင် အမြစ်တွေ ခြောက်ပြီး သေတဲ့ ရောဂါအတွက် ဘာဆေးဖျန်းရမလဲ ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ဂေါ်ဖီထုပ်ပျိုးပင်တွေအခုလိုအဝိုင်းလိုက်သေနေလို့ဘယ်လိုလုပ်ရမလဲသိတဲ့သူများရှိရင်ပြောပြပေးကြပါဗျအပင်သက်တန်းကရက်ပေါင်း20လောက်ရှိသေးတယ်ပိုးသတ်ဆေးရော့မြေသြဇာရော့မကျွေးထားဘူးဗျ
kyaw kyaw • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026