အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဂျပန်နိုင်ငံတွင် အစစအရာရာ ဈေးတက်လိုက်ပြီး သက်ပြည့်ပင်စင်အသက်ကိုလည်း ၅ နှစ်တိုး

ဂျပန်နိုင်ငံတွင် အစစအရာရာ ဈေးတက်လိုက်ပြီး သက်ပြည့်ပင်စင်အသက်ကိုလည်း ၅ နှစ်တိုး

Nan Su San
Nan Su San • 01/04/2022

ဒီ ဧပြီ ၁ ရက်နေ့ ကစပြီး ဂျပန်နိုင်ငံမှာ ကုန်ပစ္စည်းစျေးနှုန်းတွေအပါအဝင် အစစအရာရာ ဈေးတက်လိုက်သလို သက်ပြည့်ပင်စင်အသက်ကို ၇၅ နှစ်အထိ တိုးလိုက်တာ၊ လူကြီးဖြစ်မှုအသက်ကို လျှော့ချလိုက်တာ၊ ကလေးမွေးတဲ့ချိန်အမျိုးသားတွေရတဲ့ ခွင့်ရက်ကို သက်တမ်းတိုးလိုက်တာ စတဲ့ ပြည်သူ့ဥပဒေအချို့ကို ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။

ပြောင်းလဲသတ်မှတ်လိုက်သော ကုန်စျေးနှုန်းများ

မြင့်မားလာတဲ့ ကုန်ကြမ်းထုတ်လုပ်မှုကုန်ကျစရိတ်ရဲ့ ရိုက်ခတ်မှုဒဏ်ကို ကမ္ဘာတစ်ဝန်းရှိ ကုန်ပစ္စည်းထုတ်လုပ်သော ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ ခံရသလို ဂျပန်နိုင်ငံ ကုမ္ပဏီတွေမှာလည်း သွင်းကုန်ပစ္စည်း တန်ဖိုးမြင့်မားလာမှုကြောင့် အကျပ်ရိုက်စေခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲကြောင့် ပေါင်မုန့်နဲ့ ခေါက်ဆွဲစျေးတွေ မြင့်တက်နေပြီး ဂျုံနဲ့လုပ်ထားတဲ့ ကုန်ပစ္စည်းတွေ ဈေးတွေ ဆက်လက်မြင့်တက်ဦးမယ်လို့ ခန့်မှန်းနေကြပါတယ်။ ဂျပန်နိုင်ငံမှာလည်း ဧပြီ ၁ ရက်နေ့ကစပြီး ဂျုံဈေးနှုန်းကို ၁၇ ရာခိုင်နှုန်းထိ တိုးမြှင့်ရောင်းချသွားမှာဖြစ်ပါတယ်။

ဆီ (ချက်ပြုတ်ရာတွင် သုံးသောဆီ)စျေးနှုန်းဟာ ၁ ကီလိုဂရမ်ကို ဂျပန်ငွေ ယန်း ၄၀ (33 cents in USD) စျေးတက်သွားပြီး Tomato ketchup (ခရမ်းချဥ်သီးဆော့အနှစ်) စျေးနှုန်းကတော့ ၉ ရာခိုင်နှုန်း စျေးမြှင့်သွားမှာဖြစ်ပါတယ်။ အိမ်သုံးတစ်ရှူးတွေ၊ ဒိုင်ဗာတွေရဲ့ စျေးနှုန်းတွေလည်း ၁၀ ရာခိုင်နှုန်းခန့် မြင့်တက်သွားတဲ့အပြင် မုန့်ပဲသွားရည်စာတွေ စျေးနှုန်းတွေလည်း အားလုံးနီးပါး ဈေးတက်သွားပါတယ်။

ဖျော်ရည်ယမကာကုမ္ပဏီတခုဖြစ်တဲ့ Suntory Spirits ကုမ္ပဏီဟာလည်း လူကြိုက်များတဲ့ ဝီစကီတမျိုးဖြစ်တဲ့ Yamazaki 12 Years ရဲ့ စျေးနှုန်းကို ၁၈ ရာခိုင်နှုန်းထိ စျေးမြှင့်သွားမှာ ဖြစ်ပါတယ်။ ၇၀၀ မီလီလီတာရှိတဲ့ ဝီစကီ တပုလင်းဟာ အရင်က ယန်း ၈၅၀၀ ဆိုရင်  ဧပြီ ၁ ရက်နေ့ကစပြီး ယန်းတသောင်းထိဖြစ်သွားမှာပါ။

ဂျပန်နိုင်ငံရဲ့ အကြီးဆုံး လျှပ်စစ်ဓါတ်အားပေး ကုမ္ပဏီကြီး ၁၀ ခုအနက် ၇ ခုဟာ ဧပြီ ၁ ရက်နေ့မှစပြီး မီတာခတွေကို ၀.၇ မှ ၁.၆ ရာခိုင်နှုန်းထိ တိုးမြှင့်ကောက်ခံသွားမှာဖြစ်ပါတယ်၊၊  လမ်းတံတားဖြတ်ကူးခကိုလည်း ပုံမှန်ကားတစင်း ယန်း ၁၃၂၀ (ယခင်) မှ ယန်း ၁၉၅၀ (ယခု) ထိ တိုးမြှင့်ကောက်ခံသွားမှာပါလို့ The Tokyo Metropolitan Expressway ဆိုပါတယ်၊၊

ပြောင်းလဲသတ်မှတ်လိုက်သော ဥပဒေများ

ဂျပန်မှာဆို အရင်က အသက်၂၀ ရောက်မှ လူကြီးဖြစ်ပြီလို့ တရားဝင်သတ်မှတ်ပါတယ်။ ဒီဥပဒေဟာ နှစ်ပေါင်း ၁၄၀ တိုင်အောင် ကျင့်သုံးခဲ့တာဖြစ်ပြီး ဒီနှစ် ဧပရယ် ၁ ရက်နေ့မှစပြီး Age of adulthood ကို ၁၈နှစ်သို့ ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ 

အရင်က အသက်၂၀ ပြည့်မှ လက်ကိုင်ဖုန်းဝယ်ယူရန် စာချုပ်ချုပ်ဆိုခြင်း၊ တိုက်ခန်းငှားရမ်းခြင်း၊ တရားဝင် ငွေချေးငှားခြင်း၊ Credit card ပြုလုပ်ခြင်း စတာတွေကို မိသားစုရဲ့ အကူအညီမပါပဲ လုပ်ဆောင်လို့ ရခဲ့ပေမယ့်  အခုဆိုရင်တော့ အသက်၁၈ နှစ်ကစပြီး လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်၊ တာဝန်ယူခွင့် ရမှာဖြစ်ပါတယ်။

“ကလေးပြုစုစောင့်ရှောက်ရေးခွင့် ဥပဒေ” မှာလည်း အမျိုးသားတွေ Paternity leave (မွေးစကလေးကို အကြောင်းပြုပြီး ဖခင်ဖြစ်သူ ရရှိသော ခွင့်ရက်)  ပိုပြီးယူနိုင်ဖို့ စည်းမျဥ်းအချို့ ပြောင်းလဲ သတ်မှတ်ပြဌာန်းလိုက်ပါတယ်။ ဒီလို ပြောင်းလဲလိုက်တဲ့ ဥပဒေဟာ ဖခင်တွေ ကလေးနဲ့ အတူ အိမ်မှာ ပိုနေနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒီဥပဒေကိုလည်း အခု ဧပြီ ၁ ရက်နေ့မှာ စတာ ဖြစ်ပါတယ်။ ဝန်ထမ်း/အလုပ်သမားကနေပြီး ကုမ္ပဏီကို  ကိုယ်ဝန်ဆောင်တာ၊ မီးဖွားတာ စတဲ့ သတင်းပေးပြီဆိုတာနဲ့ ကုမ္ပဏီတွေကလည်း  မိခင်ဖြစ်ဖြစ်၊ ဖခင်ဖြစ်ဖြစ်  ကလေးစောင့်ရှောက်ဖို့အတွက် ခွင့်ပေးဖို့ တာဝန်ရှိပါတယ်။  

ကလေးစောင့်ရှောက်ဖို့အတွက် ခွင့်ရက်ပေးဖို့  ပျက်ကွက်တဲ့ ကုမ္ပဏီတွေဟာ အလုပ်သမားဥပဒေကို  ချိုးဖောက်ရာရောက်မှာဖြစ်ပါတယ် ၊၊ အမျိုးသားဝန်ထမ်းများ ကလေးစောင့်ရှောက်ဖို့အတွက် ခွင့်ရက် ဘယ်လောက်ယူတယ်ဆိုတာကို ကုမ္ပဏီ သက်ဆိုင်ရာကို တင်ပြဖို့ လိုပါတယ်။ ဒါပေမယ့် ဒီဥပဒေဟာ ဝန်ထမ်း/အလုပ်သမား တထောင်ကျော်ရှိသော ကုမ္ပဏီများနှင့်သာ သက်ဆိုင်ပါတယ်.

သက်ပြည့်အငြိမ်းစားပင်စင်ကိုလည်း အရင်က အသက် ၇၀ မှာ သတ်မှတ်ခဲ့ပေမယ့် ဒီ ဧပြီ ၁ ရက်ကစပြီး ၇၅ နှစ်ထိ ရွှေ့ဆိုင်းခဲ့ပါတယ်။ အသက် ၇၅ နှစ်ရောက်မှ သက်ပြည့်အငြိမ်းစား ပင်စင်ယူတဲ့သူတွေဟာ အကျိုးအမြတ် ပိုမိုခံစားရမယ်လို့လည်း ဆိုပါတယ်။

ဧပြီ ၁ ရက်နေ့ဟာ ဂျပန်နိုင်ငံ အစိုးရအဖွဲ့အစည်းတွေ၊ ကျောင်းတွေ၊ ပုဂ္ဂလိက ကုမ္ပဏီတွေ အားလုံးအတွက် ဘဏ္ဍာရေးနှစ်သစ်ရဲ့  ပထမရက်ဖြစ်ပါတယ်။ အဲဒါကြောင့် ငွေရေးကြေးရေးနဲ့ဆိုင်တဲ့ ဥပဒေစနစ်တွေ၊ မူကြမ်းတွေကို  ဧပြီ ၁ ရက်နေ့မှာ စတင်ပြောင်းလဲလေ့ရှိပါတယ်။ 

နန်းစုစံ (စိုက်ပျိုးရေး)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

1
သန့်ဇင်ဝင်း

သန့်ဇင်ဝင်း

လွန်ခဲ့သော ၄ နှစ် က

သူများနိုင်ငံတွေများ ချိန်ခွင်ကိုင်ပြီးအုပ်ချုပ်တယ်နော် ဒို့နိုင်ငံက ဘာကိုင်ပြီးအုပ်ချုပ်တာပါလိမ့်

You

ဆက်စပ်မေးခွန်းများ

အိမ်မွေးကြက်ပါအစာမစားတစ်ကောင်ထဲကွဲထွက်နေပိးကုပ်နေလို့ဘာဆေးဝါးနဲ့ဘယ်လိုကုရမလဲ‌ဖြေပေးပါအုံးရှင့်

ပွင့်ဖြူသန့် • ဖြေကြားချက် 1 ခု

မြေပဲ ရက်၂၀ ရှိပါပီ နွားသေး တခါဖြန်းဖူးပါတယ် ရောဂါဖြစ်နေတာလား မိုးများလို့ စမ်းကိုင်နေတာလား ဆရာကြီး

နံပတ်2 • ဖြေကြားချက် 0 ခု

အရွက်တေဒီလို အရောင်ဖြစ်တာ ဘာကြောင့်လဲဗျ အရွက်တေကုတ်သလိုလဲ ဖြစ်တယ်

Htet Lin • ဖြေကြားချက် 0 ခု

ပူပြင်းခြောက်သွေ့သောနွေရာသီတွင် ဝက်များကိုမည်ကဲ့သို့မွေးမြူသင့်လဲ ထိန်းသိမ်းစောက်ရှောက်သင့်လဲ

Ko Zar • ဖြေကြားချက် 1 ခု

ပူပြင်းခြောက်သွေ့သောရာသီဥတုတွင် ဆိတ်များကိုဘယ်လိုမွေးမြူသင့်လဲ

Naing Thu Aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။