လိပ်ခုံးကျိုင်းက မွှားပင့်ကူနီကို နှိမ်နင်းပေးနိုင်သလား...
သီးနှံစိုက်ခင်းကြီးတွေမှာ အပင်စိုက်ပျိုးတာပဲ ဖြစ်ဖြစ်၊ နေအိမ်ခြံဝန်းအတွင်းမှာ တနိုင်တပိုင် အပင်စိုက်ပျိုးတာပဲ ဖြစ်ဖြစ် အပင်စိုက်ပျိုးတဲ့သူတွေအတွက် အဖျက်ပိုးမွှား ကင်းစင်ရေးဆိုတဲ့အချက်ဟာ ဦးစားပေးတဲ့အရာ တစ်ခုဖြစ်ပါတယ်။ စိုက်ပျိုးရေးလုပ်ပြီဆိုကတည်းက အဖျက်ပိုးမွှားကျရောက်မှုကို အနည်းနဲ့အများတော့ ကြုံတွေ့ကြရမှာပါ။
အဖျက်ပိုးတွေကို ကာကွယ်နှိမ်နင်းရာမှာတော့ နည်းလမ်းတွေ စနစ်တွေများစွာရှိပါတယ်။ သဘာဝနည်းလမ်းတွေရယ်၊ ဓာတုဆေးအသုံးပြုတာနဲ့ သက်ရှိအချင်းချင်း နှိမ်နင်းနိုင်တာမျိုးတွေလည်းရှိပါတယ်။ တချို့နည်းလမ်းတွေက အဖျက်ပိုးတော်တော်များများ ကာကွယ်နှိမ်နင်းနိုင်သလို တချို့ကျတော့ သတ်မှတ်ထားတဲ့ အဖျက်ပိုးအမျိုးအစားကိုပဲ ကာကွယ်နှိမ်နင်းပေးတာမျိုးလည်း ရှိပါတယ်။

ဥပမာအနေနဲ့ လိပ်ခုံးကျိုင်း (Ladybugs) ဆိုရင် အဖျက်ပိုးတွေကို စားသောက်ပေးတဲ့အတွက် လူတွေရဲ့ အချိန်နဲ့ အားစိုက်ထုတ်ရမှုတွေကို သက်သာစေနိုင်ပါတယ်။ သို့သော်လည်း သဘာဝအရ အင်းဆက်အချင်းချင်းနှိမ်နင်းရာမှာ ဘယ်ပိုးမွှားတွေက ဘယ်အရာတွေကို စားသောက်လဲဆိုတာကို သိဖို့ကတော့ အနည်းငယ်အခက်အခဲ ရှိနိုင်ပါတယ်။ ယခုဆောင်းပါးမှာတော့ လိပ်ခုံးကျိုင်းတွေက မွှားပင့်ကူနီတွေကို စားသောက်နှိမ်နင်းပေးနိုင်လားဆိုတာကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
မွှားပင့်ကူနီဆို (Spider mite) တာ ဘာလဲ?
မွှားပင့်ကူနီဆိုတာ သေးငယ်တဲ့အဖျက်ပိုးတစ်မျိုးဖြစ်ပြီး အပင်တွေကို ထိခိုက်ပျက်စီးစေနိုင်တာဖြစ်ပါတယ်။ ဒီပိုးဟာ အပင်စိုက်ပျိုးတဲ့သူအတော်များများ သိရှိပြီးသား အဖျက်ပိုးတစ်မျိုးလည်း ဖြစ်ပါတယ်။
မွှားပင့်ကူနီဆိုတဲ့နာမည်အပြင် ပင့်ကူနီ၊ ရွက်စားပင့်ကူ၊ လှေးပင့်ကူ အစရှိသဖြင့်လည်း ခေါ်ဆိုကြပါသေးတယ်။ သူတို့ဟာ အုပ်စုဖွဲ့နေထိုင်ပြီး ပူပြင်းခြောက်သွေ့တဲ့ အခြေအနေကို ကြိုက်နှစ်သက်ပါတယ်။ မွှားပင့်ကူနီဟာ အပင်တော်တော်များများကို ကြိုက်နှစ်သက်ပြီး သစ်သီးပင်တွေ၊ စပျစ်နွယ်ပင်တွေ၊ ဘယ်ရီသီးချုံပုတ်ပင်တွေ၊ နှင်းဆီနဲ့ အခြားသော အလှစိုက်ပန်းပင်တွေမှာပါ ကျရောက်လေ့ရှိတာ ဖြစ်ပါတယ်။ အပင်တွေမှာ ကျရောက်တဲ့အခါ ၎င်းတို့ရဲ့ သေးငယ်တဲ့ အရွယ်အစားကြောင့် တွေ့မြင်နိုင်ဖို့ ခက်ခဲပါတယ်။ ဒါ့ကြောင့် အပင်တွေမှာ ထိခိုက်မှုရှိမရှိ ပုံမှန်စစ်ဆေးသင့်ပါတယ်။
၎င်းတို့ဟာ အရွက်ကနေတစ်ဆင့် အပင်ရည်ကို စုပ်ယူစားသောက်ကြတာဖြစ်ပြီး ရလဒ်အနေနဲ့ အရွက်တွေမှာ အဝါရောင်၊ အနီရောင်၊ အညိုရောင်အစက်အပြောက်တွေနဲ့ ခြစ်ရာတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ အရွက်ရဲ့အောက်ဘက်မှာတော့ အဖြူရောင်ချည်မျှင်နဲ့တူတဲ့ အရာတွေကိုတွေ့ရှိရမှာ ဖြစ်ပါတယ်။ ကျန်းမာတဲ့အပင်တွေမှာတော့ ဒီလိုထိခိုက်မှုက ပြဿနာမဟုတ်ပေမဲ့ အပင်ငယ်တွေနဲ့ အားနည်းတဲ့အပင်တွေမှာ ကျရောက်မယ်ဆိုရင်တော့ အစာချက်လုပ်မှုတွေကို ထိခိုက်နိုင်ပြီး အပင်တွေကို ပိုမိုအားနည်းသွားစေမှာ ဖြစ်ပါတယ်။
ပိုးကျရောက်ပြီးတဲ့နောက် ထိခိုက်ဒဏ်ရာရနေတဲ့ အရွက်တွေဟာ တဖြည်းဖြည်းနဲ့ အညိုရောင်ပြောင်းလာပြီး အရွက်ရဲ့ ဘေးအနားသတ်တွေဟာ တွန့်လိမ်ပြီး ကွေးသွားတာမျိုး တွေ့ရှိရမှာ ဖြစ်ပါတယ်။ မွှားပင့်ကူနီဟာ မျိုးပွားတာမြန်ပြီး အရေအတွက်များလာတာနဲ့အမျှ ထိန်းချုပ်ရတာ ခက်ခဲတာကြောင့် ပိုးကျရောက်မှုကို စောစောစီးစီး သိရှိနိုင်ဖို့က အရေးကြီးပါတယ်။
မွှားပင့်ကူနီကို သဘာဝနည်းနဲ့ ဘယ်လို ကာကွယ်နိုင်လဲ?
မွှားပင့်ကူနီတွေဟာ ရေနဲ့ စိုထိုင်းဆကို ကြိုက်နှစ်သက်ခြင်းမရှိတာကြောင့် ပိုးကျရောက်နေတဲ့ အပင်တွေကို ရေလောင်းပြီး ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ စိုက်ခင်းမှာမဟုတ်ဘဲ အိမ်မှာပန်းအိုးနဲ့စိုက်ထားတဲ့ အပင်တွေဆိုရင် ပိုးကျနေတဲ့အပင်ကို သပ်သပ်ခွဲထုတ်ကာ ရေကို ဖိအားများများအသုံးပြုပြီး အပင်ကို ခပ်ပြင်းပြင်း ပက်ဖျန်းပေးနိုင်ပါတယ်။ မွှားပင့်ကူနီတွေကို ထိရောက်စွာကာကွယ်နိုင်ဖို့အတွက် ဖော်ပြပါနည်းလမ်းဟာ သဘာဝနည်းတွေထဲမှာ အထိရောက်ဆုံးဖြစ်တာကြောင့် ထပ်ခါထပ်ခါ ပြုလုပ်နိုင်ပါတယ်။
နောက်တစ်မျိုးကတော့ ပိုးကျရောက်နေတဲ့ အပင်ရဲ့အစိတ်အပိုင်းတွေကို ဖြတ်တောက်ဖယ်ရှားပြီး စနစ်တကျလွှင့်ပစ်ခြင်း ဖြစ်ပါတယ်။ ဒီလိုဖယ်ရှားပေးခြင်းဖြင့် အခြားသော အပင်တွေကို ကူးစက်မှုကနေ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ခါ တမာဆီ၊ တမာပိုးသတ်ဆေးတွေကိုအသုံးပြုပြီးတော့လည်း ကာကွယ်နိုင်ပါတယ်။
လိပ်ခုံးကျိုင်းတွေက မွှားပင့်ကူနီတွေကို စားသောက်နှိမ်နင်းပေးနိုင်လား?
အဖြေကတော့ Yes ပါ။ လိပ်ခုံးကျိုင်းတွေက မွှားပင့်ကူနီတွေကို စားသောက်နှိမ်နင်းပေးနိုင်ပါတယ်။ လိပ်ခုံးကျိုင်းတွေဟာ အစားအသောက်ကြီးတဲ့ အင်းဆက်တွေဖြစ်လို့ အဖျက်ပိုးတွေကိုထိရောက်စွာ စားသောက်ဖျက်စီးနိုင်ပြီး အပင်တွေကိုထိခိုက်မှု မရှိတာကြောင့် ပိုးမွှားထိန်းချုပ်ရာမှာ သင့်တော်တဲ့အရာတစ်ခုဖြစ်ပါတယ်။ မိမိစိုက်ခင်းထဲမှာ မွှားပင့်ကူနီတွေ ကျရောက်နေမယ်ဆိုရင်တော့ လိပ်ခုံးကျိုင်းတွေလာရောက်ဖို့ အထူးတလည်ဆွဲဆောင်နေစရာ လိုမှာမဟုတ်ပါဘူး။
လိပ်ခုံးကျိုင်းတွေဟာ မွှားပင့်ကူနီအပြင်၊ ပျ၊ ဖြုတ်နဲ့ စုပ်စားပျိုးတွေကိုပါ ဖမ်းယူစားသောက်နိုင်ပါတယ်။ လိပ်ခုံးကျိုင်းတွေဟာ ၎င်းတို့စားသောက်ဖို့ အဖျက်ပိုးမွှားတွေ အလုံအလောက်မရှိတဲ့အခါမှာတော့ ပန်းဝတ်မှုန်နဲ့ ပန်းဝတ်ရည်တို့ကို စားသုံးပြီး ရှင်သန်နေထိုင်ကြပါတယ်။ ဒါ့ကြောင့် မိမိရဲ့ သီးနှံစိုက်ခင်းတွေထဲကို လိပ်ခုံးကျိုင်းအပါအဝင် အကျိုးပြုပိုးတွေ လာရောက်နိုင်ဖို့အတွက် စိုက်ခင်းဝန်းကျင်မှာ ထပ်တစ်ရာပန်း၊ စမုန်စပါး၊ နေကြာ၊ နံနံပင်၊ တရုတ်နံနံ၊ စိန်ခြယ်ပန်း စတာတွေကို စိုက်ပျိုးပေးထားသင့်ပါတယ်။
ဇင်ထူးနိုင်
ကိုးကားချက် - https://www.happysprout.com/
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
အကျိုးပြုအင်းဆက်များ
bominthu
လွန်ခဲ့သော ၃ နှစ် ကပိုးသတ်ဆေး ဖျန်း
ဦးကြယ်ပွင့်
လွန်ခဲ့သော ၃ နှစ် ကဓာဓုနည်းနဲ့ဘယ်လိုကာကွယ်နိုင်ပါသလဲခဗျ?
ဆက်စပ်မေးခွန်းများ
အပင်တေသေတယ်ပိုးကောင်နဲ့ခြတေဘယ်လိုလုပ်ရမလည်း အပင်အားကောင်းဆေးမသိ
ကိုရဲကို • ဖြေကြားချက် 1 ခု
စပါး အဖုံးလုံးနေပီ ဘာရောဂါကျနေလည်း မသိ
နံပတ်2 • ဖြေကြားချက် 1 ခု
ကျွန်တော့ စပါးခင်းမှာ ပိုးကျနေလို့ပါဗျ ဘာပိုးလဲ ဘယ်ဆေးကို သုံးရမလဲ ညွှန်ကြားပေးပါအုံးဗျ
Ye Soe • ဖြေကြားချက် 1 ခု
ပဲတောင့်ရှည်အရွက်တွေဝါပြိးအဆစ်လိုက်ပျက်ကျဘာဆေးသုံးရမလဲ
Maung Maung Htay • ဖြေကြားချက် 1 ခု
ကျွန်တော့ စပါးခင်းမှာ ပိုးကျနေလို့ပါဗျ ဘာပိုးလဲ ဘယ်ဆေးကို သုံးရမလဲ ညွှန်ကြားပေးပါအုံးဗျ
Ye Soe • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်
05/10/2026
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
More from ဇင်ထူးနိုင်
အားလုံး
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026