အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပြည်ပတင်ပို့မှုများရှိနေခြင်းကြောင့် ဆန်ကြမ်းဈေးများတက်

ပြည်ပတင်ပို့မှုများရှိနေခြင်းကြောင့် ဆန်ကြမ်းဈေးများတက်

Green Way
Green Way • 02/12/2022

ပြည်ပတင်ပို့မှုတွေရှိနေတဲ့အတွက် ရန်ကုန်ဈေးကွက်မှာ ဆန်ကြမ်းဈေးတက်နေပြီး ဆန်ချောထဲမှာတော့ ပေါ်ဆန်းဈေးကလွဲလို့ ကျန်တာတွေ ဈေးငြိမ်နေတယ်လို့ စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာတဲ့သတင်းအရ သိရပါတယ်။

နယ်ဈေးကွက်ဖြစ်တဲ့ ဧရာဝတီတိုင်းဈေးကွက်မှာတော့ စပါးဈေးက အမြင့်ဈေးနဲ့ ရှိနေပေမယ့် အခု နောက်ပိုင်းရက်တွေမှာတော့ အဝယ်လျော့နည်းလာလို့ အနည်းငယ် ဈေးပြန်ကျသွားတယ်လို့ ဧရာကုန်သွယ်မှုဗဟိုဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ရွှေဘိုပေါ်ဆန်းဆန်က တစ်အိတ်ကို ၉၀၀၀၀ကနေ ၉၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်၊ ဧည့်မထဆန်က တစ်အိတ်ကို ၄၃၅၀၀ ကနေ ၄၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅၀၀ ကျပ်၊ ရက် ၉၀ ဆန်က တစ်အိတ်ကို ၄၈၀၀၀ ကနေ ၅၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅၀၀ ကျပ်၊ ဆန်သီးထပ်က တစ်အိတ်ကို ၄၆၀၀၀ ကနေ ၄၇၀၀၀ ပေါက်ဈေး ရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ် အသီးသီး ဈေးမြင့်တက်လာတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဈေးကွက်မှာတော့ ပထမတန်းစားစပါးက တင်း ၁၀၀ ကို ၁၅ သိန်း ၅ သောင်းကနေ ၁၇ သိန်းနီးပါးထိ ပေါက်ဈေးရှိနေပြီး ဆန်ကတော့ တစ်အိတ်ကို ၅၅၀၀၀ ကနေ ၆၅၀၀၀ ကြားပေါက်ဈေး ရှိနေပါတယ်။ ဒုတိယတန်းစားစပါးကတော့ တင်း ၁၀၀ကို ၁၃ သိန်းကနေ ၁၄ သိန်း ၅ သောင်းကြား ပေါက်ဈေးရှိနေပြီး ဆန်ကတော့တစ်အိတ်ကို ၄၀၀၀၀ ကနေ ၅၀၀၀၀ ကြားအရောင်း အဝယ်ရှိနေပါ တယ်။ ပြီးခဲ့တဲ့လနဲ့ ယှဉ်ရင်တော့ တင်း ၁၀၀ ကို ၅ သောင်းကျော်လောက် ဈေးမြင့်တက်လာပါတယ်။

အချိန်အခါမဟုတ်မိုးတွေရွာတဲ့အတွက် မကြာခင်ထွက်ရှိလာမယ့် စပါးများ အရည်အသွေးပိုင်းဆိုင်ရာ အားနည်းမှုတွေ ရှိလာနိုင်မှာကို တောင်သူအများစုက စိုးရိမ်မှုများရှိနေပါတယ်လို့လည်း AMIA က ဆိုထားပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

You

ဆက်စပ်မေးခွန်းများ

ပုံပါအတိုင်းဖြစ်ပြီး သေနေလို့ပါဗျ ဆေးလဲတစ်ခါမှ မဖျန်းရသေးတော့ ဆေးဖျန်းချင်ပါတယ် ပိုးသတ်ဆေးနဲ့ မှိုဆေးလေးညွှန်းပါ အကြံပေးပါဗျ

Aung Zay • ဖြေကြားချက် 4 ခု

ဆရာတို့ခင်ဗျ ဘူး ခဝဲ ရုံးပတီတီတို့မှာဒေါင်းနီးမှိုကာကွယ်ဆေးကိုဘယ်အချိန်မှာသုံးရမှာလဲခင်ဗျ ဘယ်ဆေးကိုသုံးရမှာလဲခင်ဗျ အလင်းပြပေးပါ🙏

မောင်ကျော်ခိုင် • ဖြေကြားချက် 1 ခု

testing

Hsu Myat Noe • ဖြေကြားချက် 0 ခု

ဒီနှစ် ကြက်သွန်နီစိုက်ခင်းကို အပင်အဟာရအတွက် ဂျီဗာမရူသမ်နဲ့ ဓာတ်မြေဩဇာတွဲ လှေးပိုးအတွက် သဘာဝပိုးသတ်ဆေးများ အထူးသဖြင့် နွားသေး+မီးခိုးပေါင်းခံရည် မှိုရောဂါအတွက် ထရိုင်ကိုဒါးမားနဲ့ ထုံးကန့်ဆေးရည်(ထုံးကန့်ဆေးက ဒေါင်းနီးနဲ့ တောက်တဲ့မြှီးကို ကောင်းကောင်းနိုင်လား ဒီမှိုရောဂါကို မနိုင်မှာ စိုးလို့ပါ ဒါကို အဓိက သိပါရစေဆရာ ပြီးတော့ ထုံးကန့်ဆေးက ဆေးယဥ်ပါးမှုဖြစ်တက်ပါသလား) ပေါင်းပင်အတွက်တော့ ပေါင်းသတ်ဆေး သုံးဖြစ်မယ်ထငိပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

စပါးအပင် ပျက်ကျနေတယ် မနှစ်ကဆိုမရိတ်ရသည့်နေရာတေ အတော်များတယ်အခုလည်းစ ဖြစ်နေပါတယ်ဆရာဘာဆေးများသုံးရမလဲညွှန်းပေးပါ

ကိုသိန်းသန်းဝင်း • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။